SayaDaw U Latkana
စစ်ကိုင်းတိုင်း-စစ်ကိုင်းခရိုင်-စစ်ကိုင်းတောင်ရိုး ကျစွာချောင်ဆရာတော်
သာသနဓဇ သိရီပဝရဓမ္မာစရိယ
သာသနဓဇဓမ္မစရိယ ဒီဃနိကာယပါဠိပါရဂူ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
အဂ္ဂမဟာကမ္မဠာနာစရိယ
ဆရာတော်ဦးလက္ခဏ
ဟောကြားတော်မူသောတရားတော်များ
http://www.sayadawulakkhana.com/
http://blog.sayadawulakkhana.com/
***********************************
:: ထေရုပ္ပတ္တိအကျဉ်းချုပ် ::.
***********************************
ဘွဲ့အမည် ။ ။ အရှင်လက္ခဏ
မွေးသက္ကရာဇ် ။ ။ မြန်မာနှစ် ၁၂၉၇ ခု၊ ဦးတန်ခူးလဆန်း( ၁၅) ရက်၊
အင်္ဂလိပ်နှစ် ၁၉၃၅ ခု၊ ဧပြီလ (၁၇) ရက်၊ ဗုဒ္ဓဟူးနေ့။
အဖ၊အမိအမည် ။ ။ ဦးသာထယ်၊ ဒေါ်ဖွားစော (၂ -ဦးလုံးကွယ်လွန်)
မွေးရပ်ဇာတိ ။ ။ ရွာသစ်ရပ်၊ ကတောကျေးရွာ၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်း။
ရှင်သာမဏေဖြစ်ခြင်း ။ ။ မြန်မာနှစ် ၁၃၀၉ ခု၊ အင်္ဂလိပ်နှစ်၊ ၁၉၄၇ ခု။
ဥပဇ္ဈယ်ဆရာ ။ ။ ဘဒ္ဒန္တ ဦးဥတ္တရ၊ ဒက္ခိဏာရာမကျောင်းတိုက်? ကတောကျေးရွာ၊ မြင်းခြံခရိုင်၊
မန္တလေးတိုင်း။
ရဟန်းဖြစ်ခြင်း ။ ။ ၁၃၁၆ ခု ပထမဝါဆိုလဆန်း (၄) ရက်၊ ၁၉၅၄ ခု၊ ဇွန်လ။
ဥပဇ္ဈယ်ဆရာ ။ ။ ဘဒ္ဒန္တ ဦးဝါသန၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ ၆၈ လမ်း၊
ပတ်ကုန်းပျော်ဘွယ်ရပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ပစ္စည်းလေးပါးဒါယကာ ။ ။ ဒေါ်သော်တူမ ဒေါ်ထွေး၊ ရွာသစ်ရပ်၊ ကတောရွာ၊ မြင်းခြံခရိုင်၊
မန္တလေးတိုင်း။
အောင်မြင်ခဲ့သောစာမေးပွဲများ ။ ။ နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ နှင့်
ပါဠိဓမ္မာစရိယ စာမေးပွဲများ၌ ပထမငယ်၊ ပထမလတ်၊ ပထမကြီးနှင့် စာချတန်း၊
သာသနဓဇသိရီပဝရဓမ္မာစရိယနှင့် သာသနဓဇဓမ္မာ စရိယဒီဃနိကာယပါဠိပါရဂူ၊
စာလိုက်ခဲ့သော ဆရာတော်နှင့်ကျောင်းတိုက်များ ။ ။ မြင်းခြံခရိုင်၊ ကတောကျေးရွာ၊
ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးဥတ္တရ။ စစ်ကိုင်းတောင်ရိုး၊
ရတနာ့မာန်အောင်ချောင်၊ ဆရာတော် ဘဒ္ဒန္တ ဦးဝါသနနှင့် ဆရာတော်ဦးဝိစာရိန္ဒာဘိဝံသ။
ဇေယျသိမ်ပါဠိတက္ကသိုလ်ဆရာတော်ဘဒ္ဒန္တအရှင်ပညိန္ဒာဘိဝံသနှင့်
ဆရာတော် ဘဒ္ဒန္တ ဦးအဂ္ဂဝံသာဘိဝံသ(ယခု မန္တလေးပေါက်မြိုင်ဆရာတော်)။
ပါဠိကာရီသုံးခွဆရာတော်ဘဒ္ဒန္တ ဦးဝရသာမီဘိဝံသ။ ပဠာန်းသိပ္ပံဆရာတော်ဘဒ္ဒန္တ
ဦးဣန္ဒက(အဂ္ဂမဟာပဏ္ဏိတ)။ မန္တလေးမြို့၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုဆရာတော်
ဘဒ္ဒန္တအဂ္ဃိယ (အဂ္ဂမဟာပဏ္ဏိတ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ
သဒ္ဓမ္မဇောတိက၊ နဒ္ဒသမရွှေကျင်သာသနာပိုင်)။
မဟာဝိသုဒ္ဓါရုံတိုက်သစ်၊သံတော်ဆင့်ကျောင်းဆရာတော်ဘဒ္ဒန္တဦးဝါသဝါဘိဝံသ(ရန်ကုန်-ဗဟန်းဝိသုဒ္ဓါရုံရွှေကျင်ကျောင်းဆရာတော်)။
မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မင်္ဂလဗိမာန်ဆရာတော်ဘဒ္ဒန္တဦးပညာသိရီဘိဝံသ။ မန္တလေးမြို့၊
မစိုးရိမ်ကျောင်းတိုက်
အာဂမနယူပဒေသကျောင်းဆရာတော်ဘဒ္ဒန္တဦး�ဏောဘာသ။ မိုးကောင်းကျောင်းတိုက်၊
ဒေးဝန်းအုပ်ကျောင်းဆရာတော်ဘဒ္ဒန္တဦးဇောတိက
(အဘိဓဇမဟာရဌဂုရု)။
မိုးကောင်းကျောင်းတိုက်၊ညောင်ရမ်းကျောင်းဆရာတော်ဘဒ္ဒန္တဦးသဇ္ဇနာဘိဝံသ
(အဘိဓဇမဟာရဌဂုရု-စစ်ကိုင်းသဇ္ဇနာဆရာတော်)။
မန္တလေးမြို့၊ဘုရားကြီးကျောင်းတိုက်၊ ပေတောအုပ်ကျောင်းဆရာတော် ဘဒ္ဒန္တဦးသီလဝံသ။
စစ်ကိုင်းတောင်ရိုး၊ကျစွာချောင်ဆရာတော်ဘုရားကြီးဘဒ္ဒန္တဦးဝိရိယဆရာ
တော် တို့ဖြစ်သည်။
ရရှိသောဘွဲ့တော်များ ။ ။ သာသနဓဇ သိရီပဝရဓမ္မာစရိယ သာသနဓဇဓမ္မစရိယ ဒီဃနိကာယပါဠိပါရဂူ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဠာနာစရိယ
သာသနာရေးဆောင်ရွက်ချက်များ။ ။ မြို့နယ် ဝိနိစ္စယနှင့် တိုင်းဝိနိစ္စယ။
နိူင်ငံတော်သံဃာ့မဟာနာယက ဝိနည်းဓိုရ်သင်တန်း၌ တက်ရောက်ခဲ့ခြင်း။
ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းများြွကရောက်ပို့ချခဲ့ခြင်း။
မန္တလေးမဟာဝိဇိတာရုံကျောင်းတိုက်၊ ကျစွာချောင်မဟာဝိဇယရံသီစာသင်တိုက်တို့၌ စာပေများ
ပို့ချခဲ့ခြင်း။
စစ်ကိုင်းတောင်ရိုး၊ ကျစွာချောင် မဟာအတုလရံသီကမ္မဠာန်းဌာန၊ စစ်ကိုင်းတိုင်း၊
မန္တလေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့၌
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်များနှင့် ထိုင်း၊ စင်္ကာပူ၊
မလေးရှား၊ နီပေါ၊ ဩစတေးလျ၊ ဥရောပ နိူင်ငံတို့၌
လက်တွေ့သတိပဌာန်တရားတော်များဟောကြားတော်မူလျက်ရှိပါသည်။
ယခုအခါ စစ်ကိုင်းတောင်ရိုး၊ ကျစွာချောင်၊ မဟာဝိဇယရံသီစာသင်တိုက်၊
မဟာအတုလရံသီဓမ္မရိပ်သာ၊ရှမ်းပြည်နယ် လွိုင်လင်မြို့ ကန်ဦးတောရကျောင်းတိုက်၊
ရန်ကုန်မြို့ သိရီလက္ခဏာရာမဒဂုံသာသနာ့ရိပ်သာ၊ မြင်းခြံခရိုင် ကတောရွာ ဒက္ခိဏာရာမ
ကျောင်းတိုက်တို့၌ ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန်အရပ်ရပ်တို့ကို
ထမ်းဆောင်လျက်ရှိပါသည်။
လူမှုရေးဆောင်ရွက်ချက်။ ။ မြင်းခြံခရိုင် ကတောကျေးရွာ၊
စစ်ကိုင်းတိုင်းဝါပျက်ကျေးရွာနိူင်ငံတော်အစိုးရအခြေခံမူလတန်း ကျောင်းတို့၌
ကျောင်းသူကျောင်းသားများအား ကျောင်းဆောင်များနှင့်တကွ မြေနေရာတို့ကို လှူဒါန်း၍
ကျောင်းစရိတ်များ၊ ကျောင်းသားဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များအပြည့်အစုံ
ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
စစ်ကိုင်းမင်းကွန်းသွားကားလမ်းကိုလည်း ဧရာဝင်္တီကမ်းနားတလျှောက်မှ ဖောက်လုပ်ရန်
ကတ္တရာခင်းလမ်းအထိ (သရက်ပင်ဆိပ်မှ ဝါးချက်ရွာဆုံးသည်အထိ) ခင်းကျင်းပေးခဲ့ပါသည်။
စစ်ကိုင်းတောင်ရိုး ဝါးချက်ဇီဝိတဒါန သံဃာ့ဆေးရုံကြီးကို ဆောက်လုပ်တည်ထောင်၍
စစ်ကိုင်းမင်းကွန်းနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းသာမဏေ၊ သီလရှင်တို့အားအခမဲ့၊
လူဝတ်ကြောင်လူနာများအားသက်သာသော ကုသမှု နှုန်းထားများဖြင့်
ပြည်တွင်းပြည်ပဆရာဝန်ကြီးများနှင့် ကုသပေးလျက်ရှိပါသည်။
********************************
Dhamma Talk Video