Dhamma Download
 

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

download Myanmar font

 

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ လုမ္ဗိနီဥယျာဉ်တွင် ပထမဦးဆုံးတည်ဆောက်မည့်

ဇွဲကပင်တောင် ဆံတော်ရှင် Cable Car စီမံကိန်း

 

အတွက် ဓမ္မဒေါင်းလုပ် မိသားစုများမှ အလှုငွေကို ဝိုင်းဝန်းကောက်ခံပေးပါသည်။

 

အသေးစိပ် အကြောင်းအရာများကို သိလိုပါက ဒေါ်မြနန်းနွယ် ၉၀၀၉၁၃၆၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

https://www.facebook.com/MountZwekabin

 

စီမံကိန်းဖြစ်မြောက်ရေး ကော်မတီ

~~~~~~~~

 

ပီနန်ဆရာတော် ၀၉၄၃၂၀၁၀၉၀

ဇွဲကပင်တောင်ဆရာတော် ၀၉၈၇၃၁၀၀၈

သုံထပ်ကျောင်း ဆရာတော် ၀၉၅၁၃၅၈၄၆

ဦးယဉ်ထွေးဆွေ (ဥက္ကဋ္ဌ) ၀၉၄၃၁၁၁၁၁၈

ဦးအောင်မင်း (အထွေထွေအတွင်းရေးမှုး) ၀၉၅၆၆၁၀၁၂

ဦးခွန်တင်သန်း (အတွင်းရေးမှုး-၁)  ၀၉၄၄၉၂၅၁၀၅၀

ဦးစောအောင်ချစ် (အတွင်းရေးမှုး-၂) ၀၉၈၇၃၀၄၁၁

ဦးမိုးဝင်း (အတွင်းရေးမှုး-၃) ၀၉၅၁၄၇၅၀၇

ဦးအောင်သန်း (ဘဏ္ဍာရေးမှုး) ၀၉၈၇၃၀၆၉၅

 

 

လှုဒါန်းရန်
-----------

 

၁) လူကိုယ်တိုင် တွေ့ဆုံ၍ လှုဒါန်းရန် - ေဒါ်မြနန်းနွယ် ၉၀၀၉၁၃၆၈ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

 

 

၂) ATM or iBanking မှ လှူဒါန်းရန် -

 

အလှူရှင်များသည် အောက်ပါ DBS Saving Plus အကောင့်ထဲသို့ တိုက်ရိုက် လှုဒါန်းနိုင်ပါသည်...
၀၇၀-ဝ-၀၁၂၂၅၇
070-0-012257
 

အလှုငွေ လွှဲပြီးပါက အလှုရှင် စာရင်းပြုစုရန်အတွက် အောက်ပါ အကြောင်းအရာ ၃ ချက်ကို dhammadownload.admin@gmail.com သို့ email ပို့ပေးပါရန်လည်း မေတ္တာ ရပ်ခံပါသည်...

၁) အလှုရှင်၏ နာမည် အပြည့် အစုံ၊
၂) လှုဒါန်းသည့် အကြောင်းအရာ - ဇွဲကပင်တောင် ဆံတော်ရှင် Cable Car စီမံကိန်း
၃) လွှဲသည့် ပမာဏ -

၄) ဆက်သွယ်ရန် ဖုံးနံပါတ် -
 

 

~~~~~~

ဆက်သွယ်စုံစမ်းရန်

ဦးသန်းစိန် ၉၀၇၃၄၁၄၆

ဒေါ်မြနန်းနွယ် ၉၀၀၉၁၃၆၈

ကိုဝင်းဘို ၉၈၃၂၁၈၆၆

ကိုအောင်နိုင် ၉၂၂၇၇၄၉၁

ကိုကျော်လွင် ၉၇၃၆၅၀၃၄

 

******************************************************

ဇွဲကပင်တောင် ဆံတော်ရှင် သမိုင်း အကျဉ်းချုပ်း

******************************************************

 

ဇွဲကပင်တောင် ဆံတော်ရှင် စေတီတော်သမိုင်းသည် ကျိုက်ထီးရိုးစေတီ၊ ဇင်ကျိုက်တောင်စေတီနှင့် မုလအိစေတီတို့၏ သမိုင်းကြောင်းနှင့် ခေတ်ပြိုင်ဖြစ်သည်။ ဇွဲကပင်တောင်ခြေရှိ ပအာဝနမြိုကတော်ကို တည်ထောင်စိုးစံခဲ့သော "လုဒ္ဓယောဓ ရာဇာ" ကရင်မင်းသည် သုဓမ္မဝတီ သထုံပြည်ကို အုပ်ချုပ် မင်းလုပ်တော်မူသော တိဿဓမ္မသီဟရာဇာမင်း၊ ပိုင်တရောဒုံကိုအုပ်ချုပ်သော စောပညာ၊ အိန္ဒရာဇာမင်းတို့နှင့် ထီးပြိုင် နန်းပြိုင်ပြုကာ "ပေအာဝနနေပြည်တော်" ကို စိုးစံ အုပချုပ်ခဲ့သည်။

ထိုမင်းလက်ထက် သုဓမ္မဝတီမြိုကသို့ မြတ်စွာဘုရားသခင် ရဟန္တာ(၅၀၀)နှင့်တကွ ကြွတော်မူလာစဉ် မြတ်စွာဘုရား ထံတော်မှ ရရှိခဲ့သော ဆံတော် (၆)ဆူအနက် ဆံတော်မြတ်တစ်ဆူကို သီဟကုမာရ ရသေ့သည် မိမိသီတင်းသုံးတော်မူနေသော ဗန္ဓဝဂီရိတောင်ထိပ် အစွန်းတွင် စေတီတည်၍ ဋ္ဌာပနာသွင်းတော်မူပြီး စေတီတော်အား "ဗန္ဓဝဂီရိ ဇွဲကပင်စေတီ" ဟု ဘွဲ့တော် သမုတ်ခဲ့လေသည်။ အချိန်ကား မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဖြစ်သည်။

ဘုရားရှင်၏ ဆံတော် (၆)ဆူအား ကျိုက်ထီးရိုးစေတီတော်တွင် (၃)ဆူ၊ ဇင်ကျိုက်တောင်စေတီတွင် (၁)ဆူ၊ ကေလာသတောင်စေတီတွင် (၁)ဆူနှင့် ဇွကြပင်တောင်စေတီတွင် (၁)ဆူ ဋ္ဌာပနာပြု ပူဇော်ခဲ့သည်ဟု သိရသည်။

ဇွဲကပင်တောင်အား ရှေးအခါက အမည်အမျိုးမျိုးဖြင့် ခေါ်တွင်ခဲ့ကြသည်။ လုဒ္ဓယောဓမင်း တောကစားထွက်စဉ် လှံတော်ပျောက်ခဲ့သောကြောင့် ကရင်ဘာသာဖြင့် "ဇွဲကပင်" ဟုလည်းကောင်း၊ ရှေးအခါက နိုင်ငံရပ်ခြားမှလာသော လှေ၊ သင်္ဘောတို့ ထိုတောင်၏ အတွဋ်၌ ကပ်ချည်တွဲထားတတ်သောကြောင့် တလိုင်းကရင်မျိုးများက "ဒိုကရွယ်ကဗန်း" ဟုလည်းကောင်း၊ ဤတောင်တွင် ညောင်ချဉ်ပင်များ ပေါများသောကြောင့် မွန်လူမျိုးတို့က ညောင်ချဉ်ပင်တောင် "ဇဝယ်ကဗန်" ဟုလည်းကောင်း၊ ခေါ်တွင်ခဲ့ကြသည်။

ဇွဲကပင်တောင်သည် ဘားအံမြို့၏ တောင်ဘက် (၇)မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် (၂၇၃၄)ပေ မြင့်ပြီး၊ တောင်နှင့်မြောက် မိုင်(၂၀)ခန့်မျှ သွယ်တန်းရှည်လျှားသည်။

ဆရာတော် ဦကဝိဇေ (ဓမ္မကထိက၊ ဗဟုဇနဟိတဓရ) အရှင်သူမြတ်သည် သံဃာအဖွဲ့များနှင့် လူဥပသကာအဖွဲ့များမှ ဇွဲကပင်တောင်တော်ကို အမျိုးဘာသာ သာသနာ ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်ပေးပါရန် လျှောက်ထားကြသဖြင့် ၁၃၅၁-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်နေ့တွင် ဇွဲကပင်တောင်ကြီးကို လက်ခံခဲ့ပြီး သာသနာပြုလုပ်ငန်းများကို နေ့မအား၊ ညမအား ဇွဲလုံ့လကြီးစွာ ကျင့်ကြံဆောင်ရွက်တော်မူခဲ့သည်။ ဇွဲကပင်တောင်တော်အား သတ်သတ်လွတ် ဘေးမဲ့သာသနာ့နယ်မြေအဖြစ် ၁၃၅၁-ခုနှစ် တပို့တွဲလပြည့်နေ့တွင် ကြေငြာသတ်မှတ်ခဲ့သည်။ ဆရာတော်သည် လွန်ခဲ့သော နှစ်(၅၀)ခန့်မှ ယနေ့ထိတိုင် သတ်သတ်လွတ်ဆွမ်းကိုသာ ဘုန်းပေးတော်မူပြီါ် အဓိဋ္ဌာန်ဝင်ခြင်း၊ နေ့ ည ဓမ္မစြင်္ကာပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆေးရုံ၊ ဆေးရုံသုံးပစ္စည်းများ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ တည်ဆောက်ပေးခြင်းများအပြင် ကျေးရွာအနှံ့ ဘုရားရှင်၏ တရာတော်များကို ဟောကြားဆုံးမပေးနေသော အများကြည်ညို အားထားရသည့် ဆရာတော်ကြီးတစ်ပါး ဖြစ်သည်။

ဆရာတော်ကြီးသည် ဇွဲကပင်တောင်ခြေတွင် လုမ္မနီဥယျာဉ်တော်၊ အဗ ္ဘန္ဓရ သရက်ဥယျဉ်တော် စသည်ဖြင့် များပြားလှသော သာသနာပြုလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ ဇွဲကပင်တောင် ဆံတော်ရှင်စေတီသည် မြင့်မားအတ်စောက်သော ခရီးလမ်းခက်ခဲသောကြောင့် မတက်နိုင်သဖြင့် (၇)ရက်သားသမီးများ စေတီတော်အား ပင်ပန်းဆင်းရဲမှုကင်းစွာ တက်ရောက်ဖူးမြော်နိုင်ရန်အတွက် Cable Car တပ်ဆင်ရန် လွန်ခဲ့သော နှစ်ပေါင်း (၂၀)ခန့်ကတည်းက သစ္စာဆို အဓိဋ္ဌာန်ပြုခဲ့သည်။ အခြေအနေအမျိုးမျိုးကြောင့် တပ်ဆင်နိုင်ရန် မရှိခဲ့ပါ။ သို့သော်....

 

ယ္ခုအခါ ကမ္ဘာသာသနာပြု မဟာသနိ ္တသုခကျောင်းတော်ကြီး မူလပဓာန နာယက ပီနန်ဆရာတော်၊ ဇွဲကပင်တောင်ဆရာတော်၊ သာသနာ့ဇေယျမင်္ဂလာ ပရိယတ္တိစာစသ်တိုက် (သုံးထပ်ကျောင်း) ဆရာတော် စသည့် ဆရာတော်ကြီး (၃)ပါး ကြီးမှုးဦးဆောင်မှုဖြင့် မလေးရှား SMET SDA BHD ကုမ္မဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာ ဇွဲကပင် ဆံတော်ရှင် Cable Car စီမံကိန်းကြီးကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်သည်။

Cable Car သည် လူ(၄)ထိ စီနိုင်သော အကြီးစားဖြစ်ပြီး Cable ကြိုးကို Electric Motor (လျှပ်စစ်မော်တာ) ဖြင့် ဆွဲတင်ပို့ရသည့် တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသည့် စနစ်ဖြစ်သည်။ Cable ကြိုးသည် အချင်း (၃၈) မိလီမီတာ ရှိပြီး သက်တမ်း (၁၀)နှစ်မှ (၁၅)နှစ်အထိ ခံနိုင်အားရှိသည်။ Cable Car စနစ်အတွက် လိုအပ်သည့် အစိတ်အပိုင်းများကို ဆွစ်ဇာလန်နှင့် သြစောတးလျနိုင်ငံတို့မှ မှာယူမည်ဖြစ်ပြီး မလေးရှားမှ ပညာရှင်နှင့် မြန်မာအင်ဂျင်နီယာများ ပူပေါင်း၍ နိုင်ငံတကာ အတင့်မှီ တည်ဆောက်မည်ဖြစ်သည်။ ဘုရားဖူး Cable Car စီးသူများ အဆင်ပြေ ချောမွေကစေရန် လုံခြု့ရေးစနစ်ကို အထူးဂရုပြု ဆောင်ရွက်ထားပါသည်။

၁။ လူ(၄၀)ကျော်လျှင် Cable Car အလုပ် မလုပ်သည့်စနစ်

၂။ အပေါ်ရပ်နားနေရာ၊ အောက် ရပ်နားနေရာရောက်မှ တံခါးဖွင့် ပိတ်နိုင်သည့်စနစ်

၃။ ရုတ်တရက် အတက်အဆင်းပြုလုပ်နေသည့်အချိန်တွင် လျှပ်စစ်မီးပြတ်တောက်၍ လမ်းတဝက်တွင် ရပ်နားမှုမရှိစေရန် မိးစက်များဖြင့် အလိုအလျှောက် လည်ပတ်သည့်စနစ်များကို ပြုလုပ်ထားပါသည်။

Cable Car ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းရေးကော်မတီကို ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရပ်ခြားပညာရှင်များမှ နေ့အလိုက်၊ လအလို့်၊ နှစ်အလိုက်၊ စစ်ဆေးပြုပြင်ခြင်းများကို စနစ်တကျ သင်တန်းပို့ချကာ နည်းပညာများကို လက်ဆင့်ကမ်းပေးသွားမှာ ဖြစ်ပါသည်။

Cable Car တပ်ဆင်မှုပြီးသါားပါက အထက်နှင့်အောက် ရပ်နားနေရာ (၁၆၅၀)မိတာကွာဝေးသော ဇွဲကပင်တောင် ဆံတော်ရှင်စေတီတော်မြတ်ကြီးအား မိနစ်အနည်းငယ်ခန့်ဖြင့် ဖူးမြော်နိုင်မည် ဖြစ်သည်။ ယခင်က ဇွဲကပင်တောင်ဆံတော်ရှင် စေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြသူများသည် ခြေလျင်တက်ရာတွင် အချိန်(၂)နာရီခွဲ၊ (၃)နာရီခန့် ပင်ပင်ပန်းပန်း တက်ရောက် ဖူးမြော်နေရသည်မှာ ခက်ခဲလှပါသည်။

ဤ Cable Car စီမံကိန်း ပြီးစီသွားပါက ဇွဲကပင်ဆံတော်ရှင်စေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြသူများသည် ပင်ပန်းဆင်းရဲမှုမရှိစေဘဲ Cable Car စီးပြီး အမြင့်မှနေ၍ ဒေသရှုခင်းများကိုကြည့်ရှုခံစား ပျော်ရွှင်ကြည်နူးစွာဖြင့် ဇွဲကပင်ဆံတော်ရှင်စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်နိုင်မှာဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တခုတည်းသော Cable Car ဖြစ်သောကြောင့် ကရင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတကလာပြီး စီးပွားရေးအခွင့်အလမ်းတွေ ရရှိလာရုံမက မြန်မာနိုင်ငံရဲ့ ခရီးသွာလုပ်ငန်းလည်း တိုးတက်လာမှာဖြစ်ပါသည်။ နိုင်ငံခြားဝင်ငွေများလည်း ရရှိလာမည် ဖြစ်ပါသည်။ ဇွဲကပင်တောင်ကိုလည်း တစ်ကမ္ဘာလုံးက သတိထား သိသွားမည့် စီမံကိန်းတစ်ခု ဖြစ်ပါသည်။

ယင်းစီမံကိန်း၏ ကုန်ကျမည့်စရိတ်မှာ အမေရိကန်ဒေါ်လာ သန်း(၂)ကျော် ကုန်ကျမှာဖြစ်ပြီး ဘာသာရေးစီမံကိတန်းဖြစ်သည့်အတွက် ဆရာတော်ကြီး (၃)ပါးမှ ဦးဆောင်ပြီး စေတနာရှင်များရဲ့ လှူဒါန်းငွေများဖြင့် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုရ အဖွဲ့အစည်းမျာဒ၊ ဒေသခံပြည်သူများနှှု့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်လုပ်ဆောင် အကောင်အထည်ဖေါ်သွာမှာ ဖြစ်ပါသည်။

ဤသို့မွန်မြတ်ထူကဲကြုံခဲလှသည့် အလှူတော်ကြီးအား မြန်မာနိုင်ငံတော်တစ်လွှား ကမ္ဘာအနှံ့အပြားနှှု့် နိုင်ငံတကာအသီးသီးတို့မှ စိတ်ထားကြည်လင် သူတော်စင်အပေါင်းတို့အား ပါဝင်လှူဒါန်းနိုင်ကြပါရန် ပန်ကြားနှိုါ်ဆော်လိုက်ရပါသည်။

 

စီမံကိန်းဖြစ်မြောက်ရေး ကော်မတီ

 

ပီနန်ဆရာတော် ၀၉၄၃၂၀၁၀၉၀

ဇွဲကပင်တောင်ဆရာတော် ၀၉၈၇၃၁၀၀၈

သုံထပ်ကျောင်း ဆရာတော် ၀၉၅၁၃၅၈၄၆

ဦးယဉ်ထွေးဆွေ (ဥက္ကဋ္ဌ) ၀၉၄၃၁၁၁၁၁၈

ဦးအောင်မင်း (အထွေထွေအတွင်းရေးမှုး) ၀၉၅၆၆၁၀၁၂

ဦးခွန်တင်သန်း (အတွင်းရေးမှုး-၁)  ၀၉၄၄၉၂၅၁၀၅၀

ဦးစောအောင်ချစ် (အတွင်းရေးမှုး-၂) ၀၉၈၇၃၀၄၁၁

ဦးမိုးဝင်း (အတွင်းရေးမှုး-၃) ၀၉၅၁၄၇၅၀၇

ဦးအောင်သန်း (ဘဏ္ဍာရေးမှုး) ၀၉၈၇၃၀၆၉၅

 

 

History of Sacred Hair Enshrined Pagoda

The History of Mt. Zwekabin, sacred hair enshrined pagoda was historic contemporary with Mt.Kyaikhteeyoe pagoda, Mt.Zingkyaik pagoda and Mulaea pagoda. The capital Paarwana at the bottom of Mt.Zwekabin was ruled by Kayin king called Luddha yodha Raja while king Tissa Dhamma Raja was ruling Thahton and king Saw Banyar Inda Raja was ruling Paingtaraw don
During the age of King Tissa Dhamma Raja, Lord Buddha and 500 Arahants came to Sudhamma Vati Capital. and the King received six sacred hairs. Siha Kumara, the hermit took one of those sacred hairs and enshrined it into pagoda. It was built at the top of Mount Vandava Giri. It was called Vandava Giri Zwekabin pagoda in BC-589. Lord Buddhas six sacred hairs were enshrined in four pagodas: three sacred hairs in Mt. Kyaik Htee Yoe pagoda, one in Mt. Zingkyaik pagoda, one in Mt. Kelase pagoda, and one in Mt. Zwekabin pagoda.
Mt. Zwekabin was called in various names in the past. King Luddha Yodha lost his spear and named Moutain as Zawe Pinlin In the ancient time Foreign Ship and boats are tied up at the edge of the Mountain and "called" Dokarwe kaban "by Mon-Kayin people. Many sour banyan trees are grown on the Mountain and called Zwekabin also. Mt. Zawekaban located above 2374 feet of sea level in the south of Hpa-an capital of Kayin state. It is far from Hpa-an township and long 20 mile by laying north from south.
Buddhist Monk Organization and Lay Buddhist organization requested U kavidhaja to make the development of Mt. Zwekabin. Therefore, U kavidhaja accepted their request in the first week of February 1990 and was became Mt. Zwekabin Sayadaw. Sayadaw U kavidhaja has been doing the noble tasks of Buddhist Mission. He declared the area of Sandawshin, Mt. Zwekabin as a librated sanctuary and took vegetarian meal since 50 years ago. Has been practising meditation, recite the Patthana (conditional relation) teaching of Buddha Dhamma and so on, he became a Sayadaw who was respected by a lot of people not only in Kayin state but also around the country. Sayadaw also built Lumbini Garden Abbandara Mango Garden at the bottom of Mt. Zwekabin.
Nowadays, the Three Venerable Chief Monks of Maha Santisukha Penang Sayadaw, Zwekabin Sayadaw and Sasanajaya Mangala Thonedup kyaung Sayadaw are leading and supervising Mt. Zwekabin cable car project with the cooperation of Malaysia SMET DA BHD Company and the Technicians of Myanmar Engineering Association. The cable car can carry 40 persons per time and driven with the big size cable car by electric motor and worldwide using cable rope is 30 mm and diameter and lasted for about 10 to 15 years. Now cable car and accessories are ordered from Switzerland and Austria. Malaysia-myanmar technicians have jointly constructed it, according to international standard. For the convenient and safety of the pilgrims and tourists it will be carefully installed.

The automatic running system will give response as follow. The system will be checking itself when there is over load and the cable never leaves from the stations. It will be using automatic open and close door system at down station and up station. The automatic door system will be closing when the cable car leaved from the stations and opening when arrived to the stations automatically. If the electric goes out, the system will run with automatic backup generator.
Foreign technicians will train to local technicians for weekly, monthly and yearly maintenance for long lasting cable car, after it already installed. It is high of 1650 meter. In the past, it will take about 2:30 or 3 Hr to the top of mountain by foot. It will take a few minute to pay respect to Mt. Zwekabin Zedi, when they reached the top of Mt. Zwekabin by the cable car. They can see a pleasant view at high and low places from cable car.
Cable car is one and only system in the Union of Myanmar, so that development states tourism, economy and foreign income. Mt. Zwekabin will be reputed as a famous place of tourism in Myanmar. Total cost of Mt. Zwekabin cable car project estimated about US $ 20 million. Having the purpose of religious project, Three Venerable Sayadaw take care the project with the donation of Buddhist devotees and well-wisher from home and abroad. As well as the government, regional people, peacemaking groups will also participate in this project. Moreover, the visitors will lead to the top of Mt. Zwekabin without any difficulties and will have good scenery from the cable car. As the cable car will be the first in Myanmar and Kayin state will be developing.
The opportunity of economy will be more for local people. Mt. Zwekabin will be a welcome place for tourists from many countries after the cable car project completely finish. For such a rare opportunity, we would like kindly to request you and your family, generously to donate for may the cable car project succeed earlier.

Cable Car Project Committee

 

 

******************************************************

အလှူရှင်များ စာရင်း

******************************************************

 

ထပ်မံဖေါ်ပြပါမည်

စဉ်   အလှုရှင်အမည် လှုဒါန်းသည့် နေ့   လှုဒါန်းငွေ
           
           
၄   Sai Kham Hlaing ၇-၁-၂၀၁၄ စင်ကာပူဒေါ်လာ ၇၀
၃   Ma Tamoe Khaing ၂၄-၁-၂၀၁၄ စင်ကာပူဒေါ်လာ ၅၀
၂   Hnin Thiri Lwin ၁၈-၁၁-၂၀၁၃ စင်ကာပူဒေါ်လာ ၁၁၀
၁ ။ မစိုးမေသူလွင်  ၁၂-၂-၂၀၁၄ စင်ကာပူဒေါ်လာ ၁၀
           
           
    ခန့်မှန်းခြေ စုစုပေါင်း စင်္ကာပူဒေါ်လာ     ၂၄၀
           
           
စဉ်   ဆရာတော်အား ပြန်လည်  အပ်နှံငွေ      
           
၁ ။ ပြန်လည်အပ်နှံငွေ ၁၇-၃-၂၀၁၄ စင်ကာပူဒေါ်လာ ၂၄၀
           
    စုစုပေါင်း  ပြန်လည်  အပ်နှံငွေ     ၂၄၀
           
    စုစုပေါင်း စင်္ကာပူဒေါ်လာ (လက်ကျန်ငွေ)     ဝ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Â