အ
တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
~~~~~~~~~~~~~~~~ ငြိမ်းဋ္ဌေးစိန် ၉၈၂၅၀၁၃၁ ဒေါ်စောလေးစိန် ၉၈၅၂၀၈၁၇ ဒေါ်ခင်ကြူကြူ ၉၁၄၄၇၆၈၉
**************************
- လူငယ်များ အသိမှန် အမြင်မှန် ရရှိပြီး၊ လက်တွေ့ဘဝတွင် အသုံးချနိုင်စေရန်
- မြတ်ဗုဒ္ဓ၏ အမွေအနှစ်ဖြစ်သော သီလ၊ သမာဓါ၊ ပညာ သိက္ခာသုံးပါးကို
နားလည်သဘောပေါက်ပြီး၊ မျိုးဆက်သစ် လူငယ်များအနေဖြင့် ဆက်လက် သယ်ဆောင်ရန်
- ကိုယ်၊ နှုတ်၊ စိတ် အပြုအမူသုံးပါးစလုံး ယဉ်ကျေးလိမ္မာ သိမ်မွေ့မှုကို
မြတ်နိုး တန်ဖိုးထားတတ်စေရန်၊
- သာသနာ၏ အနှစ်ဖြစ်သော “သတိ” နှင့် ဝိပဿနာတရား အားထုတ်ခြင်းသည်
အရေးကြီးဆုံး အလုပ်ဖြစ်ကြောင်း သိရှိနားလည်စေရန်
ထို့အပြင် ရိုရိုသေသေ အားထုတ်သူများအား မရေမတွက်နိုင်သော ဝိပဿနာအကျိုးများ
ရရှိနိုင်စေရန် ဖြစ်ပါသည်။
အောက်ပါ အစီအစဉ်များကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ အဆုံးအမ
တိုင်း စာတွေ့ လက်တွေ့ လေ့လာ အားထုတ်ကြမည် ဖြစ်ပါသည်။
- ဗုဒ္ဓဘာသာ အခြေခံ သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်
- လူငယ်များအတွက် ဝိပဿနာ တရားစနစ်တကျ အားထုတ်နည်း
- သမ္မာ သတိ ဖြစ်ပွားရေးနှင့် အားကောင်းထက်မြက်သော သတိ ဖြစ်စေရန်
လုပ်ဆောင်ပုံ
- ဝိပဿနာတရား အရေးကြီးပုံနှင့် လက်တွေ့ ဘဝတွင် အသုံးချပုံ
- နေ့စဉ် တရားနာယူခြင်း၊ မေတ္တာပွားခြင်း၊ ဆရာတော်များထံမှ သီလယူခြင်း
- တရားအားထုတ်ရာတွင် သဘောပေါက် နားလည်စေရန် အထောက်အကူ ပစ္စည်းများ
(video/slideshow) များကို အတွေ့အကြုံရှိသော ယောဂီများ၏ အကူအညီဖြင့်
လက်တွေ့ သရုပ်ပြ သင်ကြားခြင်း
- အမေးအဖြေ ကဏ္ဍ
၅ ရက် တရားစခန်း အစီအစဉ်
အသက်အကန့်အသက် ---> ၁၅နှစ်မှ ၂၅နှစ် (စိတ်ဝင်စားမှုရှိပါက
ငယ်ရွယ်သူများအားလည်း စဉ်းစားလက်ခံမည်)
နေ့ရက် ---> နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၁၃ (စနေနေ့) မှ နိုဝင်ဘာလ ၂၇ ရက် ၊ ၂၀၁၃
(ဗုဒ္ဓဟူးနေ့) ထိ
အချိန် ---> နံနက် ၉း၃၀ မှ ညနေ ၆း၃၀ (နေ့ တရားစခန်း)
နေရာ။ ---> SMC at 40, Jalan Salang, behind Sembawang Shopping Center,
Singapore 769522
တရားပြ ဆရာတော်များ။ ---> ဆရာတော် ဦးရာဇိန္ဒ၊ ဆရာတော် ဦးသဇ္ဇနာ လင်္ကာရ
ဘာသာစကား ----> အင်္ဂလိပ်၊ မြန်မာဘာသာ
ဆောက်တည်ရန် သီလ။ ---> မေတ္တာအဦးထားသော အာဇီ ဝဋ္ဌမက သီလ
စာရင်းပိတ်ရက် ---> ၁၅-နိုဝင်ဘာလ ၂၀၁၃ (သတ်မှတ် ဦးရေပြည့်သွားပါ
စာရင်းပိတ်မည်။)
၅-ရက်လုံး အားထုတ်နိုင်မည့် ယောဂီများအား ပို၍ ဦးစားပေး လက်ခံ သွားပါမည်။
လူဦးရေကန့်သတ်ချက်ရှိပါ၍ စာရင်းကို စောစော ပေးသွင်းကြစေလိုပါသည်။
စာရင်းပေးသွင်းရန်ပုံစံကို
smc.retreat@gmail.com မှ တောင်းယူနိုင်သည်။
ပုံစံများကို ဖြည့်သွင်းပြီးနောက် email ဖြင့် ပြန်လည် ပို့ပေးရပါမည်။
စုံစမ်းရန်။
နေ့လည်စာနှင့် အအေးတို့ကို ရိပ်သာမှ တာဝန်ယူ စီစဉ်ထားပါသည်။
သံဃာတော်များနှင့် ယောဂီများအတွက် ဆွမ်းနှင့် အအေးတို့ လှူဒါန်းလိုပါက
ဒေါ်ခင်ကြူကြူ ၉၁၄၄၇၆၈၉ အား ဆက်သွယ် လှူဒါန်းနိုင်ပါသည်။