 
 
Dhamma Dara Dr Kumara
									ဝိနယ ဝိဒူ
									သာသနတက္ကသီလာ မဟာ ဓမ္မာစရိယ
									B.A (Hons;), M.A (Buddhism), Ph.D (Thesis)
									ကထိက၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
									နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မန္တလေး။
https://www.facebook.com/dmdrvenkumara
									ဓမ္မဓရ 
									ဒေါက်တာ ကုမာရ
									
									ဟောကြားတော်မူသောတရားတော်များ
									ဓမ္မဓရဝါဆိုကျောင်းတိုက် ပဓာနနာယကဆရာတော်
									ဘဒ္ဒန္တကုမာရ၏ ထေရုပ္ပတ္တိအကျဉ်း
									
									ဘဒ္ဒန္တကုမာရသည် စစ်ကိုင်းတိုင်း၊ 
									စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာ၌ 
									အဖဦးထွန်းမှီ+ အမိဒေါ်အေးစိန်တို့မှ 
									၁၃၂၉-ခုနှစ် ပြာသိုလဆုတ်(၁၅)ရက်၊ တနင်္လာနေ့တွင် 
									မီးရှုးသန့်စင် ဖွားမြင်တော်မူသော 
									သားရတနာတစ်ပါးဖြစ်သည်။
									
									ဘဒ္ဒန္တကုမာရသည် ၁၃၃၉-ခုနှစ်တွင် 
									စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့၊ ရတနာရပ်ကွက်၊ 
									အိုးကုန်းကျောင်း 
									ဆရာတော်ဘဒ္ဒန္တအာဒိစ္စမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ 
									ကျွန်းလှမြို့၊ ရတနာရပ်ကွက်၊ ခမည်းတော် 
									ဦးထွန်းမှီ+ မယ်တော်ဒေါ်အေးစိန် တို့၏ 
									ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရှင်သာမဏေအဖြစ်သို့ 
									ရောက်ရှိခဲ့ပါသည်။
									
									ဘဒ္ဒန္တကုမာရသည် ၁၃၄၉-ခုနှစ်၊ ကဆုန်လဆုတ်(၅)ရက်၊ 
									ကြာသပတေးနေ့၊ နံနက်(၈း၃၀) နာရီအချိန်၌ 
									ကျွန်းလှမြို့၊ ရတနာရပ်ကွက်၊ 
									အိုးကုန်းကျောင်းခဏ္ဍသိမ်၌ သပြေသာရွာ၊ 
									သပြေသာကျောင်းတိုက်ဆရာတော် 
									ဘဒ္ဒန္တကုဏ္ဍလမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ 
									ကျွန်းလှမြို့၊ ရတနာရပ်ကွက်၊ ခမည်းတော် 
									ဦးထွန်းမှီ+ မယ်တော် ဒေါ်အေးစိန် မိသားစုတို့၏ 
									ပစ္စယာနုဂ္ဂကိုခံယူပြီး မြင့်မြတ်သော 
									ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။
									
									ဘဒ္ဒန္တကုမာရသည် အစိုးရမူလတန်း၊ ပထမငယ်တန်း၊ 
									ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဝိနယဝိဒူဘွဲ့ 
									များကိုအောင်မြင်တော်မူခဲ့ပြီး၊ 
									နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၌ 
									သာသနတက္ကသီလ ဓမ္မာစရိယ B.A(Buddh)ဘွဲ့ကို 
									ရရှိတော်မူခဲ့သည်။ ၁၃၆၅-ခုနှစ်တွင် 
									သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddh) ဘွဲ့ကို 
									ရရှိခဲ့သည်။
									
									ဘဒ္ဒန္တကုမာရသည် 
									နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) 
									ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန၌ 
									(၁-၁၁-၂၀၀၁)နေ့တွင် နည်းပြတာဝန်ကို 
									စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် 
									စက်တင်ဘာလမှစ၍ ယခုအချိန်ထိ 
									ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန၌ ကထိကတာဝန်ကို 
									ထမ်းဆောင်လျက်ရှိပါသည်။
									
									ယခုအခါ ဓမ္မဓရဝါဆိုကျောင်းတိုက်ကြီးကို 
									တည်ထောင်လျှက် စာသင်သံဃာ အပါး 
									၄၀၀-ကျော်တို့အားလည်း ပရိယတ္တိစာပေများကို 
									သင်ကြားပို့ချပေးတော်မူရင်း 
									သာသာပြုလုပ်ငန်းများကို ဆောင်ရွက်လျှက် 
									ရှိပါသည်။
									
									ဓမ္မဓရ အမည်ရပုံ
									
									ဓမ္မဓရ ဟူသောအမည်မှာ ဓမ္မနှင့်ဓရဟူသော 
									ပါဠိစကားနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ 
									ဓမ္မ ဟူသည်မှာ တရားဟု အဓိပ္ပါယ်ရပြီး 
									ဓရဆိုတာကတော့ ဆောင်ထားခြင်းဟု 
									အဓိပ္ပါယ်ရပါသည်။ ၎င်းပါဠိ နှစ်ပုဒ်ကို 
									ပေါင်းစပ်လိုက်သောအခါ ဓမ္မဓရ တရားကို 
									ဆောင်ထားသူဟု အဓိပ္ပါယ်ရပါသည်။
									ဓမ္မဓရ ဆိုတဲ့စကားလုံးကို 
									ပထမဆုံးသုံးစွဲလိုက်သူကတော့ 
									မင်းကွန်းဆရာတော်ကြီးလို့ လူသိများတဲ့ 
									တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ 
									ဆရာတော်ကြီးဖြစ်ပါသည်။ ဆရာတော်ကြီးသည် 
									အများအကျိုး၊ သာသနာ့အကျိုးကို ဆောင်ရွက်ရာတွင် 
									တစ်ခေတ်မှာ တစ်ပါးဆိုရ လောက်အောင် 
									ထူးကဲလှတဲ့ဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်။ 
									ဆရာတော်သည် ပိဋကတ်သုံးပုံဆောင် 
									စာတတ်တစ်ပါးဖြစ်ရုံမက 
									အကျင့်သီလလည်းကောင်းပါသည်။ 
									စိတ်ကောင်းလည်းရှိသော ဆရာတော်တစ်ပါး 
									ဖြစ်ပါသည်။ ထိုသို့ စိတ်ကောင်း၊ 
									အကျင့်သီလကောင်း၊ စာတတ် တစ်ပါးဖြစ်ရန်မှာ 
									မလွယ်ကူလှပါ။ ဆရာတော်ကြီးသည် မလုပ်မပြော၊ 
									လုပ်မှပြော၊ သဘောစင်လှစေ။ အပြောသာချဲ့၊ 
									အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ချေ ဟု ဆုံးမခဲ့ပါသည်။ 
									သူ့ဆုံးမသြဝါဒအတိုင်း လုပ်သလိုပြောပြီး 
									ပြောသလိုလုပ်သွားခဲ့ပါသည်။
									ဆရာတော်ကြီးသည် ပျံလွန်တော်မူခါနီးတွင် ဒီဘ၀ 
									ကုသိုလ်ကောင်းမှု အစုစုကြောင့် တာဝတိံသာနတ်ပြည်၌ 
									ဓမ္မဓရ သောတာပန်နတ်သား ဖြစ်ပါစေ။ 
									သူတစ်ပါးကိုလည်း တရားဟော၊ ကိုယ်တိုင်လည်း 
									ဆင်ခြင်ပြီး သောတာပန် ဖြစ်ရပါလို၏လို့ 
									ဆုတောင်းသွားတော်မူခဲ့ပါသည်။ ဒါကိုပဲ 
									ဆရာတော်ကြီးက-
									
									ဒုတိယေ အတ္တဘာဝမှိ၊ လဒ္ဓါ သပ္ပည နိဿယံ။
									ဓမ္မဓရောတိ နာမေန၊ သောတာပန္နော မရူဘဝေ။
 
									ဟုရေးသားတော်မူခဲ့ပါသည်။
									ဆရာတော်ကြီးသည် သက်တော်(၈၀)ကျော်မှ 
									နယ်တကာလှည့်တရားဟောပြီး မန္တလေးမြို့နှင့် 
									ရန်ကုန်မြို့များတွင် 
									နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများကို 
									အားကြိုးမာန်တက် တည်ထောင်တော်မူခဲ့ပါသည်။ 
									ဆရာတော်ကြီးတည်ထောင်တော်မူခဲ့သော 
									သာသနာ့တက္ကသိုလ်မှ ပေါက်ဖွားလာသည့် 
									အရှင်ကုမာရသည်လည်း ဆရာတော်ကြီး၏ သီလဂုဏ်၊ 
									သမာဓိဂုဏ်၊ ပညာဂုဏ်များကို 
									ချီးကျူးပူဇော်သောအားဖြင့် ဘွဲ့တော်၏ရှေ့တွင် 
									ဓမ္မဓရ ကိုထည့်ပြီး ဓမ္မဓရအရှင်ကုမာရဟု 
									အမည်တပ်ကာ တရားတော်များကို 
									ဟောကြားတော်မူနေခြင်း ဖြစ်ပါသည်။
									ဓမ္မဓရဝါဆိုကျောင်းတိုက် တည်ထောင်ရခြင်း၏ 
									ရည်ရွယ်ချက်
									
									ဓမ္မဓရအရှင်ကုမာရသည် ငယ်စဉ်အခါက 
									ဆင်းရဲချို့တဲ့ပင်ပန်းစွာ ပရိယတ္တိစာပေများကို 
									ကြိုးစားခဲ့ရသည်။ သို့ဖြစ်၍ 
									မိမိကျောင်းတိုက်တည်ထောင်သောအခါ ကိုရင်ငယ်များ 
									မဆင်းရဲ မချို့တဲ့စေရန် ဆောင်ရွက်မည်ဟူသော 
									ရည်ရွယ်ချက် သန္နိဋ္ဌာန်ချခဲ့ပါသည်။
									
									ဓမ္မဓရဆရာတော်သည် နိုင်ငံတော် 
									ပရိယတ္တိသာသနာ့တက္ကသိုလ်၌ ပရိယတ္တိစာပေများကို 
									လေ့လာသင်ကြားရင်း သာသနာတော် ၂၅၀၀-ကျော် 
									ခရီးရှည်ကြီး၏ ခရီးလမ်းတစ်လျှောက်၌ 
									လိုအပ်ချက်များ၊ အားနည်းချက်များ၊ 
									အားသာချက်များ၊ ခေတ်အခြေအနေများ စသည်တို့ကို 
									လေ့လာမိခဲ့သည်။ လက်ရှိခေတ် 
									ထေရဝါဒငါးနိုင်ငံရှိ ရဟန်းတော်များနှင့် 
									ကမ္ဘာ့သာသနာ ပြုလုပ်ငန်းများ၊ 
									ထေရဝါဒနိုင်ငံများတွင်လည်း ရဟန်းတော်များ၏ 
									အားသာချက်၊ အားနည်းချက်များကို 
									သတိပြုလေ့လာမိခဲ့သည်။ ယနေ့ခေတ် ကာလ၌လည်း 
									ခေတ်နှင့်လျှော်ညီသော သာသနာပြုလုပ်ငန်းများကို 
									လုပ်ဆောင်ရန် လိုအပ်လာနေ ပြီဖြစ်သည်ကိုလည်း 
									သတိပြုမိခဲ့သည်။ သို့ဖြစ်၍ 
									ဓမ္မဓရဝါဆိုကျောင်းတိုက်တွင် ပညာသင်ကြား 
									သောကိုရင်များသည် ပိဋကတ်ကျမ်းစာ 
									နှံ့စပ်စေရမည်။ အင်္ဂလိပ်စာလည်း တတ်မြောက်စေရမည် 
									ဟူသောရည်ရွယ်ချက်ကို ထားရှိခဲ့ပါသည်။ 
									ထို့ကြောင့် ယခုအခါ ဓမ္မဓရဝါဆိုကျောင်းတိုက်မှ 
									စာသင်သားကိုရင်များသည် ပိဋကတ်ကျမ်းစာများအပြင် 
									အင်္ဂလိပ်စာကိုလည်း သင်ကြား ကြရပါသည်။ 
									ဘုရားသားတော် ရဟန်းသာမဏေများသည် စာတတ်ရုံဖြင့် 
									မပြီးသေးပါ။ သူတစ်ပါး လှူဒါန်းထားသော 
									ပစ္စည်းလေးပါးဖြင့် နေထိုင်ရသောကြောင့် 
									စိတ်ကောင်းရှိဖို့လည်း မဖြစ်မနေ လိုအပ်ပါသည်။ 
									သို့ဖြစ်၍ စိတ်ကောင်းစာတတ် ရဟန်းမြတ် 
									ပေါ်ထွက်လာပါစေ ဟူသော ဆောင်ပုဒ်နှင့်အညီ 
									ဆောင်ရွက်နေပါသည်။
									
									တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး 
									အရှင်ဇနကာဘိဝံသက ဘုရားရှင်တော် 
									မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း 
									ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ မသိရ 
									များလှအပြစ်တွေ ဟု ရေးသားခဲ့ပါသည်။ 
									ဘုရားရှင်၏ အဆုံးအမ သာသနာတော် မရှိလျှင် 
									လူအများ ကုသိုလ်၊ အကုသိုလ်များကို 
									ကောင်းစွာမသိနိုင်ပေ။ ဘုရားရှင်၏ 
									အဆုံးအမရှိသောကြောင့်သာ ကုသိုလ်၊ 
									အကုသိုလ်တရားများကို ကောင်းစွာသိရပေသည်။ 
									သို့ဖြစ်၍ ဘုရားရှင်၏ အဆုံးအမသာသနာ 
									အရှည်တည်တံ့ရန် လိုအပ်ပါသည်။ ဘုရားရှင်၏ 
									အဆုံးအမ သာသနာရေရှည်တည်တံ့ရန်အတွက် 
									ပရိယတ္တိသာသနာ သည်လည်း အရေးကြီးပါသည်။ 
									ပရိယတ္တိသာသနာတော်မြတ်ကြီး အရှည်တည်တံ့ရန်အတွက် 
									စာချဆရာကောင်းများလည်း လိုအပ်ပါသည်။ သို့ဖြစ်၍ 
									ဓမ္မဓရဝါဆိုကျောင်းတိုက်၏ ရည်ရွယ်ချက်တစ်ခုမှာ 
									စာချအကျော် ဆရာတော် ထွက်ပေါ်လာပါစေ 
									ဟူ၍ဖြစ်ပါသည်။
									
									ပရိယတ္တိသာသနာတော်အတွက် စာချဆရာကောင်းများ 
									လိုအပ်သလို လူအများအတွက် 
									ဟောဖေါ်ညွှန်ကြားပေးမည့် 
									ပညာတတ်တရားဟောဆရာကောင်းများလည်း လိုအပ်ပါသည်။ 
									ဓမ္မဓရဝါဆိုကျောင်းတိုက်မှ 
									ပညာသင်ကြားပေးလိုက်သော စာသင်သားများသည် 
									နောင်တစ်ချိန်တွင် ဗုဒ္ဓဘုရားရှင်၏ 
									တရားတော်များကို လူတို့အား ပြန်လည်ဟောကြား 
									ပေးနိုင်သော ပညာတတ် တရားဟောဆရာကောင်းများ 
									ဖြစ်လာစေရန်လည်း ရည်ရွယ်ပါသည်။ သို့ဖြစ်၍ 
									တရားဟောဖေါ် ဆရာတော် ထွက်ပေါ်လာပါစေ ဟူသော 
									ဆောင်ပုဒ် ကိုလည်း ရည်ရွယ်ချက်ထဲတွင် 
									ထည့်သွင်းထားပါသည်။
									
									ပရိယတ္တိစာပေများ များစွာတတ်ကျွမ်းသော်လည်းပဲ 
									စာပေမရေးသားသော ရဟန်တော်များ ရှိပါသည်။ 
									လယ်တီဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်၊ 
									မင်းကွန်းဆရာတော်စသော စာတတ်ဆရာတော်များမှာ 
									လူ့လောကအတွက် စာပေကျမ်းဂန်များ 
									ရေးသားခဲ့ကြပါသည်။ ထိုသို့ရေးသားခဲ့သောကြောင့် 
									ယနေ့ခေတ်လူတို့သည် ၎င်းဆရာတော်ကြီးများ၏ 
									ဆုံးမလမ်းညွှန်မှု စာပေများကို 
									ဖတ်၍မှတ်သားလိုက်နာကျင့်ကြံ နေကြပါသည်။ 
									ထို့ကြောင့် သာသနာတော်အတွက် 
									ပရိယတ္တိစာပေတတ်ကျွမ်းပြီး စာပေးရေးသားသော 
									ဘုရားသားတော်ရဟန်းတော်များလည်း လိုအပ်ပါသည်။ 
									ထို့ကြောင့် ဓမ္မဓရဝါဆိုကျောင်းတိုက်၌ 
									စာရေးဆရာ မြတ်သံဃာ မှန်စွာ ပေါ်ထွန်းစေ ဟူသော 
									ဆောင်ပုဒ်ကို လက်ကိုင်ထား၍ စာပေရေးသားနိုင်သော 
									ရဟန်းတော်များ ပေါ်ထွန်းလာရေးကိုလည်း 
									ရည်ရွယ်ပါသည်။
									
									ဓမ္မဓရဝါဆိုကျောင်းတိုက်၌ စာပေသင်ကြားသော 
									စာသင်သားများသည် ပိဋကတ်ဆိုင်ရာ 
									ကွန်ပျူတာပညာများကိုလည်း တတ်မြောက်စေရမည်ဟူသော 
									ရည်ရွယ်ချက်ကို ထားရှိခဲ့ပါသည်။ ယနေ့ခေတ်ကာလ၍ 
									ပိဋကတ်တော်များကို လွယ်ကူစွာလေ့လာနိုင်စေရန် 
									အိုင်တီနည်းပညာ များဖြင့် 
									ပေါင်းစပ်ပြုလုပ်ဖန်တီးထားပြီ ဖြစ်ပါသည်။ 
									ထို့ပြင် ဗုဒ္ဓအဆုံးအမ ဒေသနာတော်များကို 
									ကမ္ဘာသို့ဖြန့်ရာ၌ အင်တာနက်နည်းပညာများကို 
									အသုံးပြုနေပြီဖြစ်ပါသည်။ အင်တာနက်၊ 
									အီးမေးလ်များဖြင့် ကမ္ဘာ့တစ်ဘက်ခြမ်းမှ 
									ကမ္ဘာ့တစ်ဘက်ခြမ်းသို့ ဘာသာရေးပြဿနာများ 
									မေးနိုင်ဖြေနိုင်နေပြီ ဖြစ်ပါသည်။ 
									ကမ္ဘာ့တစ်ဘက်ခြမ်းမှ တင်ထားသော တရားတော်များ၊ 
									စာပေများကို ကမ္ဘာ့တစ်ဘက်ခြမ်းမှ 
									နာယူလေ့လာနိုင်နေပြီ ဖြစ်ပါသည်။ သို့ဖြစ်၍ 
									ဓမ္မဓရဝါဆို ကျောင်းတိုက်မှ သင်ကြားပေးလိုက်သော 
									ဘုရားသားတော်စာသင်သားများသည် ပိဋကတ်ဆိုင်ရာ 
									အိုင်တီနည်းပညာများ တတ်မြောက်စေရန် 
									အိုင်တီတတ်ကျွမ်း မြတ်ရဟန်း ပေါ်ထွန်းလာပါစေ 
									ဟူသောဆောင်ပုဒ် ကိုလည်း ကျောင်းတိုက်၏ 
									ရည်ရွယ်ချက်ထဲတွင် ထည့်သွင်းထားပါသည်။
									
									အထက်ပါ ရည်ရွယ်ချက်များသည် တစ်ဦးတစ်ယောက် 
									ကောင်းစားစေရန် ရွယ်ရွယ်ခြင်း မဟုတ်ဘဲ 
									ဗုဒ္ဓသာသနာတော် အရှည်တည်တံ့စေရန် 
									စွမ်းနိုင်သည့်ဘက်မှ ရည်ရွယ်လုပ်ဆောင် ခြင်း 
									ဖြစ်ပါသည်။ ဓမ္မဓရဝါဆိုကျောင်းတိုက်သည် 
									လူတို့၏ကောင်းကျိုးကို ဖြစ်စေသော 
									ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့စေရန် 
									အထက်ပါ ရည်ရွယ်ချက်များဖြင့် ရည်ရွယ် 
									လုပ်ဆောင်နေပါသည်။ သို့ဖြစ်၍ ဗုဒ္ဓသာသနာ 
									နေရောင်ဝါ ရှည်ကြာလင်းစေသော် ဟူသော 
									သန္နိဋ္ဌာန်ကိုချ၍ ပရယတ္တိစာပေများကို 
									သင်ကြားပို့ချပေးနေသော 
									ကျောင်းတိုက်တစ်တိုက်အဖြစ် 
									ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
								 ******************************
								MP3 တရားပေါင်း ၄၂၄ ပုဒ်ကို သာသနမာနိတ ဗုဒ္ဓဘာသာ 
								ဝန်ဆောင်မှုလုပ်ငန်း အဖွဲ့မှ 
								စုဆောင်းပြီးလှူဒါန်းပါသည်။
								******************************
ဓမ္မဓရ ဒေါက်တာအရှင်ကုမာရ
ဟောကြားတော်မူအပ်သောတရားတော်များ(၄၂၄) ပုဒ်
၁။ လူငယ်တို့အမေး ယနေ့ခေတ်ဘာသာရေး
၂။ လှူတတ်အောင်သာ လှူလိုက်ပါ
၃။ ကွက်လပ်ကိုသာ ဖြည့်ပေးပါ
၄။ စိတ်ဆိုးစိတ်ညစ် မောင်းထုတ်ပစ်
၅။ လောဘထိန်းမှ သောကငြိမ်းမယ်
၆။ ဒေါသမှသည် ရန်ငြိုးဆီသို့
၇။ လူငယ်တို့အတွက် ဗုဒ္ဓလမ်းညွှန်ချက်
၈။ မျိုးဆက်သစ်နှင့် ဗုဒ္ဓဝါဒအခြေခံ
၉။ လူသားနှင့် ဘာသာရေး
၁၀။ နာရခဲလှ မြတ်ဓမ္မ
၁၁။ မြတ်ဗုဒ္ဓ၏ တရားဦး
၁၂။ စိတ်ဆင်းရဲခြင်း ဖြေရှင်းနည်းများ
၁၃။ ဗုဒ္ဓအလိုကျ လူ့ဘဝ
၁၄။ သောကငြိမ်းအေး ဗုဒ္ဓဆေး
၁၅။ ဗုဒ္ဓဟောကြားစိတ်ချမ်းသာစေသောနည်းလမ်းများ
၁၆။ လူသားနှင့် ဘဝဒဿနများ
၁၇။ ကြီးပွားစေကြောင်း နည်းလမ်းကောင်း
၁၈။ ရနေတုန်းမှာ ယူလိုက်ပါ
၁၉။ ငြမ်းလိုအသုံးချ လူ့ဘဝ
၂၀။ ရိုးရာအစဉ်လာ ထိန်းသိမ်းပါ
၂၁။ ဗုဒ္ဓဟောကြား စိတ်ထားမြှင့်တင်ရေးနည်းလမ်းများ
၂၂။ ဗုဒ္ဓအလိုကျ ဒါနပြုနည်း
၂၃။ သာသနာနှင့် သာသနာပြုသူများ
၂၄။ ကံနှင့် တမလွန်လောက
၂၅။ ဆရာဒကာနှင့် မြတ်ဗုဒ္ဓသာသနာ
၂၆။ သက်ရှည်ကျန်းမာဖို့ ယတြာချေကြစို့
၂၇။ ဘဝလှဖို့ ဓမ္မနှင့်တန်ဆာဆင်ကြစို့
၂၈။ လေ့လာပြီးမှ လက်ခံပါ
၂၉။ စုန်မှာလား ဆန်မှာလား
၃၀။ လောကငြိမ်းချမ်းရေးနှင့် ကိုယ်ကျင့်တရား
၃၁။ ဗုဒ္ဓဘာသာမဟုတ်သော ဗုဒ္ဓဘာသာ
၃၂။ သာသနာနှင့် ဒါယကာ
၃၃။ အထူးအဆန်းနှင့် မစူးမစမ်းကိုးကွယ်မှုများ
၃၄။ အခွင့်သာခိုက်မှာ တရားနာပါ
၃၅။ အသင်လူသား ဘယ်လိုများ အသက်ရှင်ချင်ပါသလဲ
၃၆။ ဘာသာရေးနဲ့ အနေဝေးခဲ့သော်
၃၇။ လာလမ်းသာ၍ ပြန်လမ်းဖြောင့်ပါစေ
၃၈။ လူ့ဘဝ၏ ဖန်ဆင်းရှင်
၃၉။ လူသားနှင့် အတ္တမာန
၄၀။ လူသားနှင့် ဒေါသ
၄၁။ အဟောင်းပြုပြင် အလှဆင်စို့
၄၂။ မန္တလေးက သာသနာ့ဖခင်
၄၃။ မျှော်လင့်တိုင်းပင် ဖြစ်စေချင်
၄၄။ တန်းဖိုးရှိစွာ နေလိုက်ပါ
၄၅။ သတိ ကျိန်စာသင့်တတ်သည်
၄၆။ သာသနာနှစ်ဖြာ စောင့်ရှောက်ပါ
၄၇။ အတုယူစရာ အရှင်သာရိပုတ္တရာ
၄၈။ အတုယူစရာ ဓမ္မိကဥပါသကာ
၄၉။ အနာထပိဏ်၏ ဘဝ
၅ဝ။ ဝိသာခါ၏ ဘဝ
၅၁။ ယသော်ဓရာ၏ ဘဝ
၅၂။ အရှင်တိဿ၏ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၅၃။ ပူတိဂတ္တတိဿမထေရ်၏ ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၅၄။ မေဃိယ၏ ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၅၅။ စကု္ခပါလ၏ ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၅၆။ မဟာကာဠထေရ်၏ ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၅၇။ စုန္ဒ၏ ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၅၈။ နန္ဒဂေါပါလက၏ ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၅၉။ ပတိပူဇိကာ၏ ဘဝဖြစ်စဉ်ကိုဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၆၀။ သာမာဝတီ၏ ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၆၁။ ဝိဋဋူဘ၏ ဘဝဖြစ်စဉ်ကို ဓမ္မအမြင်ဖြင့် သုံးသပ်ခြင်း
၆၂။ ဘဝလှတာ သူ့ကြောင့်ပါ
၆၃။ စိတ်ထားကောင်းတာ သူ့ကြောင့်ပါ
၆၄။ ရုန်းထွက်မရတာ သူ့ကြောင့်ပါ
၆၅။ ကုသိုလ်မရတာ သူ့ကြောင့်ပါ
၆၆။ စိတ်ညစ်ရတာ သူ့ကြောင့်ပါ
၆၇။ ကံကောင်းခြင်း၏ အခြေခံများ
၆၈။ ကုသိုလ်များကို လေ့လာခြင်း
၆၉။ ဥစ္စာဓန စုဆောင်းကြ
၇၀။ ရောဂါရှိရင် ကုဖို့ပြင်
၇၁။ တဝဲလည်လည်
၇၂။ တောင်တန်းပြာမှ သာသနာ့ဇာနည်
၇၃။ စိတ်ထားလေးတွေ ဖြူဖွေးစေ
၇၄။ သိရီဂေဟာ တည်ဆောက်ပါ
၇၅။ ဘယ်လို လူစားလဲ
၇၆။ ဘုရားဆိုတာ မခိုက်ပါ
၇၇။ လူမုန်းများခြင်း အကြောင်းရင်း
၇၈။ သူတော်ကောင်းသာ ရှာပေါင်းပါ
၇၉။ အောင်နိုင်သူသာ ဖြစ်ပါစေ
၈၀။ သေခြင်းတရား ကြောက်သူများ
၈၁။ မင်္ဂလာနှင့်သာ နိုးထပါ
၈၂။ ပန်းတိုင်အရောက် မှန်မှန်လျှောက်
၈၃။ မသေခင်မှာ ပြင်ဆင်ပါ
၈၄။ ဆက်ရဦးမည့် သံသရာခရီးသည်
၈၅။ ကိုယ့်စိတ်ကိုသာ စိစစ်ပါ
၈၆။ တဏှာနှင့်သာ မနေရာ
၈၇။ မဟာလူသား ဒို့ဘုရား
၈၈။ လူသားနှင့် မစ္ဆရိယ
၈၉။ ဘဝအလှ တူးဖြိုချသူ
၉၀။ အပါယ် လေးပါး
၉၁။ ကပ် သုံးပါး
၉၂။ ဝိပတ္တိတရား လေးပါး
၉၃။ ဥပုသ်စောင့်မှ ဘဝလှ
၉၄။ ပရဟိတမှသည် ပါရဟိတဆီသို့
၉၅။ သာသနာကွယ်တာ ဘာ့ကြောင့်ပါလဲ
၉၆။ ကြားမြင်သုတ ပြည့်ဝပါစေ
၉၇။ ဝီရိယနှင့် ဘဝပန်းတိုင်
၉၈။ ရုန်းကန်ရင်းသာ ထွက်ပေါက်ရှာ
၉၉။ မေတ္တာနှင့်သာ နေထိုင်ပါ
၁၀ဝ။ ဗုဒ္ဓအလိုကျ လူ့ဘဝနေနည်း
၁၀၁။ ကုသိုလ်နှင့် အကုသိုလ်
၁၀၂။ အပူမီးတွေ ငြိမ်းပါစေ
၁၀၃။ အမိုက်ချင်းပြိုင် အနိုင်လု
၁၀၄။ စကားလေးတစ်ခွန်း၏ တန်ဖိုး
၁၀၅။ ေြွကးမတင်ဖို့ ကျေးဇူးဆပ်ကြစို့
၁၀၆။ မိဘထက်သာ သားသမီးရတနာ
၁၀၇။ ဩဃ
၁၀၈။ လမ်းမှန်ပေါ်မှာ လျှောက်လှမ်းပါ
၁၀၉။ နှစ်သစ်ချိန်ခါ မင်္ဂလာ
၁၁၀။ ဘဝလှချင် ဓမ္မဆင်
၁၁၁။ ထက်မြက်ထူးခြား ဗုဒ္ဓဂုဏ်တော် နှစ်ပါး
၁၁၂။ သံသရာခရီးသွား ရင်းမြစ်များ
၁၁၃။ ဘဝရဲ့ သမိုင်းမှတ်တိုင်
၁၁၄။ ထိုက်တန်သူသာ ဖြစ်ပါစေ
၁၁၅။ သာသနာကွယ်ခြင်း မကွယ်ခြင်း
၁၁၆။ လူထဲက လူ
၁၁၇။ မြတ်ဘုရား၏ မြတ်စကား
၁၁၈။ ကုသိုလ်
၁၁၉။ မိဘကျေးဇူး မြင့်မိုရ်ဦး
၁၂၀။ ဆရာ့ကျေးဇူး မြင့်မိုရ်ဦး
၁၂၁။ ကုသိုလ်နှင့်သာ တိုက်ဖျက်ပါ
၁၂၂။ တစ်ဖက်မြင်
၁၂၃။ လူဆိုး လူမိုက်
၁၂၄။ ချစ်မြတ်နိုးပါ ဗုဒ္ဓသာသနာ
၁၂၅။ ပညာကို လေ့လာသုံးသပ်ခြင်း
၁၂၆။ ဒုမ္မေဓဇာတ်ကို လေ့လာသုံးသပ်ခြင်း
၁၂၇။ မမြဲတဲ့ ဘဝမှာ မြဲတာရှာ
၁၂၈။ သောတာပန်
၁၂၉။ ဗုဒ္ဓဘာသာ ဆိုသည်မှာ
၁၃၀။ တဏှာနဲ့သာ မနေရာ
၁၃၁။ အဝိဇ္ဇာနှင့် တဏှာကို လေ့လာသုံးသပ်ခြင်း
၁၃၂။ ဗောဓိသတ္တ ဘုရားလောင်း (၁-စင်္ကာပူ)
၁၃၃။ ဗောဓိသတ္တ ဘုရားလောင်း (၂-စင်္ကာပူ)
၁၃၄။ ဗုဒ္ဓနှင့် ဏ်တော် (စင်္ကာပူ)
၁၃၅။ ပိဋကတ်သုံးပုံ (၁-စင်္ကာပူ)
၁၃၆။ ပိဋကတ်သုံးပုံ (၂-စင်္ကာပူ)
၁၃၇။ သာသနာ (၁-စင်္ကာပူ)
၁၃၈။ သာသနာ (၂-စင်္ကာပူ)
၁၃၉။ သရဏဂုံ (၁-စင်္ကာပူ)
၁၄၀။ သရဏဂုံ (၂-စင်္ကာပူ)
၁၄၁။ သစ္စာလေးပါး (၁-စင်္ကာပူ)
၁၄၂။ သစ္စာလေးပါး (၂-စင်္ကာပူ)
၁၄၃။ ကုသိုလ် (၁၂-စင်္ကာပူ)
၁၄၄။ အကုသိုလ် (စင်္ကာပူ)
၁၄၅။ ဘယ်လိုလူစားလဲ (စင်္ကာပူ)
၁၄၆။ ဘဝတွက်တာ ပြင်ဆင်ပါ (စင်္ကာပူ)
၁၄၇။ ထိပ်ဆုံးလူနဲ့ ဘိတ်ဆုံးလူ (စင်္ကာပူ)
၁၄၈။ စိတ်ကိုနိုင်မှ အနိုင်ရ (စင်္ကာပူ)
၁၄၉။ သင့်ရာကိုသာ ကျင့်သုံးပါ နှင့် နိဗ္ဗာန်ခရီး အနီးအဝေး (စင်္ကာပူ)
၁၅၀။ အရှင်နန္ဒိယနှင့် ရော်ပါးမီးသာသနာ
၁၅၁။ ဗုဒ္ဓဟောကြား ချမ်းသာကြောင်းတရား
၁၅၂။ ဗုဒ္ဓဟောကြား သာသနာကွယ်ကြောင်းများ
၁၅၃။ ဗုဒ္ဓဟောကြား သူတော်ကောင်းတရား
၁၅၄။ ဗုဒ္ဓဟောကြား အောင်မြင်မှုလမ်းညွှန်များ
၁၅၅။ ဗုဒ္ဓလက်ထက် ကိုးကွယ်ယုံကြည်မှုများကို လေ့လာသုံးသပ်ခြင်း
၁၅၆။ ဗုဒ္ဓလက်ထက် ဘာသာကူးပြောင်းကြပုံများကို လေ့လာသုံးသပ်ခြင်း
၁၅၇။ ဆရာတော်ဦးဗုဓ်၏ ထင်ရှားသည့်ဖြစ်ရပ်များ
၁၅၈။ ညီညွတ်မှသာ ကောင်းကျိုးဖြာ
၁၅၉။ ရာဟုလာ၏ ဘဝ
၁၆၀။ မျိုးဆက်သစ်တို့ ရှောင်ကြဉ်ဖို့
၁၆၁။ သမိုင်းကောင်းသာ ရေးထိုးပါ
၁၆၂။ ကြည်ညိုဖွယ်ရာ မြတ်သံဃာ
၁၆၃။ အပူမီးတွေ ငြိမ်းပါစေ
၁၆၄။ အညစ်အကြေးကင်းစွာ နေထိုင်ပါ
၁၆၅။ အများအကျိုးမျှော် နိဗ္ဗာန်ဆော်
၁၆၆။ စိတ်ကောင်းစာတတ် ရဟန်းမြတ်
၁၆၇။ ကိုးကွယ်ရာရှာ သာသနာမှာ
၁၆၈။ ဆွမ်းလောင်းလှူတာ ဘာ့ကြောင့်ပါလဲ
၁၆၉။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်
၁၇၀။ စိတ်ထားလေးသာ ပြင်လိုက်ပါ
၁၇၁။ ဘေးလွတ်ဖို့ အားမွေးစို့
၁၇၂။ ဒေါသမှသည် မေတ္တာဆီသို့
၁၇၃။ ဗုဒ္ဓသာသနာ မင်္ဂလာပါ
၁၇၄။ သိပ္ပံနည်းကျ နောက်ဘဝ လေ့လာသူ
၁၇၅။ ခုကောင်းမှသာ နောင်ကောင်းမှာ
၁၇၆။ ဗုဒ္ဓသားတော် သာမဏေကျော်
၁၇၇။ ဓမ္မသည်သာ ဒို့ဆရာ
၁၇၈။ ပြိုလဲသူနဲ့ မလဲသူ
၁၇၉။ ခရီးသွားနဲ့ ခရီးနား
၁၈၀။ ဗုဒ္ဓအဘိဓမ္မာနဲ့ လူတို့ကမ္ဘာ
၁၈၁။ မဟာလူသား ဒို့ဘုရား
၁၈၂။ လူ့ဘဝ၏ ဖန်ဆင်းရှင်
၁၈၃။ ကောင်းသောစကားသာ ပြောဆိုပါ
၁၈၄။ မငြိမ်းချမ်းခြင်း၏ ရင်းမြစ်များ
၁၈၅။ အာဠာဝက၏ မေးခွန်းများ
၁၈၆။ မလ္လိကာ၏ မေးခွန်းများ
၁၈၇။ သုဘလုလင်၏ မေးခွန်းများ
၁၈၈။ နတ်သားတစ်ဦး၏ မေးခွန်းများ
၁၈၉။ လှူတတ်ပါမှ ကောင်းကျိုးရ
၁၉၀။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ
၁၉၁။ ဘဝ တက္ကသိုလ်
၁၉၂။ ငရဲနဲ့ နတ်ပြည်
၁၉၃။ နှစ်သစ်တွက်တာ ပြင်ဆင်ပါ
၁၉၄။ ဘဝရိက္ခာ စုဆောင်းပါ
၁၉၅။ နိဗ္ဗာန်ခရီး အနီး အဝေး
၁၉၆။ ဆရာ ဒကာ လက်တွဲပါ
၁၉၇။ သင့်ရာကိုသာ ကျင့်သုံးပါ
၁၉၈။ ထိပ်ဆုံးလူနဲ့ ဘိတ်ဆုံးလူ
၁၉၉။ လူသားနဲ့ စိတ်ထား
၂၀ဝ။ လူသားနဲ့ ပညာ
၂၀၁။ လူသားနဲ့ ဆုတောင်း
၂၀၂။ ကျောင်းသားလူငယ် တိုးတက်ရေး (ရွှေကူ)
၂၀၃။ မကောင်းတဲ့အတွေး မကောင်းတဲ့စရိုက် 
မကောင်းတဲ့အယူအဆ
၂၀၄။ မြတ်ဘုရား၏ မြတ်တရား
၂၀၅။ သတိပဋ္ဌာန်တရားနဲ့ မိတ်ဆက်ခြင်း
၂၀၆။ ဒုက္ခနဲ့ သုခ
၂၀၇။ မာနနဲ့ အာဃာတ
၂၀၈။ စင်ကြယ်ခြင်းကို လေ့လာခြင်း
၂၀၉။ သာသနာရင်းမြစ် တောကဖြစ်
၂၁၀။ ကိုယ့်ကိုယ်ကိုပင် ကောင်းအောင်ပြင်
၂၁၁။ အခွင့်သာသူ မသာသူ
၂၁၂။ လူ့ဘဝကို ဓမ္မနှင့် ရှုမြင်သုံးသပ်ခြင်း
၂၁၃။ စိတ်ကောင်းရှိမှ ချမ်းသာရ
၂၁၄။ ဗုဒ္ဓဟောကြား ဆုံးမစကား
၂၁၅။ အဆဲကြမ်းသူအပေါ် မြတ်ဗုဒ္ဓ၏တုန့်ပြန်မှု
၂၁၆။ နိဗ္ဗာန်ဆီသို့ သွားကြစို့
၂၁၇။ တန်ဘိုးကြီးမား ဒို့လူသား
၂၁၈။ ဗောဓိသတ္တ ဘုရားလောင်း
၂၁၉။ အဦးဆုံးအလှူနဲ့ အဦးဆုံးသူ
၂၂၀။ ဗုဒ္ဓလက်ထက် ဝါကျွတ်ပွဲတော်
၂၂၁။ လေ့လာရင်းနဲ့ ဘုရားဖူးမယ်
၂၂၂။ ဘဝဆိုတာ ယာယီပါ
၂၂၃။ လက်တွဲဖော်စစ် ဖြစ်ပါစေ
၂၂၄။ မြတ်ဗုဒ္ဓနှင့် သူနာပြုလုပ်ငန်း
၂၂၅။ သတိ ဝဋ်လိုက်တတ်သည်
၂၂၆။ မျှော်လင့်ချက်တွေ ပြည့်ပါစေ
၂၂၇။ သာသနာကွယ်တာ ဘာ့ကြောင့်ပါလဲ
၂၂၈။ သီလပါရမီ ကိုယ်စီဖြည့်ကြစို့
၂၂၉။ အသက်ရာကျော် မထေရ်တော်လေးပါး
၂၃၀။ ပေးတတ်ပါစေ ဒို့အမွေ
၂၃၁။ မှန်ရာကိုသာ သစ္စာဆိုပါ
၂၃၂။ မျိုးဆက်သစ်နဲ့ ဘာသာရေး
၂၃၃။ လက်တွဲညီညာ သာသနာပြုနည်း
၂၃၄။ မြန်မာမှသည် ကမ္ဘာဆီသို့
၂၃၅။ ကထိန်လှူက အကျိုးကြီးလှ
၂၃၆။ ရိုသေနိုင်က ကောင်းကျိုးရ
၂၃၇။ လူ့ဘဝတန်ဘိုး ချစ်မြတ်နိုးပါ
၂၃၈။ မိတ်ဆွေစစ်တွေ ဖြစ်ပါစေ
၂၃၉။ ဒါနပါရမီ ကိုယ်စီဖြည့်ကြစို့ (၁)
၂၄၀။ ဒါနပါရမီ ကိုယ်စီဖြည့်ကြစို့ (၂)
၂၄၁။ ဒါနပါရမီ ကိုယ်စီဖြည့်ကြစို့ (၃)
၂၄၂။ ဒါနပါရမီ ကိုယ်စီဖြည့်ကြစို့ (၄)
၂၄၃။ ဗုဒ္ဓဟောကြား ဒေါသထိန်းချုပ်နည်းများ
၂၄၄။ ဗုဒ္ဓဟောကြား အပါယ်ငရဲကျကြောင်းတရား
၂၄၅။ မခံချင်စိတ်နှင့် ဘဝ၏ အနိမ့်အမြင့်များ
၂၄၆။ အသွင်တူက သင့်မြတ်ကြ
၂၄၇။ တိုးတက်ခြင်း၏ ရင်းမြစ်များ
၂၄၈။ ကောင်းသောစကား ဖြစ်သော်ငြား
၂၄၉။ ရုပ်ဆင်းလှဖို့ စိတ်ပြင်စို့
၂၅၀။ ထက်မြက် သွက်လက် ပရဟိတစိတ်ဓာတ်
၂၅၁။ ဝမ်းမြောက်ဖွယ်ရာတနေ့တာ
၂၅၂။ ကိုယ်စိတ်ကိုသာစီစစ်ပါ
၂၅၃။ ကိုယ်စိတ်ကိုသာဆုံးမပါ
၂၅၄။ ချစ်မြတ်နိုးပါဗုဒ္ဓသာသနာ
၂၅၅။ ဌာနသုံးရပ်မမေ့အပ်
၂၅၆။ ပွားများပါကုန်အရဟံဂုဏ်
၂၅၇။ ဘယ်လိုလူသားလဲ
၂၅၈။ မိဘနှင့်သားသမီး
၂၅၉။ မျိုးဆက်သစ်တို့အတုယူစို့
၂၆၀။ လူ့စိတ်ကိုနားလည်ခြင်း
၂၆၁။ လူသားနဲ့ရတနာသုံးပါး
၂၆၂။ လူသားနဲ့ကြိုးစားခြင်း
၂၆၃။ သံသရာခရီးမှာတနေ့တာ
၂၆၄။ သာယာလှပမိသားစုဘဝ
၂၆၅။ အသိပညာနဲ့အတက်ပညာ 
 
၂၆၆။ လင်နှင့်မယား
၂၆၇။ ဆုတောင်း
၂၆၈။ နာမည်နှင့်ကံရွေးချယ်မှန်
၂၆၉။ အတိတ်ကုသိုလ်နှင့်ဘဝဂုဏ်ရည်
၂၇၀။ လမြတ်ဝါဆို
၂၇၁။ ဗုဒ္ဓလက်ထပ်ဝါကျွတ်ပွဲတော်
၂၇၂။ ဗုဒ္ဓဘာသာနှင့်ကထိန်
၂၇၃။ ဟောသူ၊နာသူ၊ကျင့်သုံးသူ
၂၇၄။ လမ်းညွှန်ပေးပါမြတ်ဆရာ
၂၇၅။ လူသားနှင့်မာန
၂၇၆။ လူသားနှင့်ကံစွမ်းအား
၂၇၇။ ဓမ္မနဲ့သာမြှင့်တင်ပါ
၂၇၈။ မကောင်းတဲ့အတွေး၊ မကောင်းတဲ့စရိုက်၊ မကောင်းတဲ့အယူအဆ
၂၇၉။ မင်္ဂလာတရားကိုလေ့လာသုံးသပ်ခြင်း
၂၈၀။ အကုသိုလ်
၂၈၁။ ငယ်စဉ်အခါကြိုးစားပါ
၂၈၂။ မိတ်ကောင်းရှိမှချမ်းသာရ
၂၈၃။ အသောက၏သောကမျက်ရည်
၂၈၄။ ပုထုစဉ်နှင့်သောတပန်
၂၈၅။ ဂုဏ်တော်ကိုပွားစိတ်ထားကိုပြင်
၂၈၆။ ဒေဝဒတ်ဘဝအမည်ရသည့်တရားတော်
၂၈၇။ အရှင်အာနန္ဒာ၏ဘဝ
၂၈၈။ ဗုဒ္ဓနည်းကျအောင်မြင်သောဘဝ
၂၈၉။ အတုယူစရာအရှင်အာနန္ဒာ
၂၉၀။ အခြေခံဗုဒ္ဓဘာသာ
၂၉၁။ အကောင်းဆုံးလက်ဆောင်
၂၉၂။ တရားမကျင့်ခင်သိစေချင်
၂၉၃။ ဘဝလှဖို့ဝေယျာဝစ္စလုပ်ကြစို့
၂၉၄။ စည်းစိမ်ဥစ္စာနှင့်လောကပြဿနာများ
၂၉၅။ စိတ်ဓာတ်ခွန်အားနှင့်ဘဝကျန်းမာရေး
၂၉၆။ တရားမကျင့်ခင်သိစေချင်
၂၉၇။ တရားရေအေးအမြိုက်ဆေး
၂၉၈။ ဒါနပါသူ-မပါသူတရားတော်
၂၉၉။ ဗလနှင့်ဘယ
၃၀ဝ။ ဘုန်းကျက်သရေတိုးပါစေ
၃၀၁။ ယနေ့ကမ္တာွနှင့်မင်္ဂလာတရား (၁)
၃၀၂။ မြတ်ဗုဒ္ဓ၏အောင်မြင်ရေးလမ်းန်များ
၃၀၃။ မြတ်ဗုဒ္ဓ၏အောင်မြင်ရေးလမ်းန်များ (၂)
၃၀၄။ ယနေ့ကမ္တာွနှင့်မင်္ဂလာတရား (၁)
၃၀၅။ ဘဝသံသရာနှင့်ဆူးငြောင့် (၇)မျိုး
၃၀၆။ ဧတံ ဗုဒ္ဓါနသာသနံ
၃၀၇။ ဒေါသနှင့်မောဟ
၃၀၈။ ဒုက္ခများ၏ဖန်တီးရှင်
၃၀၉။ ဘဝသစ်၌တဖန်ဖြစ်ရခြင်း
၃၁၀။ ဘဝသစ်၌တဖန်ဖြစ်ရခြင်း (၂)
၃၁၁။ ပဓာနသုတ်ကိုလေ့လာသုံးသပ်ခြင်း
၃၁၂။ ကဆုန်လပြည့်ဗုဒ္ဓနေ့
၃၁၃။ ကျွန်းပေါ်ရောက်သူမရောက်သူ
၃၁၄။ လူသားနှင့်လောကပြဿနာများ
၃၁၅။ ဒေါသနှင့်လောကပြဿနာများ
၃၁၆။ သာမာဝတီနှင့်မာဂဏ္ဍီ
၃၁၇။ မတူညီခြင်းနှင့်လောကပြဿနာများ
၃၁၈။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား 
 
၃၁၉။ နတ်ကိုပူဇော်ပသက သရဏဂုံပျက်မပျက်
၃၂၀။ မိဘနှင့်သားသမီး (ဆားတောင်)
၃၂၁။ သားသမီးကြောင့်မိဘသေဆုံးက ကံကြီးထိုက်မထိုက်
၃၂၂။ မိဘနှင့်သားသမီး (တောင်သာ)
၃၂၃။ မိဘနှင့်သားသမီး (ချမ်းအေးသာစံ)
၃၂၄။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား-၂ (ထီးချိုင့်)
၃၂၅။ သားသမီးနှင့်မိဘ (ကျောက်ဆည်)
၃၂၆။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား-၃ (အောင်မြေသာစံ)
၃၂၇။ ဆရာနှင့်တပည့် (မြင်းခြံ)
၃၂၈။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား-၄ (မဟာအောင်မြေ)
၃၂၉။ ရေစက်မချကကုသိုလ်ရမရ (အောင်မြေသာစံ)
၃၃၀။ မွေးနေ့မင်္ဂလာပွဲကျင်းပသင့်မကျင်းပသင့် (ပုသိမ်ကြီး)
၃၃၁။ လူဒုသီလနှင့်ရဟန်းဒုသီလ (ချမ်းအေးသာစံ)
၃၃၂။ သားသမီးနှင့်မိဘ (နေပြည်တော်)
၃၃၃။ မိတ်ဆွေတုများသတိထား (မန္တလေးတောင်သာ)
၃၃၄။ ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့်အကျိုးပေးကံ (အောင်မြေသာစံ)
၃၃၅။ ပညာရင့်ကျက်ကြောင်းတရား (၈)ပါး (မြစ်ငယ်)
၃၃၆။ ခေတ်သစ်ကမ္တာွနှင့်ဗုဒ္ဓဘာသာ (မဟာအောင်မြေ)
၃၃၇။ ဆရာနှင့်တပည့် (ချမ်းအေးသာဇံ)
၃၃၈။ ဖုံးကွယ်ခြင်းသုံးပါး (ချမ်းမြသာစည် )
၃၃၉။ မိတ်ဆွေစစ်သာပြောင်းပေါင်းပါ 
 
၃၄၀။ ဘုရားလောင်းမိန်းမဘဝဖြစ်ဖူးမဖြစ်ဖူး (ပြည်ကြီးတံခွန်)
၃၄၁။ ခေတ်သစ်ကမ္တာွနှင့်ဗုဒ္ဓသာသနာ 
 
၃၄၂။ ဆရာနှင့်ဒကာ (တံတားဦး)
၃၄၃။ ခေတ်သစ်ကမ္တာွနှင့်သုတအဖြာဖြာ (မဟာအောင်မြေ)
၃၄၄။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား (၆) (အမရပူရ)
၃၄၅။ မိဘနှင့်သားသမီး ၊ သားသမီးနှင့်မိဘ (ပခုက္ကူ)
၃၄၆။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား (၅) (အောင်မြေသာစံ)
၃၄၇။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား (၆) (မြင်းမူ)
၃၄၈။ သာယာလှပမိသားစုဘဝ (ချမ်းအေးသာစံ)
၃၄၉။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား (၇) (ချမ်းအေးသာစံ)
၃၅၀။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား (၈) (ချမ်းအေးသာစံ)
၃၅၁။ ဆရာနှင့်တပည့်၊ တပည့်နှင့်ဆရာ (မဟာအောင်မြေ)
၃၅၂။ လင်နှင့်မယား၊ မယားနှင့်လင် (အောင်မြေသာစံ) 
 
၃၅၃။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား (၉) (ချမ်းအေးသာစံ)
၃၅၄။ နောင်တတရား (၁၀)ပါး (ချမ်းအေးသာစံ)
၃၅၅။ မိတ်ဆွေတုနှင့်မိတ်ဆွေစစ် (မဟာအောင်မြေ)
၃၅၆။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား (၁၀) (ဆားလင်းကြီး)
၃၅၇။ ခေတ်သစ်ကမ္တာွနှင့်ကထိန်အလှူတော်မင်္ဂလာ (အရာတော်)
၃၅၈။ အလုပ်ရှင်နှင့်အလုပ်သမား (မဟာအောင်မြေ)
၃၅၉။ ဆရာနှင့်ဒကာ၊ ဒကာနှင့်ဆရာ (တောင်သာ)
၃၆၀။ ခေတ်သစ်ကမ္တာွနှင့်ကထိန်အလှူတော်မင်္ဂလာ (ဆားတောင်)
၃၆၁။ ပစ္စည်းအမွေနှင့်ဓမ္မအမွေ (ကျောက်ဆည်)
၃၆၂။ အလုပ်ရှင်နှင့်အလုပ်သမား၊ အလုပ်သမားနှင့်အလုပ်ရှင် (မြင်းမူ)
၃၆၃။ စေခိုင်းသူနှင့်ပြုသူ အကုသိုလ်တူမတူ (အောင်မြေသာစံ)
၃၆၄။ ခေတ်သစ်ကမ္တာွနှင့်အရက်သေစာ (ချမ်းမြသာစည်)
၃၆၅။ စေခိုင်းသူနှင့်ပြုသူ၊ အကုသိုလ်တူမတူ (ကျောက်ဆည်)
၃၆၆။ လှူထားသည့်ပစ္စည်းမသုံးကအလှူရှင်မှာအကျိုးရမရ (တံတားဦး)
၃၆၇။ ဆိုဆုံးမလွယ်သူနှင့်ဆိုဆုံးမ မလွယ်သူ (မဟာအောင်မြေ)
၃၆၈။ မအောင်မြင်ခင် အောင်မြင်အောင်ပြင်ဆင်ခြင်း (ချမ်းမြသာစည်)
၃၆၉။ ခေတ်သစ်ကမ္တာွနှင့်ယဉ်ကျေးမှုပြဿနာ (အောင်မြေသာစံ)
၃၇၀။ ငရဲကြီးကငရဲလေးကိုနိုင်မနိုင် (အောင်မြေသာစံ)
၃၇၁။ မိမိဘာသာသီလဆောက်တည်လို့ရမရ (အောင်မြေသာစံ)
၃၇၂။ မေတ္တာပန်းတွေလန်းပါစေ (အောင်မြေသာစံ) 
၃၇၃။ 
ခေတ်သစ်ကမ္တာွနှင့်ချိန်ခါမဲ့သွားလာခြင်းပြဿနာ (ချမ်းအေးသာစံ)
၃၇၄။ ခေတ်သစ်ကမ္တာွနှင့်လောင်းကစားပြဿနာ
၃၇၅။ ဆေးဆရာကြောင့်လူနာသေရာ ကံထိုက်မထိုက် (မုံရွာ)
၃၇၆။ ကုသိုလ်ကိုသိပြီးပြုသူ မသိဘဲပြုသ ူ အကျိုးပေးတူမတူ (မဟာအောင်မြေ)
၃၇၇။ မိဘနှင့်သားသမီး (ရေစကြို)
၃၇၈။ ခေတ်သစ်ကမ္တာွနှင့်အပေါင်းအသင်းပြဿနာ (ချမ်းအေးသာစံ)
၃၇၉။ ယောကျာ်းပြုသည့်ကုသိုလ်ကိုမိန်းမကရမရ (ပြည်ကြီးတံခွန်)
၃၈၀။ လက်ညှိုးဖြတ်ပြီးဘုရားလှူသင့်မလှူသင့် (ပြည်ကြီးတံခွန်)
၃၈၁။ ခေတ်သစ်ကမ္တာွနှင့်ပျင်းရိခြင်းပြဿနာ (မြောင်)
၃၈၂။ မိဘနှင့်သားသမီး (ဒီပဲယင်း )
၃၈၃။ နွားကျောင်းသမားနှင့်တရားသမား 
 
၃၈၄။ မိစာအာဇီဝမှသမ္မာအာဇီဝသို့ပြောင်းလို့ရမရ (အောင်မြေသာစံ)
၃၈၅။ ခေတ်သစ်ကမ္တာွနှင့်ပျင်းရိခြင်းပြဿနာ (ချမ်းအေးသာစံ)
၃၈၆။ သားသမီးနှင့်မိဘ (ဒီပဲယင်း)
၃၈၇။ မြတ်ဗုဒ္ဓ၏ကြီးပွါးရေးလမ်းညွှန်များ (ဝန်းသို)
၃၈၈။ ခေတ်သစ်ကမ္တာွနှင့်မြတ်ဗုဒ္ဓ၏မင်္ဂလာတရား (ဝါဆိုကျောင်းတိုက်)
၃၈၉။ မအောင်မြင်ခြင်းနှင့်အောင်မြင်ခြင်း
၃၉၀။ မိဘနှင့်သားသမီး (စစ်ကိုင်း)
၃၉၁။ အဝတ်ဖြူပမာစိတ်ထားပါ (မဟာအောင်မြေ)
၃၉၂။ ကုသိုလ်ကိုသိပြီးပြုသူ မသိဘဲပြုသူ အကျိုးပေး တူမတူ (ဆိပ်ခွန်)
၃၉၃။ ရေစက်မချကကုသိုလ်ရမရ (ဆိပ်ခွန်)
၃၉၄။ အားလုံးအတွက်ပါဗုဒ္ဓဘာသာ (ပြည်ကြီးတံခွန်)
၃၉၅။ အမွေသုံးမျိုး (ငန်းဇွန်)
၃၉၆။ တရားအားထုတ်သူတိုင်းတရားရမရ (အောင်မြေသာစံ)
၃၉၇။ ဘုရားရှင်လက်ထက်မှာ ဒုလ္လဘရဟန်းရှိမရှိ (အောင်မြေသာစံ)
၃၉၈။ လူ့သက်တမ်းတိုလာရခြင်းအကြောင်းအရင်းများ (ချမ်းမြသာစည်)
၃၉၉။ သစ်ကြီးလေးပင် (ပုသိမ်ကြီး)
၄၀ဝ။ သစ်ကြီးလေးပင် (ပခုက္ကူ)
၄၀၁။ အိမ်ထောင်ရေးသာယာကြောင်းတရား (၁၀)ပါး (ဝါဆိုကျောင်း)
၄၀၂။ ဇာတိဿရဏ် (အောင်မြေသာစံ)
၄၀၃။ လူ့သက်တမ်းတိုလာရခြင်းအကြောင်းအရင်းများ (မြင်းခြံ)
၄၀၄။ လူအမျိုးမျိုးစရိုက်အထွေထွေ (စစ်ကိုင်း)
၄၀၅။ ဆွမ်းတော်တင်စာ စားအပ်မစားအပ် (ချမ်းမြသာစည်)
၄၀၆။ အြွကင်းအကျန်ကိုလှူကောင်းမလှူကောင်း (ချမ်းမြသာစည်)
၄၀၇။ အဖန်ငါးရာငါးကမ္တာွ (ချမ်းမြသာစည်)
၄၀၈။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၀၉။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၀။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၁။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၂။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၃။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၄။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၅။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၆။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၇။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၈။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၁၉။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၂၀။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၂၁။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၂၂။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၂၃။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)
၄၂၄။ ဆွမ်းအနုမောဒနာ (ဝါဆိုကျောင်းတိုက်)