တရားတော်နာ ဖိတ်ကြားလွှာ

ဓမ္မမိတ်ဆွေအပေါင်းတို့.

တရားနာခြင်းသည်ကြီးမြတ်သော မင်္ဂလာချမ်းသာတစ်ပါးဖြစ်ပါသောေြကာင့် အပတ်စဉ်တရားပွဲများ ဆင်ယင်ကျင်းပလေ့ရှိသော ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရ (Clementi Temple) ကျောင်းတော်မြတ်တွင် ယခုလာမည့် စနေနေ့ ညနေ (၇) နာရီ (၃၀) မိနစ်တွင် ဓမ္မသဘင် ဆင်ယင်ကျင်းပမည် ဖြစ်ပါ သောကြောင့် တရားတော်နာ ကြွရောက်ပါရန် ခင်မင်ရင်းနီးစွာ ဖိတ်ကြားအပ်ပါသည်။ 
 

ဓမ္မကထိကဆရာတော်   ရန်ကုန်မြို့အောင်မြေရတနာ ပရိယတ္တိစာသင်တိုက်မှ

ဘဒ္ဒန္ဒသိရိန္ဒ မထေရ်မြတ်(ဓမ္မစရိယစာချဆရာတော်)

တရားတော်အမည်  ပုဂ္ဂလသုတ္တန်ဒေသနာတော်

နေ့ရက်    (၈.၅.၂၀၁၀) စနေနေ့

အချိုန်    ညနေ ၇:၃၀ မှ ၉:၀၀ နာရီထိ

နေရာ    ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရကျောင်းတော်

               JAYAMANGALA BUDDHIST VIHARA (Clementi Temple)

            23A , Jalan Mas Puteh Along West Coast Road Singapore 128628, near Esso Stat

 

 

(တရားပွဲဖြစ်မြောက်ရေးကော်မတီ)

Ph; 6778 1678, 91220887

www.anantametta.org 
 

မှတ်ချက် ။    တရားတော်နာကြွရောက်လာသော ပါရမီရှင်များအား မြန်မာ့ရိုးရာ မုန့်တီဖြင့်ကျွေးမွေးပါမည်။

 

လောကမှာ ပုဂ္ဂိုလ် ၄ မျိုးရှိပါသည်  
 

(၁) အမှောင်ကလာ၊ အမှောင်ထဲမှာနေ၊ အမှားတွေလုပ် ၊ အမှောင် ထဲသို့ပြန်သွားမည့် ပုဂ္ဂိုလ်။

(၂) အမှောင်ကလာ၊ အမှောင်ထဲမှာနေ၊အမှန်တွေလုပ် ၊အလင်းထဲ ထဲသို့သွားမည့် ပုဂ္ဂိုလ်။

(၃) အလင်းကလာ၊ အလင်းထဲမှာနေ ၊ အမှားတွေလုပ် ၊ အမှောင် ထဲသို့သွားမည့် ပုဂ္ဂိုလ်။

(၄) အလင်းကလာ၊ အလင်းထဲမှာနေ၊အမှန်တွေလုပ် ၊အလင်းထဲ ထဲသို့ပြန်သွားမည့် ပုဂ္ဂိုလ်။ 
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

JAYAMANGALA BUDDHIST VIHARA