Dhamma Download

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

download Myanmar font

 

 

 

 

 

ပြည်ပမှ အဘိဓမ္မာ စာသင်သားများ ဝမ်းမြောက်ဖွယ်



ပြည်ပရောက် ဓမ္မမိတ်ဆွေ အပေါင်းတို့ အတွက် အဘိဓမ္မာ စာမေးပွဲများ အလွယ်တကူ ဖြေဆိုနိင်ရန်အတွက်

ပြည်ထောင်စုမြန်မာနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာနမှ ပြည်ပတွင် အဘိဓမ္မာစာမေးပွဲ ကျင်းပခွင့်ကို
 


၁) စင်္ကာပူနိုင်ငံရှိ မင်္ဂလာဝိဟာရကျောင်း ကို လည်းကောင်း၊


www.mangalavihara.org.sg
Mangala Vihara Buddhist Temple, 30 Jalan Eunos, Singapore 419495
 


၂) အင်္ဂလန် နိုင်ငံရှိ လန်ဒန်ဝိဟာရကျောင်း ကို လည်းကောင်း


http://www.londonvihara.org.uk/
1 Old Church Lane, Kingsbury, London, NW9 8TG Tel: 020 8200 6898
 


အထက်ဖေါ်ပြပါ ကျောင်းများကို၊ ပြည်ပ အဘိဓမ္မာ စာစစ်ဋ္ဌာန (၂) နေရာအဖြစ် တရားဝင် ခွင့်ပြုခဲ့ပါသည်။
 

 


**************************************
အင်္ဂလန်နိုင်ငံတွင် အဘိဓမ္မာ ဖြေဆိုလို သူများ အတွက်
**************************************

ဆက်သွယ်ရန်။

၁) လန်ဒန်ဝိဟာရကျောင်း၊ လန်ဒန်မြို့
အရှင်ကုသလာနန္ဒ   (+44) 07533 336 448  venmudon50@gmail.com   ven.mudon@gmail.com

အရှင် ၀ိသုတာစာရ   (+44) 07515 729 446 ashinvisutasara@gmail.com 
 

 

၂) အင်္ဂလန်နိုင်ငံ တိသရဏဝိဟာရ ထေရဝါဒ ဗုဒ္ဓဘာသာ အသင်း

357 Nelson Road, Whitton, Twickenham, London, TW2 7AG
Tel : +44 (0)20 8898 6965
Email: tisarana.uk@gmail.com

**************************************
စင်္ကာပူနိုင်ငံ အဘိဓမ္မာ ဖြေဆိုလို သူများ အတွက်
**************************************

 

၂၀၁၃ ခုနှစ် အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် (စင်္ကာပူ)

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့...
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန မှ ကျင်းပပြုလုပ်သော အဘိဓမ္မာ (ရိုးရိုး) ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် နှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲဆိုင်ရာ ၀င်ခွင့်လျှောက်လွှာများကို မင်္ဂလာဝိဟာရကျောင်း (30 Jalan Eunos Singapore 419495) တွင် ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

✍ စာမေးပွဲကျင်းပမည့်ရက် ✍


အဘိဓမ္မာပထမဆင့် (ဒီဇင်ဘာလ (၁၃) ရက်၊ သောကြာနေ့)
အဘိဓမ္မာဒုတိယဆင့် (ဒီဇင်ဘာလ (၁၄) ရက်၊ စနေနေ့)
အဘိဓမ္မာတတိယဆင့် (ဒီဇင်ဘာလ (၁၅) ရက်၊ တနင်္ဂနွေနေ့)
စာမေးပွဲကျင်းပမည့်အချိန် ။ ။ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁:၃၀ မှ ညနေ ၅:၃၀ အထိ
ကျင်းပမည့်နေရာ ။ ။ မင်္ဂလာဝိဟာရကျောင်း ၊ ဒုတိယထပ် ၊ Chew Quee Neo Hall

 

လျှောက်လွှာများ


အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲကြေငြာချက်

အဘိဓမ္မာစာမေးပွဲ ၀င်ခွင့်တောင်းပုံစံ


အဘိဓမ္မာ (ရိုးရိုး) အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ၀ိသုဒ္ဓိမဂ် ၀င်ခွင့်လက်မှတ်

ဖြေဆိုသူတစ်ဦးလျှင် ဝင်ခွင့်တောင်းခံလွှာ (၂) စုံ၊ ဝင်ခွင့်ကဒ် (၂)စုံ ဖြည့်ရပါမည်။

 

ဝင်ခွင့်တောင်းခံလွှာ ၀င်ခွင့်ကဒ်

လျှောက်လွှာထုတ်ယူနိုင်သည့်နေ့ရက်နှင့် အချိန်

စနေနေ့ ။ ။ ညနေ (၅း၀၀) နာရီမှ ည (၉း၀၀) အထိ
တနင်္ဂနွေနေ့ ။ ။ ညနေ (၅း၀၀) နာရီမှ ည (၉း၀၀) အထိ


ဖောင်ဖြည့်ရာတွင် လိုအပ်သည့် အချက်အလက်များ
 

၁။ ဖြေဆိုမည့်သူအမည်

၂။ ဖြေဆိုမည့်သူ၏ အမျိုးသားမှတ်ပုံတင်အမှတ်

၃။ ဖြေဆိုမည့်သူ အလုပ်အကိုင်

၎။ ဖြေဆိုမည့်သူ၏ အဘအမည်

၅။ ဖြေဆိုမည့်သူ၏ နေရပ်လိပ်စာ အပြည့်အစုံ (စင်္ကာပူလိပ်စာ)

၆။ သင်တန်းဆရာတော်အမည်နှင့် သင်တန်းလိပ်စာ

၇။ ၂-လက်မပတ်လည် ဓာတ်ပုံ (၄) ပုံ

(ဝင်ခွင့်ကဒ်တွင် ဓာတ်ပုံနှစ်ပုံကပ်၍ ဓာတ်ပုံအလွတ် (၂) ပုံ၏ နောက်ကျောတွင် ဖြေဆိုမည့်သူ၏အမည်၊ အဘအမည်၊ ဖြေဆိုမည့်စားမေးပွဲကို ထင်ရှားစွာ ရေးသားပေးပို့ရမည်။)


လျှောက်လွှာနောက်ဆုံးအပ်ရမည့်နေ့
အောက်တိုဘာ (၁၃) ရက်၊ တနင်္ဂနွေနေ့ ည ၉း၀၀ နာရီ။


 

စုံစမ်းရန်

အရှင် စက္ကပါလ (8191 0822)
ကိုဇော်မျိုးမင်း (9047 9374)


 
Link : http://www.abhidhammafoundation.org/index.php?option=com_content&view=article&id=164&Itemid=85