Dr. Nandamalabhivamsa
Rector
International Theravada Buddhist
Missionary University, Yagon
ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ
နန္ဒမာလာဘိဝံသ
M.A; Ph.D
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာဂန ္ထဝါစက ပဏ္ဍိတ
သ-စ-အ ဓမ္မာစရိယ
ပါဠိ ပါရဂူ
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ
ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်
အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ်
စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်
ပါမောက္ခချုပ်
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊
တိုက်အုပ်ဆရာတော်
http://www.drnandamalabhivamsa.com.mm
**************************************************
ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း
- (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊
(၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန္တလေးတိုင်း၊
စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော်
ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
- (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ်
စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊
ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင်
မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို
စတင်သင်ကြားခဲ့သည်။
- (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက်
(၁၀)နှစ်အရွယ်တွင်
စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ
အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင်
စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက်
ရှင်သာမဏေပြုခဲ့သည်။
- (၁၃၁၄)ခုနှစ်၊(၁၉၅၃) အသက်(၁၃)နှစ်တွင်
အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။
- (၁၃၁၇)ခုနှစ်၊ (၁၉၅၆)အသက်(၁၆)နှစ်တွင်
အစိုးရဓမ္မာစရိယတန်းကို
ဂုဏ်ထူးကျမ်း(၂)ကျမ်းနှင့်အတူအောင်မြင်၍
သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။
- (၁၃၁၉)ခုနှစ်၊ (၁၉၅၇) သာသနာလင်္ကာရ
သာမဏေကျော်ဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၂၀)ခုနှစ်၊(၁၉၅၈) စစ်ကိုင်းမြို့
မဟာသုဗေရုံတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်ကာ
ပဓာန စာချ၊တိုက်ကြပ်အဖြစ်
အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။
- (၁၃၂၁)ခုနှစ်၊(၁၉၆၀)ပြည့်နှစ်တွင်
နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရာကြီးကို
ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။
နောင်တော်ရင်းဖြစ်သော ဘဒ္ဒ န္တနာရဒ ထံတွင် သဒ္ဒါ။
သင်္ဂဟဓပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ
ကျမ်းစားများသင်ယူခဲ့ပြီး၊ ဇယမေဓနီ ၊
ဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တ အဂ္ဃိယ
(ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု)
ထံဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစားများကို
သင်ယူခဲ့သည်။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ
တိုက်ရှိ နောင်တော်များဖြစ်ကြသည့် နာယက၊
တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံတွင် သကျသီဟ၊
စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကိုသင်ယူခဲ့သည်။
ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်တွင်
တိပိဋကပါဠိ+မြန်မာအဘိဓာန်ကျမ်းပြုအဖြစ်
ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တ
ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။
- (၁၃၂၄)ခုနှစ်၊ (၁၉၆၃) ရန်ကုန်စေတိယင်္ဂဏ အဘိဝံသ
ဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) သာသနာဓဇဓမ္မယစရိယ
ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) မန္တလေး သကျသီဟ
အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၃၂)ခုနှစ်၊ (၁၉၇၃)မှစတင်၍
ကျမ်းစာများရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ
နှစ်ဘာသာဖြင့် ကျမ်းစာများကို
ထုတ်ဝေခဲ့ပြီးဖြစ်သည်။
- (၁၃၃၉)ခုနှစ်၊ (၁၉၈၀) မှအစပြု၍
သာသနာရေးဆောင်ရွက်ချက်များ-ပထမအကြိမ်သံဃအဖွဲ့အစည်းအဆင့်ဆင့်အတွက်
စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်)
အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ဓမ္မယစရိယစာမေးပွဲ
အကျိုးဆောင် အဖြစ်လည်းကောင်း၊ နိုင်ငံတော်
ဗဟိုသံဃဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း ၊
ပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့
အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်း
စည်းကမ်းရေးဆွဲရေး အဖွဲ့ဝင်၊နိုင်ငံတော်သီးခြား
ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ်
၊ပထမပြန်စာမေးပွဲကျင်းပရေး အဖွဲ့(စစ်ကိုင်း)၏
ပုစ္ဆကအဖွဲ့ ဥက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။
- (၁၃၄၇)ခုနှစ်၊ (၁၉၈၆) အိန္ဒိယနိုင်ငံ၊
အာသံပြည်နယ်နှင့် အရုဏ ချယ်ပရာဒေ့ရှ်မှ ရဟန်း၊
သာမဏေ၊ ကျောင်းသားငယ်များ အားမြန်မာစာနှင့်
အဘိဓမ္မာ တို့ကိုပို့ချပေးခဲ့သည်။
- (၁၃၄၈)ခုနှစ်၊ (၁၉၈၇) သီရိလင်္ကာနိုင်ငံ၊
ဘော်ရဲလာမြို့ Y.M.B.A အသင်းတိုက်တွင် အဘိဓမ္မာကို
အင်္ဂလိပ်ဘာသာဖြင့်ပို့ချပေးခဲ့သည်။
- (၁၃၅၀)ခုနှစ်၊ (၁၉၈၉) သီရိလင်္ကာနိုင်ငံ
University of Kelaniya မှ M.A (Buddhist Studies)
ဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၅၅)ခုနှစ်၊ (၁၉၉၄)
အမေရိကန်ပြည်ထောင်စု၊မေရိလင်းပြည်နယ်၊ဘိလ်ဗားစပရင်းမြို့
၊မင်္ဂလာရာမကျောင်းတိုက်တွင်
မြန်မာဗုဒ္ဓဘာသာဝင်တို့အား
အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲသည်။
- (၁၃၅၇)ခုနှစ်၊ (၁၉၉၆) နိုင်ငံတော်မှ
အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့ကိုဆက်ကပ်ခဲ့သည်။ သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခအဖြစ် ဆောင်ရွက်ကာ
Department of Language Studies တွင် English
Diploma Class နှင့် B.A တန်းများရှိ
ဘာသာရပ်များကို လည်းကောင်း၊
အမေရိက၊ကိုရီးယား၊မက္ကဆီကို၊ဂျာမဏီ၊ပြင်သစ်
စသောနိုင်ငံများမှ ကျောင်းသား/ကျောင်းသူများအား
ပါဠိဘာသာ၊အဘိဓမ္မာ ဘာသာရပ်များကို
လည်းကောင်းသင်ကြားပို့ချပေးခဲ့သည်။
- (၁၃၅၈)ခုနှစ်၊ (၁၉၉၇)
အမေရိကန်ပြည်ထောင်စု၊ဘော်လတီမိုးမြို့၊ကေလာသဝိဟရကျောင်းရှိ
မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မ
ညသင်တန်းပို့ချပေးခဲ့သည်။
- (၁၃၆၀)ခုနှစ်၊ (၁၉၉၉)
ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒစရိယ ဧည့်ပါမောက္ခအဖြစ်
ပြည်တွင်းပြည်ပကျောင်းသားများအား
စာပေပို့ချပေးခဲ့သည်။
- (၁၃၆၁)ခုနှစ်၊ (၂၀၀၀) နိုင်ငံတော်မှ
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
- (၁၃၆၄)ခုနှစ်၊ (၂၀၀၃) အိန္ဒိယနိုင်ငံ၊
မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။
ထိုနှစ်မှစတင်၍ ဂျာမဏီ၊
နယ်သာလန်၊သြစတြီးယား၊အင်္ဂလန်၊
စင်္ကာပူ၊မလေးရှား၊ကိုးရီးယား နိုင်ငံများသို့
နှစ်စဉ်မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား
အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေလျက်ရှိသည်။
- (၁၃၆၇)ခုနှစ်၊ (၂၀၀၆)
ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏
ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
- ယခုအခါ ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
သည်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံစာသင်တိုက်
၏ပဓာနနာယကဆရာတော် တာဝန်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း
Diploma သင်တန်းများနှင့် B.A ပ၊ဒု၊တတိယ
နှစ်များတွင် စာပေပို့ချပေးတော်မူခြင်း၊
ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏
ပါမောက္ခချုပ်၊အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ
ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း
လူသားများအကျိုးအတွက်
တရားဓမ္မများဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။
**************************************************
University of Wisdom Land ပညာဘူမိတက္ကသိုလ် |
eBooks
ဓမ္မဗျူဟာ သင်တန်းသားများ ၏ အမေးကိုဖြေဆိုခြင်း
Dhamma Talk Audio
၇။ အဘိဓမ္မာနှင့် ဝိပဿနာ ဓမ္မဗျူဟာ (ပဲခူး)
၈။ အဘိဓမ္မာသင်တန်းသူ၊ သင်တန်းသား အမေးအဖြေ-၁ (ဓမ္မဗျူဟာ)
၈။ အဘိဓမ္မာသင်တန်းသူ၊ သင်တန်းသား အမေးအဖြေ-၂ (ဓမ္မဗျူဟာ)
Dhamma Talk Video
အဘိဓမ္မာသင်ယူခြင်း အကျိုး ကျေးဇူး တရားတော်
အဘိဓမ္မာနှင့် ဝိပဿနာ တရားတော် ၁၉-၂-၂၀၀၉
အဘိဓမ္မာဆိုင်ရာဗဟုသုတနှင့် အမေးအဖြေများ (ပထမနေ့) ၂၁-၂-၂၀၀၉
အဘိဓမ္မာဆိုင်ရာဗဟုသုတနှင့် အမေးအဖြေများ (ဒုတိယနေ့) ၂၂-၂-၂၀၀၉
DVD 1 (Abhidhama)
၁။ ၁၈-၈-၂၀၀၈ အဘိဓမ္မာမြတ်ဒေသနာ တရားဒေသနာ
၂။ ၁၉-၈-၂၀၀၈ သမ္ဗုတိသစ္စာနှင်.ပရမတ္တသစ္စာ
၃။ ၂၀-၈-၂၀၀၈ ရုပ်တရားများနှင်.ရုပ်၏အကြောင်းတရား
DVD 2 (Abhidhama)
၁။ ၂၅-၈-၂၀၀၈ စိတ်ကိုလေ့လာသုံးသပ်ခြင်း
၂။ ၂၆-၈-၂၀၀၈ စိတ်ကိုအမှီပြုအင်အားစုများ
၃။ ၂၇-၈-၂၀၀၈ စိတ်၏အညစ်အကြေးများ
၄။ ၂၈-၈-၂၀၀၈ စိတ်ဖြူစင်မှုအင်အားစုများ-အပိုင်း ၁
၅။ ၂၉-၈-၂၀၀၈ စိတ်ဖြူစင်မှုအင်အားစုများ-အပိုင်း ၂
DVD 3 (Abhidhama)
၁။ ၂၁-၃-၂၀၀၉ စိတ်ဖြစ်ပေါ်ပုံကိုလေ.လာခြင်း-အပိုင်း ၁
၂။ ၂၂-၃-၂၀၀၉ စိတ်ဖြစ်ပေါ်ပုံကိုလေ.လာခြင်း-အပိုင်း ၂
၃။ ၂၃-၃-၂၀၀၉ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ
၄။ ၂၄-၃-၂၀ဝ၉ စိတ်ဖြစ်စဉ်ကိုလေ.လာခြင်း-အပိုင်း ၁
၅။ ၂၅-၃-၂၀၀၉ စိတ်ဖြစ်စဉ်ကိုလေ.လာခြင်း-အပိုင်း ၂
DVD -4 (Abhidhama)
၁။ ၂၇-၃-၂၀၀၉ စိတ်ကိုအာရုံနှင့် လေ့ကျင့်ခြင်း
၂။ ၂၈-၃-၂၀၀၉ သတ္တဝါတို့၏ (၃၁)ဘုံ
၃။ ၂၉-၃-၂၀၀၉ ဘဝနိဂုံး သေဆုံးခြင်း
၄။ ၃၀-၃-၂၀၀၉ ဘဝသစ်၌ ပြန်လည် မွေးဖွားခြင်း
၅။ ၃၁-၃-၂၀၀၉ နိဗ္မာန်ကို မျက်မှောက်ပြုခြင်း
DVD 14
၅။ အဘိဓမ္မာဆိုင်ရာ ဗဟုသုတနှင့်အမေးအဖြေများ - ၁
၆။ အဘိဓမ္မာဆိုင်ရာ ဗဟုသုတနှင့်အမေးအဖြေများ - ၂