

တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
MyaSein Taung Sayadaw
Bhaddanta ZarNayYa
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊
လိမ္မော်ခြံကျေးရွာ
မြစိမ်းတောင်ဆရာတော် ဘဒ္ဒန္တ ဇာနေယျ
ဟောကြားတော်မူသောတရားတော်များ
MyaSein Taung Sayadaw's Biography
ပါရမီမြောက်တဲ့
အမြတ်စားကုသိုလ်ဖြစ်အောင် ပစ္စုပ္ပန်မှာ
‘အများအကျိုး’ ကို ဦးတည်ရမယ်။ သံသရာမှာ
‘ဗောဓိဥာဏ်’ အတွက်ဖြစ်ရမယ်။ ‘ကရုဏာ’ ရော၊ ‘ပညာ’
ရော ပါရမယ်။
‘ငါ’ ကောင်းစားရေးအတွက် ဦးတည်တာမျိုး မဖြစ်စေရဘူး။
‘ဒိဋ္ဌိ၊ တဏှာ’ ကိုပယ်ပြီးတော့ ‘သတိ၊ ပညာ’ ဦးစီးတဲ့
‘သဒ္ဓါ၊ ပညာ’ ဦးစီးတဲ့ ဒါန၊ သီလ၊ ဘာဝနာ
မျိုးဖြစ်ရမယ်။
မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
ဓမ္မမိတ်ဆွေများခင်ဗျား
စင်္ကာပူရှိ မြစိမ်းတောင်ဆရာတော်ဘုရားကြီးရဲ့ ယောဂီဟောင်းအများစုနဲ့ အတူ နိုင်ငံတကာရှိဓမ္မမိတ်ဆွေများ၏ ထက် သန် သော သဒ္ဓါတရား နှင့် ၀ိုင်းဝန်း ကူညီလှူဒါန်းမှုများဖြင့် တိုက်ကြီးမြို့ နယ် လိမ္မော်ခြံကျေးရွာ အရှေ့ ဘက် ရိုးမ တောထဲရှိ မြစိမ်းတောင်ရိပ်သာတွင် အမျိုးသမီး ယောဂီများ လုံခြုံအေးချမ်းစွာ နေထိုင်ရန်အလို့ ငှာ ယောဂီ၁၀၄ ဦး နေထိုင်နိုင်သော RC နှစ်ထပ်ဆောင်ကို တာဝန် ယူဆောက်လုပ်လှူဒါန်း ခဲ့ရာ ၂၀၁၂ ဇန်န၀ါရီလ ကပင် ပြီးစီးသွားပြီဖြစ်ပါသည်။
ယခုတဖန် သံဃာတော်များ အဆင်ပြေစွာ သတင်းသုံးနေထိုင်နိုင်ရန် သံဃာဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ဆက်လက်စီစဉ်လျှက်ရှိရာ မကြာခင် ဆောက်လုပ်ခြင်းကို စတင် မည်ဖြစ်ပါသည်။ ထိုအစီအစဉ် တွင် ၁၀ပေX ၁၂ပေ အကျယ်ရှိ အခန်းပေါင်း ၄၀ ပါဝင်မည် ဖြစ်ပါသည်။

မကြာမီဆောက်လုပ်မည့် သံဃာဆောင် အဆောက်အဦး (စိုးဆောက်လုပ်ရေးမှ ပေးပို့ ထားသော Proposed Design ဖြစ်ပါသည်။)
ဆောက်လုပ်မည့် သံဃာဆောင်အတွက် လှူဒါန်းနိုင်သည့်အရာများ
လှူဒါန်းနိုင်သည့်အရာများ စင်္ကာပူဒေါ်လာဖြင့် (မြန်မာငွေဖြင့်) အရေအတွက်
သံဃာများ သီတင်သုံးရန် အခန်း ၃၄၀၀ ၂၂ သိန်း ၄၀
ကုဋိ(ရေအိမ်) တခန်း ၉၃၀ ၆ သိန်း ၈
ရေချိုးခန်းတခန်း ၉၃၀ ၆ သိန်း ၈
စတီးရေတိုင်ကီတလုံး (1500L) ၉၉၀ ၆ သိန်းခွဲ ၎
စင်္ကြလမ်း (တခန်းစာ) ၇၈၀ ၅ သိန်း ၄၀
လှေခါးဆောင် ၃၈၅၀ ၂၅ သိန်း ၂
၁စတုရန်းပေ ၂၅ ၁၆၀၀၀ ၆၀၀ခန့် 
(၁၀ စတုရန်းပေနှင့်အထက်လှူဒါန်းသူများနှင့် အထက်ဖော်ပြပါလှူဒါန်းမှုများကို ကဗျည်းထိုးပေးပါမည်။)
ထိုသံဃာများ သီတင်းသုံးနေထိုင်ရန် အခန်းလှူဒါန်းလိုသူများနှင့် အထက်ပါဇယားတွင်ဖော်ပြထားသော လှူဒါန်းမှုအားလုံးကို သင့်တော်သည့် ငွေပမာဏဖြင့် အဆင်ပြေသလို သတ်မှတ်ကာ လစဉ်အရစ်ကျစနစ်ဖြင့်ဖြစ်စေ၊ သင့်တော်သလို အရစ်ကျခွဲ ၍ ဖြစ်စေ၊ ၃၁-၁၂-၂၀၁၃ နောက် ဆုံးထားပြီး ပေးချေခြင်းဖြင့် လှူဒါန်း နိုင်ကြပါသည်။ အထက်ပါ လှူဒါန်းဖွယ်ရာများအပြင် အခြားလိုအပ်သော အဆောက်အဦတခုလုံး၏ အထွေထွေ ကုန်ကျစရိတ်များ အတွက် သဒ္ဓါတရား နည်းများမဆို သင့်တော်သည့် ငွေပမာဏဖြင့် လည်းကောင်း အဆောက်အဦကုန်ကျစရိတ်ကို စတုရန်းတပေပတ်လျှင် စင်္ကာပူ၂၅ဒေါ်လာ နှုန်းဖြင့်လည်း ကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ကြပါသည်။ စင်္ကာပူဒေါ်လာ ၂၅၀(သို့ ) မြန်မာငွေ ကျပ်၁သိန်း၆သောင်း နှင့်အထက် အလှူရှင် များအား အများသာဓုခေါ်ဆိုနိုင်ရန် ကဗျည်းထိုးပေးပါမည်။ အရစ်ကျခွဲ၍လည်း လှူဒါန်းနိုင်ကြပါသည်။
ကုသိုလ်ယူပါဝင်လှူဒါန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များသို့  အချိန်မရွေး ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဇော်မိုးစံ + ၆၅-၉၁၇၁၄၃၅၀ zawmoesan@yahoo.com.sg
မကျော့ကျော့ခိုင် + ၆၅-၉၈၄၄၆၁၂၀ kyawtkk@gmail.com
လှူဒါန်းရန် POSB saving Account 024-47034-2
ပါဝင်လှူဒါန်းကြသော အလှူရှင်များစာရင်း အောက်ဘက်ရှိ Link တွင်ကြည့်ပြီး သာဓုခေါ်ဆိုနိုင်ကြပါသည်။
http://www.myaseintaung.net/building/SanghaBlgdonation.html
လှူဒါန်းလိုသူများ အောက်ဘက်ရှိ Link တွင် အသေးစတ်ကို ဖတ်ရှုနိုင်ပါသည်။
http://www.myaseintaung.net/building/SanghaBlg.html
*****************************************
Dhamma Talk eBooks
*****************************************
လွတ်မြောက်မှုချမ်းသာကိုရှာဖွေခြင်းနှင့်
အလုပ်ပေးတရားတော်များ