Mr. Satya Narayan Goenka        

                                                                                                                      

ဆရာကြီး ဦးဂိုရင်ဂါ

 

 

 

Vipassana Singapore စင်္ကာပူဝိပဿနာတရားရိပ်သာ

 

မြန်မာ-အင်္ဂလိပ် ၂ ဘာသာဖြင့့်် ပို့ချပေးမည့့်် ၁၀ရက် ဝိပဿနာ တရားစခန်း

 

မြန်မာပြည်မှ လယ်တီဆရာတော်ဘုရားကြီးနှင့် အနာဂါမ်ဆရာသက်ကြီးတို့၏ နည်းနာနိဿယခံယူခဲ့သော ဆရာကြီးဦးဘခင်၏
နည်းစံနစ်အတိုင်း ဆရာကြီးဦးဂိုအင်ကာ သင်ကြားပို့ချပေးသည့် ၁၀ရက် ဝိပဿနာ တရားစခန်းကို စင်္ကာပူနိုင်ငံ၊ St. John's Island တွင် ၂၀၁၀ခုနှစ် စက်တင်ဘာလ ၁၅ရက် နေ့မှ ၂၆ရက် နေ့ထိ ကျင်းပပါမည်။ ဆရာကြီးဦးဂိုအင်ကာ၏ မြန်မာ လက်ထောက်ဆရာများ ကိုယ်တိုင် ကြီးကြပ် ညွှန်ကြား ပြသပေးပါမည်။ တရားပတ်ဝင်လိုပါက လျှောက်လွှာများကို စာတိုက်မှ သော်လည်းကောင်း၊ E-mail ဖြင့်သော်လည်းကောင်း၊ Website မှ on-line သော်လည်းကောင်း၊ လျှောက်ထားနိုင်ပါသည်။
စုံစမ်းမေးမြန်းလိုပါက အောက်ပါယောဂီဟောင်းများထံ ဆက်သွယ်နိုင်ပါသည်။

 

 

Vipassana Singapore

Mail address: No.12A Cheow Keng Road

Singapore 429468

Telehone: (65) 9011 9432

Email: registration@sg.dhamma.org

Website: http://www.sg.dhamma.org

 

 

Singapore Contact Persons
စန်းစန္ဒာအောင်

(65) 9365 0954,

E-Mail: ma_june@yahoo.com

 Mobile: (65)9365 0954

 

ကြည်ဝမ်

(65) 9189 3834,

E-Mail:  kevinchou9@gmail.com

Mobile: (65)9189 3834

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

Burmese - English 10 Day Vipassana Meditation Course

 

10 day Vipassana Meditation course as taught by Mr S.N. Goenka in the tradition of Sayagyi U Ba Khin will be held at St. Johns Island from 15 September to 26 September 2010. The course will be conducted by Burmese Assistant Teachers of Mr S.N. Goenka. Those who wish to join the course may submit applications by post or e-mail or apply on-line from the website. For enquiries please contact the following old students.

 

 

 

Vipassana Singapore

Mail address: No.12A Cheow Keng Road

Singapore 429468

Telehone: (65) 9011 9432

Email: registration@sg.dhamma.org

Website: http://www.sg.dhamma.org

 

 

Singapore Contact Persons

Ma San Sanda Aung

(65) 9365 0954,

E-Mail: ma_june@yahoo.com

 Mobile: (65)9365 0954

 

Ko Kyi Wun

(65) 9189 3834,

E-Mail:  kevinchou9@gmail.com

Mobile: (65)9189 3834

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဆရာကြီးဦးဘခင် နည်းနိ၏ယအတိုင်း ဆရာကြီးဦးဂိုအင်ကာသင်ကြားပြသသည်၊

 

ဝိပဿနာတရားစခန်းများ၌ လိုက်နာရန်စည်းကမ်းချက်များ

 

Code of Discipline on Vipassana Courses as taught by S N Goenka in the tradition of Sayagyi U Ba Khin

 

 

ဝိပဿနာ ဘာဝနာ

 

ဝိပဿနာဘာဝနာဆိုသည်မှာ အတွင်းမနော၏ နက်နဲရာသို့ရောက်အောင် သွားလျက် မိမိကိုယ်ကိုလေ့လာခြင်းဖြင့် စိတ်နှလုံးစင်ကြယ်အောင် ပြုလုပ်သည့် နည်းဖြစ်သည်၊ သဘာဝအလျှောက် ဖြစ်နေသော အသက်ရှူမှုကို အစပြုှု ကိုယ်နှင့်စိတ်အလျင်၌ တစ်ခဏတာ ဖြစ်ပေါ်ပြောင်းလဲနေသည့် ဖြစ်မှုပျက်မှုများကို ဥပေက္ခာာသဘော။ ကြားနေသဘောဖြင့် ရှုမြင်သုံးသပ်လျှက် စိတ်နှလုံးကို စင်ကြယ်စေသည်၊ လူတစ်ဦး၏ မွန်မြတ်သည့် အရည်အချင်းကို ပွားများစေသည့်ဤ အလေ့အကျင့်သည် ယောဂီများအား မည်သည့်ဂိုဏ်းဂဏ။ ဘာသာတရား တို့ဖြင့်မျှ ချည်နှောင်ထားခြင်းမရှိပေ၊ ထိုကြောင့် ဝိပဿနာကျင့်စဉ်သည် အားလုံး အတွက်ဖြစ်သည်၊ အားလုံးက လက်ခံနိုင်သည့် တရားဖြစ်သည်၊ ကွဲပြား ခြားနားခြင်း မဖြစ်စေဘဲ အားလုံးအတွက် ညီတူညီမျှ ကောင်းကျိုးပြုသော တရားဖြစ်သည်၊

 

ဝိပဿနာတရားပွားများခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဦးပေါ်တစ်ဦး ဖြစ်ပွားတတ်ကြသော မလိုမုန်းထား ဒေါသတရားတို့မှ လွတ်ကင်းစေပြီး ကျဉ်း မြောင်းသော ဂိုဏ်းဂဏအစွဲ။ အမျိုးဇာတ်အစွဲ မာန်မာနအနှောင်အဖွဲ့များမှ ကျွတ်လွတ်စေ၍ အပြစ်ကင်းသော လူတစ်ယောက် ဖြစ်လာစေလျှက် မိမိ ကောင်းကျိုး သူတစ်ပါးကောင်းကျိုး အသိတရားတို့ဖြင့် ပြည့်ဝနေသည့် ဘ၀ မျိုးဖြစ်အောင် ပြုပြင်နေထိုင် သွားနိုင်စေရန်ဖြစ်သည်၊ ဝိပဿနာတရားသည် ရာဂ။ ဒေါသ။ မောဟတို့ဖြင့် ဖောက်ပြန်နေသောစိတ်ကို အညစ်အကြေးကင်းစင် အောင်လုပ်သည့် တရားဖြစ်သည်၊ နေ့စဉ် လူနေမှု ဘဝ၌ ကြုံတွေ့ရသော တင်းမာမှုများဖြင့် ထုံးဖွဲ့ထားသည့် စိတ်ကို အထုံးအဖွဲ့က လွတ်အောင် လက်တွေ့ လုပ်သည့် အလေ့အကျင့်ဖြစ်သည်၊ ဝိပဿနာတရားသည် စိတ်ပိုင်းဆိုင်ရာ အမြင့်မြတ်ဆုံး အလေ့အကျင့် ဖြစ်သည်၊ သို့ရာတွင် ကိုယ်ခန္ဓာ့ ဖြစ်ပေါ်နေသော ရောဂါအတော် များများမှာ စိတ်အပေါ်အခြေခံသောကြောင့် ယင်းရောဂါများ သည်လည်း စိတ်နှလုံးညစ်ကြေးမှု ကင်းစင်သွားခြင်း၏ အကျိုးဆက်အရ ပျောက်ကင်းသွား တတ်သည်၊ သို့သော် ယောဂီများသည် ရောဂါကုသရန် ရည်ရွယ်ချက်သက် သက်ဖြင့် တရားဝင်ရန် မသင့်လျော်ပါ၊ ရည်ရွယ်ချက်သည် စိတ်ကို ဖြူစင်သန့်စင်စေရန် အတွက်သာလျှင် ဖြစ်သင့်သည်၊

 

 စည်းကမ်းချက်များ
ဝိပဿနာပွားများနည်းကို သင်ကြားအားထုတ်ရန်အတွက် အမှန်အားဖြင့် (၁၀)ရက်မျှသော အချိန်ကာလသည် အလွန်တရာ နည်းလှသည်၊ ဆိတ်ငြိမ်ရာ့ အမြဲမပြတ် အလေ့အကျင့် ပြုလုပ်နေရန် အလွန်လိုအပ်သည့် အတွက် ဤစည်းကမ်းချက်များနှင့် အချိန်ဇယားကို သတ်မှတ်ထားရခြင်း ဖြစ်သည်၊ ထို့အပြင် ယောဂီပေါင်းများစွာ၏ အတွေ့အကြုံများအရ သိပ္ပံနည်းကျသော အချက်များကို အခြေခှုံ စီစဉ်ထားခြင်းပင်ဖြစ်သည်၊ အထူးသတိပြုရမည့်အချက်မှာ ယောဂီများသည် (၁၀) ရက်လုံးလုံး တရားစခန်း နေရာ၌သာလျှင် နေရမည်၊ ကြားထဲတွင် တရားစခန်းမှ ထွက်ခွာ မသွားရပါ၊ ယင်းစည်းကမ်းချက်အပြင် အခြားစည်းကမ်းများကိုလည်း သေချာ စွာဖတ်ကြည့်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း အလေး အနက်ထားှု လိုက်နာနိုင်မည်ဆိုမှသာလျှင် တရားစခန်းဝင်ရန် လျှောက်လွှာာ တင်သွင်းရပါမည်၊


သီလစောင့်ထိန်းခြင်း
တရားစခန်း အချိန်ကာလ အတွင်းတွင် ယောဂီအသစ်များသည် အောက်ပါ ငါးပါးသီလများကို မပျက်မကွက် စောင့်ထိန်းရပါမည်၊


(၁) သတ္တဝါတို့၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရန်

(၂) သူတပါး၏ ပစ္စည်းဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်ရန်

(၃) ကာမဂုဏ်အာရုံတို့၌ ခံစားကျင့်ကြံခြင်းမှ ရှောင်ကြဉ်ရန်

(၄) မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ရန်

(၅) မူးယစ်မေ့လျော့ စေတတ်သော အရက် သေစာ မူးယစ် ဆေးဝါး တို့ကို မှီဝဲခြင်းမှ ရှောင်ကြဉ်ရန်


ယောဂီဟောင်းများအနေဖြင့် ရှစ်ပါးသီလကို မပျက်မကွက် စောင့်ထိန်းရပါမည်၊
(၆) နေမွန်းလွဲသောအခါမှစှု နောက်တစ်နေ့အာရုဏ်မတက် မှီအတွင်း စားဖွယ်သောက်ဖွယ်များကို စားသောက်ခြင်းမှ ရှောင်ကြဉ်ရန်

(၇) တေးဂီတ သီဆို တီးမှုတ် ကြည့်ရှု နားထောင်ခြင်းမှ လည်းကောင်း။ ပန်းပန်ခြင်း။ အမွှေးနံ့သာ ရှုရှိုက် လိမ်းကျံခြင်း။ နံ့သာမှုန့် အရောင်တင်ဆီတို့ဖြင့် တင့်တယ်ပြေပြစ်အောင် ခြယ်သခြင်းမှ လည်းကောင်း။ ရှောင်ကြဉ်ရန်
(ဂ) မြင့်၍ ကောင်းမွန် ခမ်းနားသော အိပ်ယာနေရာတို့ နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ရန်

 

မှတ်ချက်၊   ၊ယောဂီများသည် ရောဂါဝေဒနာ တစ်ခုခုကြောင့် ညနေပိုင်းတွင် အစာအဟာရသုံးဆောင်ရန်လိုပါက ဆရာများထံမှ ခွင့်ပြုချက်ရယူနိုင်ပါသည်၊

 

မိမိကိုယ်ကိုအပ်နှံခြင်း

 

ယောဂီသည် တရားစခန်းအချိန်ကာလ အတွင်း့ ပြသသည့်ဝိပဿနာ ကျင့်ကြံအားထုတ်နည်း နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များ။ အချိန်ဇယား တို့ကို အတိအကျ လိုက်နာကျင့်သုံးပါမည် ဟု အခိုင်အမာ ဆုံးဖြတ်ထားပြီးလျှင် မိမိကိုယ်ကို သင်ကြားပြသသော ဆရာကြီးနှင့် ဆရာများ ထံ လုံးဝအပ်နှံထားရမည်၊ သို့မှသာလျှင် စိတ်မြဲမြံခိုင်မာစွာဖြင့် အလုပ်လုပ်၍ အထမြောက် အောင်မြင်မည် ဖြစ်သည်၊ အသိဉာဏ်နှင့်ယှဉ်သော သဒ္ဓါတရား ပေါ်ပေါက်လာပေလိမ့်မည်၊ ယင်းအချက်မှာ ယောဂီအတွက် လုံခြုံစိတ်ချစွာဖြင့် ဝိပဿနာကျင့်စဉ်ကို ကောင်းစွာ လိုက်နာ ကျင့်ကြံနိုင်ရန် အထူး လိုအပ်ချက် ဖြစ်ပါသည်၊


မြင့်မြတ်သောဆိတ်ဆိတ်နေခြင်း
တရားပတ်စသည့် အချိန်ကာလမှစှု ဆယ်ရက်မြောက်နေ့ နံနက် (၁၀)နာရီ ခန့်အထိ ယောဂီသည် လုံး၀ စကားမပြောဘဲ ကိုယ်နှုတ်နှစ်ပါးစလုံး ဆိတ်ဆိတ် နေခြင်းကို စောင့်ထိန်းရမည်၊ ကိုယ်အမူအယာဖြင့် ဖြစ်စေ။ စာဖြင့် ဖြစ်စေ။ တစ်ဦးနှင့် တစ်ဦး အဆက်အသွယ် ပြုလုပ်ခြင်းမှ လုံး၀ ရှောင်ကြဉ် ရမည်၊ အကြောင်းကိစ္စ ရှိပါက စီစဉ်အုပ်ချုပ်သူအားလည်းကောင်း။ ဝိပဿနာနည်းနှင့် ပတ်သက်၍ မေးမြန်းစရာရှိပါက ဆရာများအားလည်းကောင်း။ စကားပြောဆို မေးမြန်းနိုင်ခွင့်ရှိသည်၊ သို့ရာတွင် လိုအပ်သလောက်မျှသာ နည်းနိုင်သမျှနည်းနည်း စကားပြောရမည်၊ ဝိပဿနာ ဘာဝနာသည် ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံအားထုတ် ရမည့် တရားလမ်းစဉ်ဖြစ်သည်၊ ထို့ကြောင့် ယောဂီတိုင်း တဦးတယောက်တည်း ဧကစာရီ ကျင့်နေသည်ဟု အမှတ် ထားလျက် ဆိတ်ငြိမ်စွာ တရားအားထုတ်ဖို့ လိုအပ်ပါသည်၊

ဝတ်စားဆင်ယင်မှု


ကိုယ်ခန္ဓာနှင့် အဝတ်အစား သန့်ပြန့်စင်ကြယ်ရန် လိုအပ်သည်၊ ရိုးသား လုံခြုံသော အဝတ်အစားမျိုးကို ဝတ်ဆင်စေလိုပါသည်၊ အဖိုးတန် အဝတ်အစား။ လက်ဝတ်ရတနာများကို ဝတ်ဆင်ခြင်း မပြုစေလိုပါ၊


အမျိုးသားနှင့်အမျိုးသမီး တခြားစီနေရခြင်း


နေရာထိုင်ခင်း။ တရားထိုင်ချိန်။ အားလပ်ချိန်။ စားသောက်ချိန်များ၌ အမျိုးသားနှင့် အမျိုးသမီးများသည် သတ်မှတ်ပေးထားသော နေရာအတိုင်း တသီးတခြားနေကြရမည်၊


ပြင်ပနှင့်ဆက်သွယ်ခြင်း


တရားပတ်ကာလ အတွင်းတွင် ယောဂီများသည် မိမိတို့၏ ပြင်ပ ဆက်သွယ်မှု မှန်သမျှကို ဖြတ်တောက်ထားရမည်၊ တရားပရဝဏ် အတွင်း၌သာ နေရမည်၊ တယ်လီဖုန်းဖြင့်လည်းကောင်း။ စာဖြင့်လည်းကောင်း။ အဆက်အသွယ် မပြုလုပ်ရပါ၊ အရေးပေါ်ကိစဏရှိပါက ယောဂီ၏မိသားစု သို့မဟုတ် မိတ်ဆွေများအနေဖြင့် ရိပ်သာတာဝန်ခံထံသို့ ဆက်သွယ်အကြောင်းကြား နိုင်ပါသည်၊ မိမိ၏တယ်လီဖုန်း။ ကွန်ပြူတာများ အပ်နှံထားရပါမည်၊


ဘာသာရေးဆိုင်ရာ ဓလေ့ထုံးစံများနှင့် အခြားဘာဝနာနည်းများ


တရားစခန်း ကာလအတွင်း၌ ယောဂီများသည် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးစံများ ကိုလည်းကောင်း။ အခြား ကျင့်စဉ်နည်းများ နှင့် ရောနှောကျင့်ခြင်း ကိုလည်းကောင်း။ အခြားကျင့်စဉ် နည်းများအတိုင်း ကျင့်ခြင်းကိုလည်းကောင်း။ ဝတ်ပြုခြင်း။ ရွတ်ဖတ် သရဇ္ဈာယ်ပြုခြင်း။ ဆီးမီးပူဇော်ခြင်း။ ပုတီးစိပ်ခြင်း။ ဂါထာမနွျှာန် ရွတ်ဖတ်ခြင်း။ စသည်တို့ကိုလည်းကောင်း။ မပြုလုပ်ရပါ၊ ထို့အပြင် စိတ်ပုတီးများ။ လက်ဖွဲ့ကြိုးများ။ အဆောင်လက်ဖွဲ့များ စသည်တို့ကို တရားစခန်းသို့ ယူမလာရန် သတိပေးလိုပါသည်၊ အမှတ်တမဲ့ ယူလာမိပါက ထိုပစဏည်းများကို စီမံအုပ်ချုပ်သူထံ အပ်နှံထားရမည်၊ ဝိပဿနာကျင့်စဉ်နည်း နှင့် အခြားဘာဝနာ ပွားနည်းများတို့ကို ရောနှောခြင်းသည် ယောဂီအတွက် အကျိုးမဲ့ ဖြစ်စေနိုင်ပါသည်၊

စာရေးစာဖတ်ခြင်းနှင့်တိတ်ရကော်ဒါ။ ကင်မရာ


မည်သည့်စာအုပ် စာနယ်ဇင်းနှင့် ရေးမှတ်စရာများကိုမျှ ယူဆောင် မလာရပါ၊ တရားစခန်း ကာလအတွင်း၌ တရား (သို့) ဝိပဿနာနှင့် စပ်လျဉ်းသော စာအုပ်ကိုပင် မရေး မဖတ် ရပါ၊ ဝိပဿနာကျင့်စဉ်သည် လက်တွေ့ကျင့်ကြံ အားထုတ်ရသည့် ကျင့်စဉ်သာဖြစ်သည်၊ စာရေးခြင်း။ စာဖတ်ခြင်းအားဖြင့် ဝိပဿနာပွားများ အားထုတ်ရာ၌ အနှောင့်အယှက် ဖြစ်နိုင်သည်၊ ထို့ကြောင့် တရားပတ်အတွင်း၌ စာရေးမှတ်ခြင်း။ တိတ်ရကော်ဒါသွင်းခြင်း နှင့် ကင်မရာသုံးခြင်း တို့ကို ခွင့်မပြုပါ၊


ကျန်းမာရေးလေ့ကျင့်ခန်း


တရားပတ်ကာလ အတွင်းတွင် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ရန် ခွင့်ပြုပါသည်၊ သို့ရာတွင် ရိပ်သာအတွင်း၌ လေ့ကျင့်ခန်း ပြုလုပ်ရန် သီးသန့် ဆိတ်ကွယ်သော နေရာမျိုးမရှိပါ၊ ထို့ကြောင့် ယောဂီတို့သည် အနားယူချိန် များတွင် သတ်မှတ်ထားသည့် နေရာများမှာ လမ်းလျှောက်သည့် လေ့ကျင့်ခန်းကိုသာလျှင် ပြုလုပ်သင့်ပါသည်၊


မူးယစ်စေတတ်သော ပစဏည်း။ ဆေးလိပ်။ ဆေးဝါး


နိုင်ငံတော် ဥပဒေနှင့် အကျုံးဝင်သော ဘိန်း။ ဆေးခြောက် စသော မူးယစ်စေတတ်သည့် ပစဏည်းအမျိုးမျိုးကို ဆောင်ထားခြင်းသည် ပြစ်မှုဖြစ်သည်၊ တရားစခန်း အတွင်းသို့ ယင်းပစဏည်းဝတုများ သယ်ဆောင်လာခြင်းကို ပြင်းပြင်း ထန်ထန် တားမြစ်ပိတ်ပင်ထားသည်၊ တရားစခန်းအတွင်းတွင် ဆေးလိပ်သောက်ခြင်း။ ကွမ်းစားခြင်း။ မူးယစ်စေတတ်သည့် ပစ္စည်းများသုံးစွဲခြင်းတို့ကို ပြင်းပြင်းထန်ထန် တားမြစ် ထားသည်၊ အချို့ဆေးဝါးများမှာ ဝိပဿနာပွားများ အားထုတ်ခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်၍ မမှီဝဲသင့်ပေ၊ ကျမ်းမာရေးအရ ဆရာဝနညွှန်ကြားထားသော (နှလုံး ရောဂါ။ သွေးတိုးရောဂါ။ ဆီးချိုရောဂါ အစရှိသည့်) ဆေးဝါးများကို ယူဆောင် လာနိုင်ပါသည်၊ တရားပတ်အတွင်း သောက်သုံးနိုင်ရန် ဆေးကို အလုံအလောက်ယူခဲ့၍ ဆရာများထံမှ ခွင့်ပြုချက် တောင်းယူပါ၊

ဝိပဿနာဆရာနှင့်တွေ့ဆုံခြင်း


တရားကျင့်စဉ်နှင့် ပတ်သက်၍ ပြဿနာအခက်အခဲရှိပါက ဆရာများအား နေ့လည် (၁၂) နာရီနှင့် (၁) နာရီအကြားတွင် တစ်ယောက်ခြင်း တွေ့ဆုံမေးမြန်းနိုင်သည်၊ သို့ရာတွင် မိမိမေးမြန်းလိုသည့် မေခွန်းအားလုံးသည် ဝိပဿနာနည်းကို ရှင်းလင်း ပြတ်သားစွာ နားလည်လိုသည့် ဆန္ဒဖြင့် မေးသော မေးခွန်းမျိုး ဖြစ်ရမည်၊ အငြင်းအခုံ ပြုလုပ်ရန်။ စောဒကတက်ရန် အတွက် မေးသည့် မေးခွန်းမျိုး မဖြစ်စေရပါ၊ အချိန်ကန့်သတ်မှုရှိသည်ကို သတိပြုစေလိုသည်၊


အစားအစာ


ယောဂီတစ်ဦးခြင်း၏ စိတ်ကြိုက် အစားအသောက်ကို စီမံပေးရန် မဖြစ်နိုင်ပါ၊ ထို့ကြောင့် ရိပ်သာမှ စီမံပေးသော ရိုးရိုးသက်သတ်လွတ် အစားအစာ ဖြင့်သာ မျှတကြရန် ယောဂီများအား မေတ္တာရပ်ခံပါသည်၊ ကျန်းမာရေးအတွက် လိုအပ်သည် ရှိပါက စီမံအုပ်ချုပ်သူထံ ကြိုတင်၍ အကြောင်းကြားပါ၊ ပြင်ပမှ စားသောက်ဖွယ်များကို ရိပ်သာသို့ ယူဆောင်လာရန် လုံးဝခွင့်မပြုပါ၊


တရားစခန်း ကုန်ကျစရိတ်
ဝိပဿနာကဲ့သို့ အဖိုးမဖြတ်နိုင်သော ကျင့်စဉ်ကို အခမဲ့သာ သင်ကြား ပေးသင့်သည်၊ ဤကျင့်စဉ်ဖြင့် အကျိုးရှိ သွားကြသော ယောဂီများက ကျေးဇူး တင်သောစိတ်ဖြင့် လိုလိုလားလား လှူဒါန်းသော အလှူဒါနများ ဖြင့်သာ တရားစခန်း စရိတ်စကအတွက် သုံးစွဲပါသည်၊ ဤကျင့်စဉ်ဖြင့် ရွှင်လန်းချမ်းမြေ့မှု။ ငြိမ်းချမ်းမှု။ ရရှိသွားကြသူများသည် လူပေါင်းများစွာတို့ကို အကျိုးပြုသော ဤဓမ္မလုပ်ငန်းကြီး အချိန်ကာလ ကြာမြင့်စွာ တည်တံ့ခိုင်မြဲစေရန်နှင့် လူပေါင်းများစွာတို့အား မိမိနှင့် အလားတူ ရွှင်လန်းချမ်းမြေ့မှု။ ငြိမ်းချမ်းမှုမျိုး ရရှိစေရန် စေတနာမှန်ဖြင့် အလှူဒါန ပေးလှူကြသည်၊ တရားစခန်း အပြီးသတ်သော အခါ၌ ယောဂီတို့တွင်လည်း အလားတူ စိတ်စေတနာမျိုး ပေါ်ပေါက်လာပါက မိမိတို့၏ စေတနာ သဒ္ဓါတရား အလျှောက် အလှူဒါန ပေးလှူနိုင်ကြပါသည်၊ နာမည်ကြီးရန်။ ဂုဏ်ရှိရန်။ ထူးခြားသော အခွင့်အရေး ရရှိရန် ဟူသော ရည်ရွယ်ချက်ကို ဖယ်ရှားပြီး လူအများကောင်းကျိုး အတွက် စေတနာသန့်သန့်ဖြင့်သာ အလှူဒါန ပေးကြစေလိုပါသည်၊

အချိန်ဇယား


နံနက် ၄း၀၀ နာရီ        အိပ်ရာမှထရန်

နံနက် ၄း၃၀ - ၆း၃၀    ဓမ္မခန်းမတွင် (သို့မဟုတ်) မိမိအခန်းတွင် တရား ရှုမှတ် ပွားများ အားထုတ်ရန်
နံနက် ၆း၃၀ - ၈း၀၀    နံနက်စာ စားသုံးရန်

နံနက် ၈း၀၀ - ၉း၀၀    ဓမ္မခန်းမတွင် စုပေါင်း၍ တရား ရှုမှတ်ပွားများ အားထုတ်ရန်

နံနက် ၉း၀၀ - ၁၁း၀၀   ဆရာညွန်ကြားချက်အရ ဓမ္မခန်းမတွင် (သို့မဟုတ်) မိမိအခန်း တွင် တရား ရှုှုမှတ်ရန်

နံနက် ၁၁း၀၀ - မွန်းတည့် ၁၂း၀၀    နေ့လည်စာ စားသုံးရန်

မွန်းတည့် ၁၂း၀၀ - မွန်းလွဲ ၁း၀၀     အနားယူချိန် (သို့မဟုတ်) တရားပြဆရာနှင့်တွေ့ဆုံမေးမြန်း ရန်ရှိပါက မေးမြန်းရန်

မွန်းလွဲ ၁း၀၀ - မွန်းလွဲ ၂း၃၀   ဓမ္မခန်းမတွင် (သို့မဟုတ်) မိမိအခန်းတွင် တရား ရှုမှတ် ပွားများ အားထုတ်ရန်

မွန်းလွဲ ၂း၃၀ - ညနေ ၃း၃၀    ဓမ္မခန်းမတွင် စုပေါင်း၍ တရား ရှုမှတ်ပွားများ အားထုတ်ရန်

ညနေ ၃း၃၀ - ညနေ ၅း၀၀     ဆရာညွန်ကြားချက်အရ ဓမ္မခန်းမတွင် (သို့မဟုတ်) မိမိအခန်း တွင် တရား ရှုမှတ်ရန်

ညနေ ၅း၀၀ - ညနေ ၆း၀၀     လ္ဘက်ရည်။ အဖျော်ယမကာ သောက်သုံးချိန်

ညနေ ၆း၀၀ - ည ရး၀၀        ဓမ္မခန်းမတွင် စုပေါင်း၍ တရား ရှုမှတ်ပွားများ အားထုတ်ရန်

ည ရး၀၀ - ည ၈း၁၅     ဓမ္မခန်းမတွင် တရားနာကြားရန်

ည ၈း၁၅ - ည ၉း၀၀     ဓမ္မခန်းမတွင် တရား ရှုမှတ်ပွားများ အားထုတ်ရန်

ည ၉း၀၀ - ည ၉း၃၀     တရားပြဆရာနှင့် တွေ့ဆုံမေးမြန်း ရန်ရှိပါက မေးမြန်းရန်

ည ၉း၃၀ ည ၁၀း၀၀ နာရီ      မိမိအခန်းသို့ပြန်ှု အနားယူကြရန်

ည ၁၀း၀၀ နာရီ   မီးများ ပိတ်ကြရန်

 

(အထူး-စုပေါင်းတရားထိုင်ချိန်အတွင်းအပြင်ဘက်ထွက်မသွားရ)

အထက်ပါ အချိန်ဇယားနှင့် စည်းကမ်းချက်များသည် ယောဂီ၏ တရား ဘာဝနာ ပွားများအားထုတ်ခြင်း၌ အောင်မြင်မှုရရှိစေရန် အထောက်အကူ ဖြစ်စေ ပါလိမ့်မည်၊ တရားစခန်းကို စီမံအုပ်ချုပ်သူများသည် ယောဂီကိုအကူအညီပေးရန် အသင့်ရှိနေကြပါသည်၊ ယောဂီ၏ အောင်မြင်မှု။ ရွှင်လန်းချမ်းမြေ့မှု။ ငြိမ်းချမ်းမှု တို့ကို လိုလား တောင့်တနေကြပါသည်၊

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆရာကြီး ဦးဂိုရင်ဂါ

ဟောကြားသောတရားတော်များ (မြန်မာ ဘာသာပြန်)

 

                                                           

                    

 

Biography (download PDF)

 

Mr. Goenka is a teacher of Vipassana meditation in the tradition of the late Sayagyi U Ba Khin of Burma (Myanmar).


Although Indian by descent, Mr. Goenka was born and raised in Burma. While living in Burma he had the good fortune to come into contact with U Ba Khin, and to learn the Vipassana Technique from him. After receiving training from his teacher for fourteen years, Mr. Goenka settled in India and began teaching Vipassana in 1969. In a country still sharply divided by differences of caste and religion, the courses offered by Mr. Goenka have attracted thousands of people from every part of society. In addition, many people from countries around the world have come to join courses in Vipassana meditation.

Mr. Goenka has taught tens of thousands of people in more than 300 courses in India and in other countries, East and West. In 1982 he began to appoint assistant teachers to help him to meet the growing demand for courses. Meditation centers have been established under his guidance in India, the United States, Australia, New Zealand, France, the United Kingdom,
Japan, Sri Lanka, Thailand, Burma, Nepal and other countries.

The technique which S.N. Goenka teaches represents a tradition that is traced back to the Buddha. The Buddha never taught a sectarian religion; he taught Dhamma - the way to liberation - which is universal. In the same tradition, Mr. Goenka's approach is totally non-sectarian. For this reason, his teaching has a profound appeal to people of all backgrounds, of every religion and no religion, of every part of the world.

 

၁၀ ရက် တရားပတ် သင်တန်းမှ ည-တရားပြ ဟောပြောချက်များကို
မြန်မာ ဘာသာသို့ ပြန်ဆိုထားပါသည်။
 

 

၁။ ပထမနေ့

၂။ ဒုတိယနေ့

၃။ တတိယနေ့

၄။ စတုတ္ထနေ့

၅။ ပဉ္စမနေ့

၆။ ဆဋ္ဌမနေ့

၇။ သတ္တမနေ့

၈။ အဋ္ဌမနေ့

၉။ နဝမနေ့

၁၀။ ဒဿမနေ့

၁၁။ စခန်းသိမ်းနေ့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Mr Satya Narayan Goenka