<![endif]-> <![endif]-> <![endif]-> <![endif]->
ကောလိပ်ကျောင်းတော်အလှူ ပါဝင်ကူ
 

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

download Myanmar font

ကောလိပ်ကျောင်းတော်အလှူ ပါဝင်ကူ

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်
Dhammaganga Buddhist Pali College
အနော်ရထာလမ်း၊ ရွှေလင်ပန်းစက်မှုဇုံ၊ လှိုင်သာယာ၊ ရန်ကုန်
ဖုန်း ၀၉၄၄၈၀၀၇၁၆၁

email: vicitta.modern@gmail.com

facebook: https://www.facebook.com/dhamma.ganga

 

 

 

******************************************************

ကောလိပ်ကျောင်းတော်အလှူ ပါဝင်ကူ

******************************************************

 

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာမြန်မာလူငယ်မောင်မယ်များအတွက်
ဓမ္မအသိဖြန့်ဝေရန် အမှန်တကယ်လိုအပ်နေသည်မှာ မှန်သော်လည်း ထိုလူငယ်များထက် အရေးတကြီးလေ့ကျင့်ပျိုးထောင်ပေးရမည်မှာ ရဟန်းငယ်ရှင်ငယ်များဖြစ်နေကြသည်ကို ထင်ထင်ရှားရှားတွေ့မြင်နေရပြီဖြစ်ပါသည်။

ဒီမိုကရေစီခေတ်ပြောင်း မြန်မာနိုင်ငံ၏ အနာဂတ်သာသနာကို ဦးဆောင်ဦးရွက်ပြုတော်မူကြမည့် ထိုသာသနာ့အညွန့် အညှောက်ရှင်ငယ်ရဟန်းငယ်များလောကအရေး၊ဓမ္မအရေး အတွေးအမြင်ကျယ်လာစေရန် ယခုတည်ထောင်ဖွင့်လှစ်မည့် ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်က ပထမဦးစားပေးဆောင်ရွက်မည်ဖြစ်ပါသည်။

ဒုတိယဦးစားပေးအနေဖြင့် အနာဂတ်နိုင်ငံ့အရေးပေါင်းများစွာကို ခေါင်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ နှလုံးသားတွင် ဓမ္မအသိတရားပန္နက်ချပေးရန် ဦးတည်ချက်ထားပါမည်။

တတိယဦးစားပေးအနေဖြင့် အသက်အရွယ်ကန့်သတ်ချက်မရှိ၊ လူမျိုးဘာသာမရွေး၊ ဗုဒ္ဓ၏ တရားဓမ္မအနှစ်သာရနှင့် ဝိပဿနာ စိတ်ဝင်စားသူများအတွက် ပိဋကတ်တော်သင်တန်းများ၊ ရိပ်သာစခန်းများလည်း စီစဉ်ပေးပါမည်။
===============


လှူဒါန်းနိုင်သော ကုသိုလ်တော်များ
-----------------------
၁)ပိဋကတ်စာကြည့်တိုက်အလှူတော်
၂)ခေတ်မီစာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများအလှူတော်
၃)ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများအလှူတော်
၄)တိုးချဲ့မြေပဒေသာပင်အလှူတော်
၅) ဆွမ်းပဒေသာပင်အလှူတော်

ဆက်သွယ်လှူဒါန်းရန်
---------------
ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်
Dhammaganga Buddhist Pali College
အနော်ရထာလမ်း၊ ရွှေလင်ပန်းစက်မှုဇုံ၊ လှိုင်သာယာ၊ ရန်ကုန်
ဖုန်း ၀၉၄၄၈၀၀၇၁၆၁

 

 

စင်္ကာပူမှ အလှုရှင်များ ATM or iBanking မှ လှူဒါန်းရန် -
---------------


အလှူရှင်များသည် အောက်ပါ DBS Saving Plus အကောင့်ထဲသို့ တိုက်ရိုက် လှုဒါန်းနိုင်ပါသည်...
၀၇၀-ဝ-၀၁၂၂၅၇
070-0-012257

အလှုငွေ လွှဲပြီးပါက အလှုရှင် စာရင်းပြုစုရန်အတွက် အောက်ပါ အကြောင်းအရာ ၃ ချက်ကို dhammadownload.admin@gmail.com သို့ email ပို့ပေးပါရန်လည်း မေတ္တာ ရပ်ခံပါသည်...

၁) အလှုရှင်၏ နာမည် အပြည့် အစုံ၊
၂) လှုဒါန်းသည့် အကြောင်းအရာ - (အလှုတခုခုကိုဖေါ်ပြရန်)

    ဓမ္မဂင်္ဂါပါဠိကောလိပ် - ပိဋကတ်စာကြည့်တိုက်အလှူတော်
    ဓမ္မဂင်္ဂါပါဠိကောလိပ် - ခေတ်မီစာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများအလှူတော်
    ဓမ္မဂင်္ဂါပါဠိကောလိပ် - ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများအလှူတော်
    ဓမ္မဂင်္ဂါပါဠိကောလိပ် - တိုးချဲ့မြေပဒေသာပင်အလှူတော်
    ဓမ္မဂင်္ဂါပါဠိကောလိပ် -ဆွမ်းပဒေသာပင်အလှူတော်
၃) လွှဲသည့် ပမာဏ -
၄) ဆက်သွယ်ရန် ဖုံးနံပါတ် -

 


----------------------------

၁) တည်ထောင်သူ (အတ္ထုပ္ဗတ္တိအကျဉ်း)
--------------------------
ဓမ္မဂင်္ဂါ ဒေါက်တာအရှင်ဝိစိတ္တသာရ
သာသနတက္ကသီလဓမ္မာစရိယ၊ဗုဒ္ဓဓမ္မဒီပလိုမာ
B.A (Buddhism), B.A (BDh), M.A(Pali), PhD
ဧည့်ပါမောက္ခ၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၊ ဗာရာဏသီမြို့၊ အိန္ဒိယနိုင်ငံ
================================
 


မြန်မာကောဇာသက္ကရာဇ် ၁၃၃၅ ခုနှစ်၊ တပိုတွဲလဆန်း(၁) ရက် (ခရစ်နှစ် ၁၉၇၄ ခုနှစ်၊ဇန်နဝါရီလ(၂၃)ရက်) ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်းရွာ၌ ဖခင်ဦးကျော်သန်း၊မိခင်ဒေါ်ရွှေမြင့်ခင် ၊(ယခု ဖက်သန်းကုန်းရွာ၊ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း (၈) ယောက်တွင် စတုတ္ထမြောက်သားရတနာဖြစ်သည်။

၁၃၄၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့(၁၉၈၃ ခုနှစ်)တွင် ရှင်သာမဏေအဖြစ် ခံယူခဲ့ပြီးဝန်းသို၊ ကောလင်း၊မြောင်းမြ၊မတ္တရာ၊ မန္တလေးနှင့် ရန်ကုန်ရှိ စာသင်တိုက်များတွင် အခြေခံပရိယတ္တိစာပေများသင်ယူခဲ့သည်။ ပထမဆုံးကန့်ကူလက်လှည့်ဆရာများမှာ ကန့်ဘလူမြို့နယ်၊ ညောင်သွယ်ရွာ ၊ ဘုရာကြီးကျောင်း ဆရာတော်ဦးအဂ္ဂ(ယခုဝန်းသိုမြို့၊ မြို့ရှေ့ရေဝန်းကျောင်း) နှင့် ဦးဝဏ္ဏိတ(အင်္ဂလိပ်နှင့် မြန်မာစာ သင်ပုန်းကြီးဆရာ) တို့ဖြစ်ကြသည်။

၁၃၅၅ ခုနှစ် နယုန်လပြည့်ကျော် (၄) ရက်(၁၉၉၄ ခုနှစ်) တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊ကံဦးပရိယတ္တိစာသင်တိုက်ခဏ္ဍသိမ်တွင် ရတနာသီရိရပ်၊ ရွှေဒင်္ဂါးမုန့်တိုက်၊ ဦးမြဘော်+ ဒေါ်သိန်းရွှင်မိသားစု၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ဥပဇ္ဈာယ်ဆရာတော်မှာ ညောင်စင်အလယ်ကျောင်း ဆရာတော် ဖြစ်သည်။ ရွှေကျင်သာသနာပိုင် ညောင်ရွှေကံကြီးဆရာတော်ဘုရားက ပထမကမ္မဝါစာဆရာတော်အဖြစ် ဆောင်ရွက်ခဲ့သည်။ မာလာမြိုင်ဒေါ်စန်း၊ အကယ်ဒမီဒေါ်ချိုပြုံး၊ပန်းဝတ်မှုံဆေးတိုက်မိသားစုနှင့် ဒေါ်သီတာမြင့် (စင်ကာပူ)တို့၏ သိက္ခာထပ်ကုသိုလ်တော်များကိုလည်း ခံယူခဲ့ပါသည်။

မန္တလေး၊မစိုးရိမ်တိုက်သစ်၊ ဓမ္မသီတဂူ၊ ဓမ္မသမိဒ္ဓိနှင့် ဓမ္မဝိနယရံသီကျောင်းဆောင်များတွင် နေထိုင်ကာ သကျသီဟစာသင်တန်းနှင့် ဓမ္မာစရိယတန်း ဆိုင်ရာ ပိဋကတ်သင်ရိုးများ လေ့လာကျက်မှတ်ခဲ့သည်။ မန္တလေး၊နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်၊ ရန်ကုန်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီ၊ သက္ကတတက္ကသိုလ်များတွင် အဆင့်မြင့်ပိဋကတ်စာပေနှင့် တက္ကသိုလ် ပညာရေးကို ဆည်းပူးခဲ့သည်။အခြေပြုမူလတန်း၊ပထမငယ်၊ ပထမလတ်နှင့် ပထမကြီးတန်း ပါဠိပထမပြန်စာမေးပွဲများကို သာမဏေဘဝဖြင့် အောင်မြင်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (တန်းစဉ်ပါဠိနှင့် သက္ကတဂုဏ်ထူး) (မန္တလေးမြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်)

၂၀၀၂ ခုနှစ်တွင် ဗုဒ္ဓဓမ္မဒီပလိုမာ (အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်)

၂၀၀၄ ခုနှစ်တွင် B.A (BDh))(A+) (ဘာသာစုံဂုဏ်ထူး) (အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်)

၂၀၀၈ ခုနှစ်တွင် M.A (Pali) (အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ သမ္ဗုဏ္ဏာနန္ဒသက္ကတက္ကသိုလ်)ဘွဲ့ များကို ဆွတ်ခူးအောင်မြင်ခဲ့ပြီး

၂၀၁၂ ခုနှစ်တွင် PhD ဘွဲ့အတွက် An Analytical Study of Adhipatidhammas in Abhidhammapitaka ကျမ်းစာကို တင်သွင်းခဲ့သည်။

သာသနာရေးဆောင်ရွက်ချက်များအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံသာသနာပြု(ဗဟို)ဌာနတွင် ထေရဝါဒသာသနာပြုရဟန်းတော်အဖြစ် (၂၀၀၀-၂၀၀၁)နှစ်နှစ်တာ ထမ်း ဆောင်ခဲ့ သည်။ ထိုသို့သာသနာပြုနှစ်နှစ်တာ ထမ်းဆောင်နေသည့်ကာလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ ပုစ္ဆကနှင့် စာစစ်၊ ပြည်နယ် အဆင့် ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပြိုင်ပွဲများ၏ နာယကဒိုင်၊အဆင့်မြင့်ဗုဒ္ဓဘာသာ သင်တန်းများ၏ သင်တန်းမှူး ဆရာတော်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ စတင်ကာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သမိုင်းမြို့မပရိယတ္တိစာသင်တိုက်တွင် နာယကစာချအဖြစ် သာသနာ့တာဝန်များထမ်းဆောင်ခဲ့သည်။

ဓမ္မပညာရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံသာသနာပြုဗဟို၊ ရန်ကုန်သမိုင်းမြို့မပရိယတ္တိစာသင်တိုက်၊ ရန်ကုန်ခရစ်ယန်ဓမ္မတက္ကသိုလ်၊ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်နှင့် စင်ကာပူနိုင်ငံ၊မင်္ဂလာဝိဟာရတို့တွင် ဗုဒ္ဓစာပေများကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ပို့ချခဲ့သည်။

၂၀၀၄ ခုနှစ် အပ္ပမာဒဓမ္မရသမဂ္ဂဇင်းတွင် ဧဟိ သွာဂတံ ဆိုင်းဘုတ်လေးတွေဆီ ဆောင်းပါးကို စတင်ရေးသားဖြစ်ခဲ့သည်။၂၀၀၅-၂၀၀၆ ခုနှစ်များတွင် စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် အသုံးချဗုဒ္ဓဘာသာနှင့် ပါဠိအင်္ဂလိပ် စာသင်တန်းများကို ပညာရေးနယ်ပယ်စုံအတွက် ရည်ရွယ်ကာ နှစ်နှစ်တာဖွင့်လှစ်ခဲ့သည်။

၂၀၀၇၊၂၀၀၈ ခုနှစ်များတွင် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ကြီး၏ ဒုတိယဥက္ကဋ္ဌအဖြစ် နှစ်နှစ်တာထမ်းဆောင်ခဲ့ပြီး ၂၀၁၀ခုနှစ်တွင်ယင်းအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသည်။

၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ၊စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပသည့် နိုင်ငံ တကာထေရဝါဒဗုဒ္ဓတက္ကသိုလ်များ အစည်းအဝေးကြီးတွင် A Contribution of Ashin Janakabhivamsa to New Pali Education စာတမ်းတင်သွင်းဖတ်ကြားခဲ့သည်။

၂၀၀၇၊၂၀၀၈၊နှင့် ၂၀၁၀ ခုနှစ်များတွင် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာ ရဟန်းတော်များသာယာ ဖွဲ့ဖြိုးရေးအဖွဲ့ကြီး၏ နှစ်ပတ်လည်စာစောင် အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။ ယင်းအဖွဲ့ကြီးက (၂၀၁၀)ခုနှစ်တွင် အသစ်ဖွဲ့စည်းလိုက်သည့် ပညာရေးကော်မတီ၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင်ရဟန်းတော် များအတွက် လိုအပ်မည့် ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေသင်တန်း၊ဆက်သွယ်ရေးအင်္ဂလိပ်စကားပြောသင်တန်းနှင့် နိုင်ငံတကာပါဠိဘာသာ စကားစသည်ကို ပို့ချပေးခဲ့သည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် ဓမ္မဂင်္ဂါဘလော့ဂ် (www.dhammaganga.blogspot.com) နှင့်၂၀၁၀ ခုနှစ် သြဂုတ်လတွင် (www.dhammaganga.com) ဝက်ဘ်ဆိုဒ်တို့ကို ဖွင့်လှစ်ကာ ဓမ္မအတွေးအမြင်နှင့် ရသစာပေများကို ရေးသားဖြန့်ဝေခဲ့သည်။

၂၀၁၀ ခုနှစ်ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၏ ဧည့်ပါမောက္ခအဖြစ် ဖိတ်ကြားခြင်းခံရပြီး နိုင်ငံတကာပါဠိ ဘာသာစကား၊ ထေရဝါဒဗုဒ္ဓအဘိဓမ္မာနှင့် ပိဋကတ်စာပေ ကောက်နှုတ်ချက်ဘာသာရပ်များကို ပို့ချသာသနာပြုခဲ့ပါသည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဝိနည်းညီလာခံတွင် Vassavasika in Theravada Tradition စာတမ်းကို ဖတ်ကြားတင်သွင်းခဲ့သည်။

၂၀၁၁ ခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် စင်ကာပူနိုင်ငံသို့ ကြွရောက်ကာ ပါဠိဘာသာစကားတစ်လသင်တန်းဖွင့်လှစ်ကာ ပို့ချခဲ့ပေသည်။ နေရာအခက်အခဲကြောင့် ရွေ့လျားပညာရေးစနစ်အသွင် ပို့ချခဲ့ရသည့်အတွက် သင်တန်းသားများစွာ မတက်ရောက်နိုင်ခဲ့သော်လည်း အတိုင်းအတာတစ်ခုအထိ ပါဠိဘာသာကို မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။

နိုင်ငံတကာခရီးစဉ်များအနေဖြင့် ပိဋကတ်စာပေသင်ယူပို့ချမှု၊ တရားဓမ္မဟောပြောခြင်းနှင့် ဒေသန္တရ ဗဟုသုတရည်ရွယ်ချက်များဖြင့် အိန္ဒိယ၊ နီပေါလ်၊စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ သြစတေးလျ၊ အီတလီ၊ ပြင်သစ်၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ဒီန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ လတ်ဗီယား၊နယ်သာလန်နိုင်ငံ၊ကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံများသို့ လှည့်လည်ကြွရောက်ခဲ့ပြီးဖြစ်သည်။

၂၀၁၂ ခုနှစ်၊စက်တင်ဘာလတွင် ရဟန်းနှင့် ..အတွေးအမြင်ရသစာစုများ၊ ဒီဇင်ဘာလတွင် အဖေလို့သာခေါ်ပါလေသားရဟန်းနှင့် မစိုးရိမ်အလွမ်းစာစုများ စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကိုယ်တိုင်ကြွားအတ္ထုပ္ဗတ္တိ၊ရဟန္တာကိုယ်တိုင် ရွတ်တဲ့ကဗျာနှင့် အဓိပတိလမ်းပေါ်က ရဟန်း စာအုပ်များ ဆက်လက်ထုတ်ဝေရန် စီစဉ်လျက်ရှိပါသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ပတ္တနားမြို့တော်တွင် မဟာဗောဓိအသင်းကြီးက ကြီးမှူးကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာသံဃာ့ညီလာခံကြီးနှင့် ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်တွင် ကျင်းပသည့် ဗုဒ္ဓဘာသာနှင့် ယနေ့ကမ္ဘာညီလာခံကြီးများသို့ တက်ရောက်ရန် ဖိတ်ကြားခံရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိမဟာနာယကဆရာတော်ဘုရားကြီး၏ သက်တော် (၈၀) ပြည့် ဂုဏ်တော်ပူဇော်ပွဲအထိမ်းအမှတ်စာပေဟောပြောပွဲသို့ စာပေဟောပြောရန် ဖိတ်ကြားခံရသဖြင့် ပြည်ပရောက်တပည့်ရဟန်းတစ်ပါးအဖြစ် ပူဇော်ခွင့်ရခဲ့သည်။


၂၀၁၃ ခုနှစ် မတ်လ(၁၁) ရက်နေ့တွင် ဦးအေးမြင့်+ဒေါ်ခင်သန္တာေ၀ (လှသီတာရတနာရွှေဆိုင်) မိသားစုက သာသနာပြုလုပ်ငန်းများဆောင်ရွက်ရန် လှူဒါန်းသော သာသနဘူမိ၊ဓမ္မဘူမိမြေအလှူတော်ကို ခံယူကာ ရဟန်းဒါယိကာမ ဒေါ်သီတာမြင့်(စင်ကာပူ)၊ ဦးအောင်နိုင်၊ ဒေါ်မိမိသက်၊(ပန်းဝတ်မှုန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)၊ ကိုအောင်ဖြိုး (ဖားကန့်)နှင့် (၇)ရက်သားသမီး ကျောင်းဒကာဒကာမတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်ကျောင်းတော်ကြီးကို တည်ထောင်နေပြီဖြစ်ပါသည်။
==================================

၂) တည်ထောင်ရခြင်းရည်ရွယ်ချက်
(The Voice သတင်းစာတွင် ဖော်ပြခဲ့သော ဆရာတော်၏ မိန့်ကြားချက်)
----------------------------------------------
လူတွေ တတ်မြောက်ခွင့်ရှိတဲ့ ပညာရေးကို ရှင်ငယ်ရဟန်းငယ်တွေ သင်ယူခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံအတွက် လူသားအရင်းအမြစ်မဆုံးရှုံးပါဘူး..။
ဓမ္မဂင်္ဂါ ဒေါက်တာအရှင်ဝိစိတ္တသာရ
=======================================
ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်တည်ထောင်မည့် ဒေါက်တာအရှင်ဝိစိတ္တသာရနှင့် တွေ့ဆုံးခြင်း
(The Voice Daily Tuesday October 15,2013)
------------------------------------------------------
(အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် သွားရောက်သင်ကြားပေးရင်း မြန်မာနိုင်ငံတွင်လည်း လောကီလောကုတ္တရာပညာနှစ်မျိုးလုံး ပါဝင်မည့် ဓမ္မဂင်္ဂါဗုဒ္ဓဘာာသာ ပါဠိကောလိပ်ကျောင်းကို ရန်ကုန်မြို့တွင် တည်ထောင်ဖွင့်လှစ်နိုင်ရန် စီစဉ်နေသူဆရာတော်ဒေါက်တာအရှင်ဝိစိတ္တသာအား အဆိုပါ ကျောင်းဖွင့်လှစ်ရန်စီစဉ်ခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိမြန်မာနိုင်ငံရှိ ရဟန်းသံဃာများ၏ ပညာရေးအခြေအနေတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။)

Voice;
------
ရှင်ငယ်ရဟန်းတွေ လောကီပညာသင်ကြားနိုင်မယ့် ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်ကျောင်းတည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြစေချင်ပါတယ်..။

ဆရာတော်
--------
ရဟန်းတော်တွေ ခေတ်မီနည်းစနစ်တွေနဲ့ သင်ကြားခွင့်ရဖို့ လမ်းရိုးလမ်းဟောင်းကို လွယ်ကူတဲ့နည်းတွေနဲ့ အစားထိုးနိုင်ဖို့ ရည်ရွယ်ပါတယ်။ နည်းစနစ်ဟောင်းတွေက သူ့တို့ခေတ်သူတို့အခါမှာ အံဝင်နိုင်ပေမယ့် ခုခေတ်မှာတော့ အဆင်မပြေနိုင်တော့ဘူး၊
လူတိုင်းတတ်မြောက်ခွင့်ရှိတဲ့ ပညာရေးကို ရဟန်းငယ်၊ရှင်ငယ်တွေ သင်ခွင့်ရအောင် ခု ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်ရဲ့ သင်ရိုးတွေကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရေးဆွဲမယ်။ ပိဋကတ်စာပေရော၊ လောကီပညာရေးပါ သင်ခွင့်ရမယ်။ ဘာကြောင့်လဲဆိုတော့ ရဟန်းဘဝနဲ့ မြဲသွားရင် လောကီ လောကုတ္တရာနှံ့စပ်သိမြင့်မယ့် ကမ္ဘာ့အဆင့်မီသာသနပြုအကျော်အမော်တွေဖြစ်မယ်။ ရဟန်းဘဝနဲ့ မပျော်ပိုက်လို့ လူထွက်ခဲ့မယ်ဆိုရင်လည်း ရဟန်းဘဝက တတ်ခဲ့တဲ့ပညာနဲ့ ဉာဏလုပ်သားတွေအဖြစ် လုပ်ငန်းခွင် ဝင်နိုင်ပြီး နိုင်ငံအတွက် လူသားအရင်းအမြစ် မဆုံးရှုံးတော့သလို သူတို့အတွက်လဲ မဆုံးရှုံးတော့ဘူး။
လက်ရှိအချိန်မှာက သူတို့တတ်ထားတဲ့ပညာက လူ့ဘဝမှာ ကာယလုပ်သားအဖြစ်သာ အသုံးပြုနိုင်လို့ နိုင်ငံအတွက်ရော သူ့အတွက်ပါ ဆုံးရှုံးရမယ်။ ရဟန်းငယ်တွေကို အဓိကထားတာဆိုပေမယ့် လူပုဂ္ဂိုလ်တွေအတွက်လည်း ဓမ္မစာပေနဲ အတူ ခေတ်ပညာရပ်တွေကို အငြိမ်းစားယူပြီးတဲ့ ပညာရှင်ကြီးတွေရဲ့ အကူအညီနဲ့ ဖြန့်ဝေချင်တယ်။

Voice;
------
အငြိမ်းစားယူပြီးတဲ့ ပညာရှင်ကြီးတွေရဲ့ အကူအညီနဲ့ ဖြန့်ဝေချင်တယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ သင်ကြားပေးမှာလဲ ဆိုတာ သိချင်ပါတယ်။။

ဆရာတော်
--------
လူတိုင်းတတ်မြောက်ခွင့်ရှိတဲ့ ပညာရေးကို ရဟန်းငယ်၊ရှင်ငယ်တွေ သင်ခွင့်ရအောင် ခု ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်ရဲ့ သင်ရိုးတွေကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရေးဆွဲမယ်..။ အစိုးရပါဠိပညာရေးကိုလည်း မျက်ကွယ်ပြုလို့ မရတဲ့အတွက် ချိတ်ဆက်ထားရမယ်။ အစိုးရအခြေခံပညာကျောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေမှာ ပြဌာန်းထားတဲ့ သင်ရိုးတွေကိုလည်း သင်နိုင်ရမယ်။ ဂျီစီအီးစာမေးပွဲတွေပါ ဖြေဆိုနိုင်ဖို့ စီစဉ်ပေးမယ်။ ချမ်းမြေ့ဆရာတော်ကြီးဟာ ဂျီစီအီးစာမေးပွဲတွေပါ ဖြေဆိုအောင်မြင်ဖူးတယ် လို့ မှတ်သားရတယ်။ ကိုရင်တွေ ရဟန်းတွေအတွက် အစိုးရပါဠိပထမပြန် အတန်းသုံးတန်းရှိတယ်။ အဲဒါကို ပေါ့ပါးအောင် ခြောက်တန်းခွဲထားမယ်။ အခြေခံမှာ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းတွေကိုလဲ ပစ်ပယ်လို့မရဘူး။ စာသင်သားတွေက အစိုးရအသိအမှတ်ပြုစာမေးပွဲတွေလည်း ဖြေချင်ကြမှာပဲ.။

Voice;
-----
ရဟန်းတော်တွေအတွက် သတ်မှတ်ထားတဲ့ အစိုးရပါဠိပထမပြန်အတန်းသုံးတန်းကို ခြောက်တန်းခွဲသင်မယ်ဆိုတာနဲ့ သင်ကြားပေမယ့် ပညာရပ်တွေကရော ဘာတွေဖြစ်မယ်ဆိုတာလဲ သိချင်ပါတယ်..။

ဆရာတော်
-------
ခုတည်ထောင်မယ့် ကျောင်းမှာတော့ ပိဋကတ်စာပေနဲ့ ဘက်စုံဘာသာရပ်တွေကို ချဲ့ထွင်သင်ပေးဖို့ နဲ့ စာသင်သားရဟန်းတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ခြောက်တန်းခွဲထားတာ။ အဲဒီမှာ သိပ္ပံပညာရပ်တွေဖြစ်တဲ့ သင်္ချာ၊ အင်္ဂလိပ်စတဲ့ ဘာသာရပ်တွေထည့်မယ်။ရဟန်းတွေအတွက် ပထဝီဝင်ဘာသာရပ်လဲ လိုတယ်။ ဗုဒ္ဓသာသနိက ပထဝီဝင်ဆိုတာရှိတယ်။ မော်လမြိုင်တောင်ပေါက် ဆရာတော် ပြုစုထားတာရှိတယ်။ ခေတ်အဆက်ဆက်သာသနာရဲ့ အတက်အကျတွေကို သာသနပြုလောင်းလျာတွေ မဖြစ်မနေသိကြရမယ်။ ဗုဒ္ဓဘာသာပြန့်ပွားခဲ့တဲ့နေရာတွေ ဆုံးရှုံးခဲ့တဲ့နေရာတွေကို ရှင်ငယ်ရဟန်းငယ်တွေ သိဖို့လိုတယ်။ သမိုင်းလိုတယ်။ ဘယ်အချိန်မှာ ပျောက်ကွယ်သွားတယ်၊ ဘယ်အချိန်က ပေါ်ထွန်းခဲ့တယ်။ သာသနာ့တက္ကသိုလ်ရောက်မှ သင်ရတယ်။ ဘာသာစကားတွေကိုတော့ ဆရာပေါ် မူတည်ပြီး ရနိုင်သလောက် သင်ပေးမယ်။ လက်ရှိတော့ ကျောင်းကတည်နေတုန်း။ မြန်မာပြည် ပြန်ရောက်တာ ၂၀၁၂ အကုန်မှ။

Voice;
-----
လက်ရှိမြန်မာနိုင်ငံမှာ သင်ကြားနေတဲ့ အစိုးရအသိအမှတ်ပြုပါဠိပထမပြန်ပညာရေးစနစ်ကို ဘယ်လိုမြင်လဲဆိုတာ သိချင်ပါတယ်

ဆရာတော်
-------
ဒီမှာက သင်ရိုးစနစ်ထက် သင်ရိုး စာအုပ်ကို တွယ်ဖက်နေတုန်းပဲ ရှိသေးတယ်။ ဒီစာအုပ်တွေက စာသင်ခန်းမှာ သင်ရမဲ့ဟာ မဟုတ်ပဲ ပါရဂူဘွဲ့အတွက် အထောက်အကူပြုတဲ့စာအုပ်တွေဆိုတော့ ရှင်ငယ်ရဟန်းငယ်တွေ သဒ္ဒါလန်ပြီး ရှေ့မရောက်အောင် ဖြစ်နေတာ ကိုယ်တိုင်စာချခဲ့ဖူးတော့ သိနေတယ်။ ပြောရင် ယုံမယ်မထင်ဘူး၊ ပါဠိပထမပြန်သင်ရိုးမှာ ဗုဒ္ဓဝင်စာပေပြဌာန်းမထားဘူး။

အရပ်ထဲက မြတ်မင်္ဂလာတို့ မင်္ဂလာမောင်မယ်တို့ ဖတ်တဲ့ ကလေးတွေက ဗုဒ္ဓဝင်ကို သိနေပြီး ဆွမ်းခံကြွတဲ့ ကိုရင်က အဲဒါမသိဘူးဖြစ်နေတယ်။ ဗုဒ္ဓဝင်နဲ့ သာသနာ့သမိုင်းတွေ သင်ပေးရမယ်။ပါဠိပိဋကတ်တတ်ပါရဲ့နဲ့ နိုင်ငံတကာစင်မြင့်တွေမှာ နောက်က ထိုင်နေကြရတာ ဘာသာစကားနဲ့ နိုင်ငံတကာအဆင့်ပညာတွေ သင်ယူခွင့်မရလို့..။

ဒီနေ့ သီတဂူဆရာတော်တို့ ရှေ့ရောက်နေတာ အကင်းပါးပါးနဲ့ အားနည်းချက်ကို အချိန်မီသိပြီး ခေတ်နဲ့ ရင်ဘောင်တန်းလိုက်နိုင်လို့ပဲ..။
ခေတ်နဲ့ လျော်ညီတဲ့ ပညာရေးကို ဖော်ဆောင်ရတော့မယ် ။ ကွန်ပြူတာနည်းပညာတွေကလည်း တစ်နေ့တစ်ခြားမြင့်မားလာတယ်. ကိုရင်လေးတွေ ဦးဇင်းလေးတွေကလည်း အဲဒီပညာတွေ တတ်ချင်လာတယ်။

ခေတ်မီပညာရေးကို ကျောင်းပရိဝုဏ်အတွင်းမှာ မဖော်ဆောင်ရင် ကိုရင်လေးတွေ ဦးဇင်းလေးတွေက ကျောင်းပရိဝုဏ်အပြင်ထွက်ပြီး သူတို့ လိုချင်တာတွေ ရှာဖွေသင်ကြတော့မယ်။ အဲဒီမှာ လောကုတ္တရာဘက်မှာ အားနည်းသွားမယ်။ အဲဒီတော့ သူတို့လိုချင်တာလည်း သင်ပေး၊ ကိုယ်သိစေချင်တဲ့ ပိဋကတ်ကိုလည်း မလစ်ဟင်းစေရမယ့် ဝင်းဝင်း (Win-Win) ပေါ်လစီကို မဖြစ်မနေ ကျင့်သုံးကြရတော့မှာပါ။
အစိုးရက ဖော်ဆောင်တဲ့ နိကာယ်စာမေးပွဲဆိုတာ ရှိတယ်။ ဒါပေမယ့် စာသင်သားတွေ လောကမှာ မတွင်ကျယ်ဘူး။ အဲဒီနိကာယ်စာမေးပွဲမှာ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံမူရင်းကျမ်းတွေ ပြဌာန်းထားတာ အနှစ်တွေချည်းပဲ.။ ဒါပေမယ့် သံဃာတွေက အခြေပြုစာမေးပွဲပြီးလို့ မွေးရပ်ဒေသ ပြန်နေချိန်၊ နားနေချိန်မှာ ဖြေရတာမို့ ဝင်ဖြေသူနည်းတယ်။ ဒီစာတွေကမှ ဗုဒ္ဓရဲ့တရားတော်တွေကို ရဟန်းတွေ အကုန်သိနိုင်တဲ့ စာမေးပွဲ။

Voice;
-------
ဒါဆိုရင် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေကြားမှာ မြန်မာရဟန်းတော်တွေ နောက်ကျကျန်နေခဲ့တယ်ဆိုတဲ့ သဘောလား၊ မြန်မာနိုင်ငံမှာ ရှိတဲ့ သာသနာ့တက္ကသိုလ်တွေကရော ဒီပညာရပ်တွေ သင်ကြားမပေးနိုင်ဘူးလားဆိုတာ သိချင်ပါတယ်..။

ဆရာတော်
-------
လက်ရှိအချိန်မှာ သာသနာရေးဦးစီးဌာနက စာရင်းတွေအရ သာသနာ့မှတ်ပုံတင်ကိုင်ထားတဲ့ ရဟန်းသံဃာ ငါးသိန်းနီးပါးရှိတယ်။ ရဟန်းတွေရဲ့ ပညာရေးလောကမှာ နှစ်ဘက်မြင် ထူးချွန်တဲ့သူ အရေအတွက် နည်းနေသေးတယ်။ နိုင်ငံတကာစင်မြင့်တွေပေါ်ကို တက်နိုင်တဲ့ မြန်မာရဟန်းတော်အရေအတွက်ဟာ လက်ချိုးရေလို့ ရနေသေးတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ ရဟန်းတော်တွေအတွက် ဖွင့်ထားတဲ့ တက္ကသိုလ်ကျောင်းနည်းလို့ပဲ။ ရန်ကုန်နဲ့ မန္တလေးမှာ သာသနာ့တက္ကသိုလ်ကြီးနှစ်ခုနဲ့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကျောင်းကြီးတွေ၊ သီတဂူဆရာတော်ရဲ့ သီတဂူုကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွေ ရှိပေမယ့် အဲဒီမှာ ပညာသင်ခွင့်ရတဲ့ ရဟန်ုးအရေအတွက်က နည်းလွန်းနေပါသေးတယ်။ ဝင်ခွင့်ဖြေဆိုတဲ့ ရဟန်းတွေ ရှစ်ရာ၊တစ်ထောင်နီးပါးရှိပေမယ့်တက်ခွင့်ရတာက ၇၀ ကျော် ပဲရှိတာ။အပြည်ပြည်ဆိုင်ရာ ထေရတက္ကသိုလ်ဆိုလည်း ဆယ်ပါးလောက်ပဲ ရှိတာဆိုတော့ တက္ကသိုလ်ပညာရေးဆိုတာကို မြည်းစမ်းချင်တဲ့ ရဟန်းတော်တွေများစွာ နိုင်ငံခြားတိုင်းပြည်တွေ ထွက်ကြရတယ်

Voice;
-----
ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကရော ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်ဆရာတော်

ဆရာတော်
-------
ရိုးရာစာမေးတွေကလည်း ခေတ်ပညာသင်ဖို့ အချိန်မရနိုင်လောက်အောင် ခက်ခဲတဲ့ပညာပြမေးခွန်းတွေနဲ့ ပိတ်ဆို့ထားတယ်လို့ ရဟန်းငယ်တွေစိတ်ထဲမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ဓမ္မာစရိယအဆင့်မှာ ရဟန်းတွေ ကျမ်းရင်းသုံးခုနဲ့တင် အဆုံးသတ်နေတယ်။ အဲဒါကလဲ စာမေးပွဲမှာ ဝါကျလေး တစ်ခုနှစ်ခုကို ခက်အောင်မေးလို့ဖြစ်နေတာ။ ရဝေနွယ် (အင်းမ) ရေးတဲ့စာအုပ်တွေမှာ အတ္ထုပတ္တိအကျဉ်းလေးလေး ဖတ်ဖူးမယ်ထင်တယ်။ ဓမ္မာစရိယတန်းကို ၁၀ နှစ်ကြာ ဖြေဆိုခဲ့ရသည် လို့ ရေးထားတာ တွေ့ရတယ်။ ခေတ်ရဲ့ စာမေးပွဲကို သရော်ထားတယ်လို့ ထင်တယ်။ သူများနိုင်ငံက ဘုန်းတော်ကြီးကျောင်းတွေမှာ နှစ်မကြာပဲ ပါဠိသင်နိုင်တာတွေ့ရတယ်။ ဒါမျိုးကိုယ့်နိုင်ငံမှာ သင်ကြားပေးရမယ်။

Voice ;
------
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ရှင်ငယ်ရဟန်းငယ်တွေရဲ့ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး မိန့်ကြားချင်တာ ရှိရင်လည်း မိန့်ကြားနိုင်ပါတယ်။

ဆရာတော်
--------
ပညာရေးစနစ်ကြီးတစ်ခုလုံးပြင်ဖို့ ဆိုရင်တော့ စာချနေတဲ့ ပညာရှင်တွေ စုဝေးပြီး စာချဆရာတော်များညီလာခံလို ကျင်းပပြီး ပြင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ..။ ခုကတော့ အဲဒီလို စုဝေးပြီးမပြင်နိုင်ခင် မြင်သလောက် လုပ်ကြည့်တာပဲ..။ ပညာစုံရင် အလုပ်အကိုင်အခွင့်အလမ်း ရမယ်ဆိုတာက သံဃာတွေ ရဟနု်းဘဝနဲ့ နေရင်မလိုပေမယ့် လူ့ဘဝနဲ့ နေထိုင်မယ်ဆိုရင် အခြားသူတွေလို အလုပ်အကိုင် ကောင်းတွေရနိုင်မယ်လို့ ဆိုလိုတာပါ.။
ပြဌာန်းထားတဲ့စာတွေက အစိုးရစာမေးပွဲနဲ့ ချိတ်ဆက်ထားမယ်။ ဒါတွေကို အခြေခံတန်းမှာကတည်းက သင်ပေးနိုင်ရင် သူတို့သိသင့်သလောက် သိသွားမယ်။ သင်္ချာလဲ ဒီလိုပဲ။ သိပ္ပံပညာလိုက်စားချင်ရင် ဒါတွေသိရမယ်။ ကမ္ဘာသုံးစကားတတ်ရမယ်။ ဒါတွေကို အတန်းတွေမှာ ခွဲထည့်မယ်။
စီစဉ်ထားတဲ့ အခြေခံတန်းတွေ ပြီးတာနဲ့ ဓမ္မာစရိယ၊ သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှာ တက်ပြီး ဝိဇ္ဇာသိပ္ပံဘွဲ့တွေ တက်ရောက်ယူနိုင်မယ့် အခွင့်အလမ်းရအောင် လုပ်ပေးချင်တာပါပဲ..။ တကယ်တော့ ဒီအတွေးတွေက အသစ်တော့မဟုတ်ပါဘူး၊ အရှင်အာဒိစ္စဝံသတို့ အရှင်ဇနကာဘိဝံသတို့ အာပေါက်အောင် မိန့်တော်မူခဲ့ကြပြီးပါပြီ။

အောင်အောင်ထွန်း
(The Voice Daily)

 

******************************************************

အလှူရှင်များ စာရင်း

******************************************************

 

ထပ်မံဖေါ်ပြပါမည်

စဉ်   အလှုရှင်အမည် လှုဒါန်းသည့် နေ့   လှုဒါန်းငွေ
           
           
           
           
    ခန့်မှန်းခြေ စုစုပေါင်း စင်္ကာပူဒေါ်လာ      
           
           
စဉ်   ဆရာတော်အား ပြန်လည်  အပ်နှံငွေ      
           
၁ ။ ပြန်လည်အပ်နှံငွေ      
           
    စုစုပေါင်း  ပြန်လည်  အပ်နှံငွေ      
           
    စုစုပေါင်း စင်္ကာပူဒေါ်လာ (လက်ကျန်ငွေ)     ဝ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Â