တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
ဓမ္မမိတ်ဆွေများသို့ မေတ္တာရပ်ခံချက်....
dhammadownload.com သို့ တရားတော်များကို နေ့စဉ် ဝင်ရောက် လေ့လာမှတ်သား နာယူနေကြကုန်သော ဓမ္မမိတ်ဆွေများကို မေလ ၅ရက်နေ့မှ မေလ ၁၀ရက်နေ့အထိ ၅ရက်တာမျှလည်းကောင်း၊ ၂၉ ဖေဖေါ်ဝါရီ ၂၀၁၂ မှ ၂ မတ်လ ၂၀၁၂ အထိ ၂ရက်တာမျှ လည်းကောင်း၊ Website Down သွားသည်ကို သည်းခံပေးကြပါရန် dhammadownload မိသားစုမှ မေတ္တာရပ်ခံပါသည်။ ဤသို့ဖြစ်ပေါ်သော အကြောင်းရင်းမှာ Service Provider ၏ dhammadownload တည်ရှိရာ Web server ရှိ Hard disc များ ချို့ယွင်းသွားပါသဖြင့် Web Server အသစ်သို့ Migrate လုပ်နေရခြင်းကြောင့် Website ကို အသုံးပြု၍ မရခြင်းဖြစ်ပါသည်။ dhammadownload မိသားစုမှ သာသနာအတွက် မိမိတို့တတ်စွမ်းရာ website ထူထောင်၍ တရာဓမ္မဖြန့်ချီသောအလုပ်ကို ကံ ပေးသ၍၊ ဥာဏ် စွမ်းသ၍၊ ဆက်လက်လုပ်ဆောင်သွားပါမည်။
ယ္ခုလို ကြုံတွေ့လာရသော အခက်အခဲများကိုလဲ သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါသည်..
Welcome to Dhammadownload
This is the Dhamma Download Home Page. In this Web Site , you can freely download or listen on-line most of the Dhamma Talks which were given by Myanmar monks over the years. This website is created by a group of Myanmar in Singapore, dedicated to all Buddhist all over the world.
ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3 တရားတော် အပုဒ်ရေ ပေါင်း တစ်သောင်း၇ထောင်ကျော်၊ WMV ဗီဒီယို တရားတော်ပေါင်း ၄ထောင်ကျော်၊ eBooks စာအုပ်ပေါင်း တထောင်ကျော်တို့ကို စုစုပေါင်း ၉၂၅ ဂစ်ဂါဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်…
Our Website Hosted since 26 August 2002.
dhammadownload.com တွင် သူတော်စင် ဦးရေ (နေ့စဉ်) ၂၅၀၀ခန့်၊ ဝင်ရောက်လည်ပါတ်သည့်အကြိမ်ပေါင်း (နေ့စဉ်) ၃၅၀၀ခန့်၊ တရားတော် ဒေါင်းလုပ်သည့်ပမာဏ (နေ့စဉ်) ၄၂၀ ဂစ်ဂါဘိုက် ခန့်၊ (လစဉ်)ဒေါင်းလုပ်သည့်ပမာဏ ၁၁တယ်ရာဘိုက်ခန့် ရှိကြောင်း အားရ ကြေနပ်ဖွယ် တွေ့ရှိရပါသည်။ သူတော်စင်များ ယခုလို အားသွန်ခွန်စိုက် တရားတော်များကို နာယူ မှတ်သား လေ့ကျင့် နေကြခြင်းကို ဓမ္မဒေါင်းလုပ် မိသားစုမှ အလွန်ပင် ဝမ်းမြောက် မိပြီး သူတော်စင်တို့၏ ဖြူစင် အေးချမ်းသော ကောင်းမှု ကုသိုလ်များအတွက် သာဓု ခေါ်ဆို မိပါသည်။
ထိုနည်းအတူ၊ ကျွန်တော်၊ ကျွန်မတို့ သည် ဗုဒ္ဓ၏ တရားတော်များကို ဤ website တွင် ပူဇော်တင်ပြရသော ကုသိုလ်အဖို့ဘာဂကို တရားနာကြရကုန်သော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့် တကွ ၃၁-ဘုံသားတို့ အား အမျှပေးဝေ လိုပါသည်။ အားလုံး အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာပြီး မြတ်ဗုဒ္ဓ၏ တရားတော်များ ရင်ဝယ်ပိုက်၍ ထာဝရ ငြိမ်းအေးကြပါစေ....
သူတော်ကောင်း၊ သူမြတ်လောင်းတို့ ပေးပို့သော ကုသိုလ် အဖို့ဘာဂ နှင့် အမျှကိုလည်း ကျွန်တော်၊ ကျွန်မတို့ က ဝမ်းမြောက် ဝမ်းသာ သာဓု အနုမောဓနာ ခေါ်ဆိုပါကုန်၏....
အားလုံး.....အမျှ....အမျှ....အမျှ....ယူတော်မူကြပါကုန်လော့.............
သာဓု....သာဓု.....သာဓု.......
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......
******************************************************
အလှုရှင်များစာရင်း
******************************************************
=> dhammadownload အတွက်လှုဒါန်းသော အလှုရှင်များ စာရင်း
=> ဓမ္မာစရိယတက္ကသိုလ်အတွက် လှုဒါန်းသော အလှုရှင်များ စာရင်း
******************************************************
Special Prayers
******************************************************
သဘာဝရဲ့ ဘေးအန္တရယ်နှင့် ဒုက္ခဆင်းရဲတို့ကို ခံစားနေရသော လူသတ္တဝါတွေ၊
ဘေးဒုက္ခအန္တရယ်များကို ကျော်လွှားနိုင်ကြပါစေ...
ဘေးဒုက္ခခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
ကျန်းမာ..ချမ်းသာ ကြပါစေ...
၁။ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧ၀မာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု
အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀သေသာ။ ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ
အဏုကထူလာ။
၇။ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု
သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ
မိစ္ဆေယျ။
၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ
အပရိမာဏံ။
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ
မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနောယာဝတာဿ ၀ိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ
ဝိဟာရ မိဓ မာတု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။ ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ
ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။
******************************************************
******************************************************
အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
www.lotusdhamma.com
www.livedhamma.com
http://www.dhammadownload.com/live1.htm
http://www.myaseintaung.net/
******************************************************
သာသနာတော်နှစ် ၂၆၀၀ ပြည့် အထမ်းအမှတ်အတွက်
ရန်ကုန် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သော တရားပွဲများ


၁၈-၂-၂၀၁၂နေ့ ချမ်းမြေ့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဟောကြားသော မေတ္တာစိတ်မြတ် အအေးဓါတ် တရားတော်

၁၉-၂-၂၀၁၂နေ့က တဲ့ သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ ဟောကြားသော ရွှေတိဂုံစေတီမြတ်ကြီး၏သမိုင်း တရားတော်


******************************************************
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ ၏ အန္တိမဈာမန ဓမ္မပူဇာ ညတရားပွဲများ
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီ
ပထမနေ့ - ၁၇-၂-၂၀၁၂ မေတ္တာအေးဆရာတော် အရှင်သုဇာတ
ဒုတိယနေ့ - ၁၈-၂-၂၀၁၂ မဟာစည် မြဝတီသာဿနာ့ရိပ်သာဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသ

စတုထ္တနေ့ - ၂၀-၂-၂၀၁၂ ဘဒ္ဒန္တနဒ္ဒမာလဘိဝံသ

ပဉ္စမနေ့ - ၂၁-၂-၂၀၁၂ တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ
******************************************************
မုံလယ်တောရ ဆရာတော်ဘုရားကြီး
၏ ဓါတ်တော်များ
Most venerable monle sayadaw gyi passed away on 28 Feb 2011 at 8AM in Mandalay Hospital.
******************************************************
မိုးကုတ်ဆရာတော်ကြီး၏ ဓမ္မန္တေဝါသိက၊
ဦးစီးပဓါန ဆရာတော်ကြီး
`အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မထေရ် ဘဒ္ဒန္တ ဇောတိက(လေး)`၏ ဓါတ်တော်များ
၁၅-၁-၂၀၁၁ ည ၁၂နာရီ ၁၀မိနစ်တွင် ခန္ဓာဝန်ချသည်
*******************************************************
Daily Downloaded MP3/Video/eBook files in Bytes
| Date | Daily Downloaded GB | Daily Visits | Daily Visitors |
| Thursday, March 01, 2012 | 530 GB | 2180 | 1633 |
| Friday, March 02, 2012 | 521 GB | 4275 | 2729 |
| Saturday, March 03, 2012 | 511 GB | 4483 | 2873 |
| Sunday, March 04, 2012 | 566 GB | 4744 | 3002 |
| Monday, March 05, 2012 | 532 GB | 4466 | 2822 |