ပညာပါရမီဆရာတော် အရှင်ဉာဏဝရ

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast
iPhone, iPAD ကိုအသုံးပြုသူများသည် Mp3 များကို တိုက်ရိုက် နာယူနိုင်ပါသည်။ ဗီဒီယိုတရားတော်များ အတွက် App Store တွင် Oplayer Lite (သို့မဟုတ်) yxplayer2 Lite ကို Free Download အသုံးပြုပြီး ကြည့်ရှုနိုင်ပါသည်။

တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။

Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပညာပါရမီဆရာတော် အရှင်ဉာဏဝရ

 

သာသနဓဇ ဓမ္မာစရိယ၊

 

 

**************************************************

ဆရာတော်၏ ထေရုပတ္တိ အကျဉ်း

ဆရာတော်လောင်းလျာသည် ခမည်းတော် ဦးငွေကြည်+မယ်တော် ဒေါ်သန်းငွေတို့မှ တနသာင်္ရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ သောကြာပြင်ရွာတွင် ကောဇာသက္ကရာဇ် ၁၃၃၈ ခု၊ တပေါင်းလဆန်း ၁၁ရက်၊ ခရစ်နှစ် ၁၉၇၇ ခု၊ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ တနင်္ဂနွေနေ့တွင် မီးရှုးသန့်စင် ဖွားမြင်ခဲ့ပါသည်။

မွေးချင်း ၄ဦးတွင် အငယ်ဆုံးသားဖြစ်ပါသည်။ ဆရာတော်လောင်လျာသည် သက်တော် ၁၀နှစ်အရွယ်တွင် သောကြာပြင်ရွာ၊ တောင်ဇင်းကျောင်းဆရာတော်ဦးစက္ကိန္ဒကို ဥပဇ္ဇျာယ်ပြုလျှက် အဖိုး ဦးမောင်အို+ အဖွားဒေါ်မြဒင်တို့၏ ရှင်ဒါယကာအဖြစ် ခံယူကာ ရှင်သာမဏေအဖြစ်သို့ရောက်ရှိပါသည်။ ဘွဲ့အမည်မှာ ရှင်ဉာဏဝရ ဖြစ်ပါသည်။

၁၉၉၇ ခုနှစ် သက်တော် ၂၁ အရွယ်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းသစ်၊ ရွှေကျင် ကျောင်းသစ်ဆရာတော် ဦးဗုဒ္ဓဝံသကို ဥပဇ္ဇျာယ်ပြုလျှက် ရဟန်းဒါယကာ ဦးစိုးအောင်+ရဟန်းဒါယိကာမ ဒေါ်ခင်အေးသန်းတို့၏ ပစ္စည်းလေးပါးဒါယကာအဖြစ်ခံယူကာ မြတ်သော ရဟန်အဖြစ်သို့ ရောက်ရှိပါသည်။

 

ဆရာတော်ဦးဉာဏာဝရသည် သက်တော် ၁၄ နှစ်မှ စတင်ကာ ပညာဖြန့်ဝေရာ စာသင်တိုက်ကြီးများဖြစ်သော ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်စာသင်တိုက်၊ မော်လမြိုင်မြို့၊ ရဲကျောင်းမြစေတီ စာသင်တိုက်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ရန်ကုန် အလိုတော်ပြည့်စာသင်တိုက်တို့တွင် ဗုဒ္ဓစာပေများကို လေ့လာကာ နိုင်ငံတော်မှ ကြီးမှုးကျင်းပသော အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကိုလည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် ဓမ္မာစရိယတန်းကိုလည်းကောင်း အောင်မြင်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော သာသနဓဇ ဓမ္မာစရိယ ဘွဲ့တော်ကို ရရှိခဲ့ပါသည်။

 

ဆရာတော်ဦးဉာဏဝရသည် သာသနာဓဇဓမ္မာစရိယဘွဲ့ကို ရရှိပြီးနောက် ရဟန်းဒါယကာ တစ်ဦးဖြစ်သော ဦးငွေဝင်းထံမှ အင်္ဂလိပ်စာအခြေခံများကို လေ့လာသင်ယူခဲ့ပါသည်။ ထို့နောက် ၂၀၀၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ကြွရောက်ကာ မဂတက္ကသိုလ်တွင် ပညာဆည်းပးခဲ့ပါသည်။

 

၂၀၀၆ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ကြွရောက်ကာ သီရိလင်္ကာနိုင်ငံ၊ ကိလြံဘိုမြို့၊ ကေလနီယ တက္ကသိုလ်တွင် MA တန်းကို တက်ရောက်ကာ ပညာဆည်းပူးခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် ထို ကေလနီယတက္ကသိုလ်မှ MA ဘွဲ့ကို ရရှိခဲ့ပါသည်။

 

၂၀၀၉ ခုနှစ်တွင် လာအိုနိုင်ငံတွင် နေထိုင်ကြသော ဦးသိန်းထိုက် + ဒေါ်ဝင်းကြည်တို့၏ ပင့်ဖိတ်မှုဖြင့် လာအိုနိုင်ငံသို့ ကြွရောက်ကာ Australis Centre for Language (A.C.L) College တွင် အင်္ဂလိပ်စာများကို ဆက်လက်လေ့လာခဲ့ပါသည်။ တစ်ချိန်တည်းတွင် လာအိုနိုင်ငံရှိ မြန်မာများကို အဘိဓမ္မာသင်ခန်းစာများလည်း ပို့ချပေးခဲ့ပါသည်။

 

၂၀၁၂ ခုနှစ်တွင် စင်္ကာပူနိုင်ငံသို့ ကြွရောက်ပြီး Acend Engligh Language School တွင် အင်္ဂလိပ်စာ သင်တန်းများကို တက်ရောက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် Diploma in business management တန်းနှင့် ၂၀၁၅ တွင် Advanced in business management တန်းတို့ကို အောင်မြင်ခဲ့ပါသည်။ အာလပ်ချိန်များတွင် အဘိဓမ္မာသ်ငတန်းများကိုလည်း ပို့ချပေးခဲ့ပါသည်။ ထို့အပြင် သ်ငတန်းသား သင်တန်းသူမျာ လွယ်ကူစွာ လေ့လာစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဘိဓမ္မာသင်တန်းစာများကို ရေးသားပြုစုပြီါ် အလှူရှင်များ၏ စေတနာဖြင့် စာအုပ်များထုတ်ဝေကာ ဓမ္မဒါနအဖြစ် လှူဒါန်းခဲ့ပါသည်။ ရေးခဲ့ပြီးသော စာအုပ်များမှာ

၁။ ကံဟူသည်။

၂။ အဘိဓမ္မာပို့ချချက်များ

၃။ လူသားနှင့် အဘိဓမ္မာ

၎။ မင်္ဂလာတရားတော်

၅။ သတိပဋ္ဌာန်သုတ် အနှစ်ချုပ် စာအုပ်

၆။ ဓမ္မအရိပ်တို့စုစည်းရာ

၇။ လင်္ကာဒီပခရိးသွားမှတ်တမ်းစာအုပ်များ ဖြစ်ပါသည်။

 

 

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံမှ ကျင်းပသော အဘိဓမ္မာစာမေးပွဲများ ဖြေဆိုနိုင်စေရန်နှင့် ဘဝအသိရရှိစေရန်ရည်ရွယ်ချက်ဖြင့် သင်တန်းသားများကို လေ့ကျင့်ပေးနေသည့်အပြင် စင်္ကာပူနိုင်ငံတွင် အဘိဓမ္မာအသိပြန့်ပွားရေးကို ဦးတည်ပြီါ် အပတ်စဉ် စနေနေ့တိုင်း မင်္ဂလဝိဟာရကျောင်းတွင်လည်းကောင်း၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တိုင်း ပညာပါရမီကျောင်းတွင်လည်းကောင်း၊ အဘိဓမ္မာရိုးရိုးတန်း၊ အဘိဓမ္မာ ဂုဏ်ထူးတန်း၊ ဝိသုဒ္ဓိမဂ်တန်းတို့အပြင် ဗုဒ္ဓဘာသာဝင်များ အသိတိုးတက်ရေး၊ သင်္ခန်းစာရယူရေးတို့အတွက် ရှေ့ရှုကာ မဟာဗုဒ္ဓဝင် တရားတော်ကြီးကို သင်ကြားပို့ချ ပြသပေးလျှက် ရှိသည့်အပြင် တက္ကသိုလ် ဗုဒ္ဓဘာသာ မိသားစုဝင်များ ပင့်ဖိတ်ချက်ဖြင့်

 

၁။ ရန်ကုန် နာ်းပညာတက္ကသိုလ် (အင်းစိန်) တွင်လည်းကောင်း (၂၀၁၅၊ ၂၀၁၆)

၂။ ရန်ကုန်အနောက်ပိုင်း နာ်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)

၃။ မှောဘီ နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆၊ ၂၀၁၇)

၎။ ပဲခူးတိုင်းဒေသကြီါ်၊ ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်တွင်လည်းကောင်း၊ (၂၀၁၇)

၅။ လှိုင်သာယာမြို့နယ် အမှတ်(၄) အထက်တန်းကျောင်တွင်လည်းကောင်း (၂၀၁၆)

၆။ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ ဇဗ္ဗူသီရိဗိမာန်တော်တွင်လည်းကောင်း (၂၀၁၇)

၈။ မကွေးတိုင်းဒေသကြီး ကျန်းမာရေတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)

၉။ သန်လျှင် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)

၁၀။ မြစ်ကြီးနားမြို့နယ်၊ နမ္မားမြို့ရှိ သစ်ပျံစာသင်တိုက်တွင်လည်းကောင်း (၂၀၁၆)

၁၁။ တောင်သာမြို့၊ မိုးကုတ်တရားရိပ်သာခန်းမတွင်လည်းကောင်း (၂၀၁၆)

၁၂။ အမရပူရမြို့နယ်၊ လိပ်ဆံခွန်ကျေးရွာ အထက (ခွဲ)တွင်လည်းကောင်း (၂၀၁၇)

၁၃။ စမ်းချောင်မြို့နယ်၊ ဗားကရာကျောင်းတိုက်တွင်လည်းကောင်း (၂၀၁၇)

 

လူသားနှင့် အဘိဓမ္မာအထူး ၅ရက်သင်တန်း၊ မင်္ဂလာတရားတော်သင်တန်း၊ ဓမ္မစကြာသင်တန်း၊ ပဋိစ္စသမုပ္ပါဒ်အထူးသင်တန်းတို့ကို သင်ကြားပိုချပေးခဲ့ပါသည်။

ယ္ခုအခါ ဆရာတော်သည် ပညာပါရမီကျောင်း (စင်္ကာပူ)တွင် သီတင်းသုံးကာ ပညာပါရမီအသင်းသား အသင်းသူများနှင့် စုပေါင်း၍ သာသနာတိုးတက်ကြောင်း ရည်ရွယ်ကာ သာသနာပြုလျှက် ရှိပါသည်။

 

 

**************************************************

 

 

Dhamma Talk Video

 

********************************************************

ဆရာတော်ဦးဉာဏ၀ရ (ပညာပါရမီ) မှ မင်္ဂလဝိဟာရကျောင်းတိုက် (30 Jalan Eunos Singapore 419495) ၌ ၀၁.၀၃.၂၀၁၄ (စနေနေ့) မှစတင်ကာ အပတ်စဉ် စနေနေ့တိုင်း ပို့ချပေးခဲ့သော အဘိဓမ္မာပို့ချချက်များ ။

အခန်း (၁) စိတ်ပိုင်း

 

Abidhamma Citta

 

၁။ ၁-၃-၂၀၁၄ စိတ်ပိုင်း

၂။ ၈-၃-၂၀၁၄ စိတ်ပိုင်း

၃။ ၂၂-၃-၂၀၁၄ စိတ်ပိုင်း

၎။ ၅-၄-၂၀၁၄ စိတ်ပိုင်း

၅။ ၂၆-၄-၂၀၁၄ စိတ်ပိုင်း

၆။ ၃-၅-၂၀၁၄ စိတ်ပိုင်း

၇။ ၃၁-၅-၂၀၁၄ စိတ်ပိုင်း

၈။ ၇-၆-၂၀၁၄ စိတ်ပိုင်း

၉။ ၁၄-၆-၂၀၁၄ စိတ်ပိုင်း

၁၀။ ၂၁-၆-၂၀၁၄ စိတ်ပိုင်း

၁၁။ ၂၈-၆-၂၀၁၄ စိတ်ပိုင်း

၁၂။ ၅-၇-၂၀၁၄ စိတ်ပိုင်း

၁၃။ ၁၂-၇-၂၀၁၄ စိတ်ပိုင်း

၁၄။ ၁၉-၇-၂၀၁၄ စိတ်ပိုင်း

၁၅။ ၂၆-၇-၂၀၁၄ စိတ်ပိုင်း

 

 

 

အခန်း (၂) စေတသိက်ပိုင်း
Abidhamma Cetasika
 

 

၁။ ၂-၈-၂၀၁၄ စေတသိက်ပိုင်း

၂။ ၉-၈-၂၀၁၄ စေတသိက်ပိုင်း

၃။ ၁၆-၈-၂၀၁၄ စေတသိက်ပိုင်း

၎။ ၂၃-၈-၂၀၁၄ စေတသိက်ပိုင်း

၅။ ၃၀-၈-၂၀၁၄ စေတသိက်ပိုင်း

၆။ ၆-၉-၂၀၁၄ စေတသိက်ပိုင်း

၇။ ၁၃-၉-၂၀၁၄ စေတသိက်ပိုင်း

၈။ ၂၀-၉-၂၀၁၄ စေတသိက်ပိုင်း

၉။ ၂၇-၉-၂၀၁၄ စေတသိက်ပိုင်း

၁၀။ ၄-၁၀-၂၀၁၄ စေတသိက်ပိုင်း

၁၁။ ၁၁-၁၀-၂၀၁၄ စေတသိက်ပိုင်း

 



အခန်း (၃) ပကိဏ်းပိုင်း
Abidhamma Pakein

 

 

၁။ ၁၈-၁၀-၂၀၁၄ ပကိဏ်းပိုင်း

၂။ ၂၅-၁၀-၂၀၁၄ ပကိဏ်းပိုင်း

၃။ ၁-၁၁-၂၀၁၄ ပကိဏ်းပိုင်း

၎။ ၈-၁၁-၂၀၁၄ ပကိဏ်းပိုင်း

၅။ ၁၅-၁၁-၂၀၁၄ ပကိဏ်းပိုင်း

 

 

 

အခန်း (၄) ဝီထိပိုင်း
Abidhamma Vithi

 

၁။ ၁၀-၁-၂၀၁၅ ဝီထိပိုင်း

၂။ ၁၇-၁-၂၀၁၅ ဝီထိပိုင်း

၃။ ၂၄-၁-၂၀၁၅ ဝီထိပိုင်း

၎။ ၃၁-၁-၂၀၁၅ ဝီထိပိုင်း

၅။ ၇-၂-၂၀၁၅ ဝီထိပိုင်း

၆။ ၁၄-၂-၂၀၁၅ ဝီထိပိုင်း

၇။ ၂၈-၂-၂၀၁၅ ဝီထိပိုင်း

၈။ ၇-၃-၂၀၁၅ ဝီထိပိုင်း

၉။ ၁၄-၃-၂၀၁၅ ဝီထိပိုင်း

၁၀။ ၂၁-၃-၂၀၁၅ ဝီထိပိုင်း

 

 

 

အခန်း (၅) ဝီထိမုတ်ပိုင်း
Abidhamma Vithimutta

 

၁။ ၂၈-၃-၂၀၁၅ ဝီထိမုတ်ပိုင်း

၂။ ၄-၄-၂၀၁၅ ဝီထိမုတ်ပိုင်း

၃။ ၁၁-၄-၂၀၁၅ ဝီထိမုတ်ပိုင်း

၎။ ၂၅-၄-၂၀၁၅ ဝီထိမုတ်ပိုင်း

၅။ ၂-၅-၂၀၁၅ ဝီထိမုတ်ပိုင်း

၆။ ၉-၅-၂၀၁၅ ဝီထိမုတ်ပိုင်း

၇။ ၁၆-၅-၂၀၁၅ ဝီထိမုတ်ပိုင်း

၈။ ၆-၆-၂၀၁၅ ဝီထိမုတ်ပိုင်း

 

 

 

အခန်း (၆) ရုပ်ပိုင်း
Abidhamma Rupa

 

၁။ ၁၃-၆-၂၀၁၅ ရုပ်ပိုင်း

၂။ ၂၀-၆-၂၀၁၅ ရုပ်ပိုင်း

၃။ ၂၇-၆-၂၀၁၅ ရုပ်ပိုင်း

၎။ ၄-၇-၂၀၁၅ ရုပ်ပိုင်း

၅။ ၁၁-၇-၂၀၁၅ ရုပ်ပိုင်း

၆။ ၂၅-၇-၂၀၁၅ ရုပ်ပိုင်း

၇။ ၁-၈-၂၀၁၅ ရုပ်ပိုင်း

၈။ ၈-၈-၂၀၁၅ ရုပ်ပိုင်း

 

 

အခန်း (၇) သမုစ္စည်းပိုင်း
Abidhamma Samuccaya

 

၁။ ၁၅-၈-၂၀၁၅ သမုစ္စည်းပိုင်း