သဲအင်းဂူ ဝိပဿနာ
တိုက်ခွဲ အမှတ် (၃၂)
သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ
စက်ရုံရပ်ကွက်၊ အောင်လံမြို့။
ဖုန်း။ ၀၆၉-၂၁၈၄၂
၀၉-၅၃-၃၀၃၁၀
သောတာပတ္တိမဂ်ရှုူဖွယ်ကျမ်းပြုဆရာတော်
ကျေးဇးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး
အရှင် စန္ဒိမာ
**************************************************
အောင်လံမြို့၊ ပြည်မြို့နှင့်
မင်္ဂလာဒုံမြို့နယ်တို့ရှိ သဲအင်းဂး
ကမ္မဋ္ဌာန်းကျောင်းတိုက်များ၏ တိုင်အုပ် ကမ္မဋ္ဌာနာစရိယ
ဆရာတော်ဘုရားကြီး အရှင်စန္ဒီမာ၏
ကိုယ်ရေးရာဇဝင်အကျဉ်း
ဆရာတော်ကို ၁၃၁၄-ခုနှစ် ပဲခူးတိုင်း၊
သနပ်ပင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင်
ဖွားမြင်ခဲ့ပါသည်။ မွေးချင်း (၇)ယောက်အနက်
တတိယမြောက်ဖြစ်ပြီး ငယ်စဉ် ၄-၅နှစ် အရွယ်ကတည်းက
ညညဆို ဘုရားစင်မှာ သောက်တော်ရေ၊
ဖယောင်းတိုင်ထွန်းကာ ငုတ်တုတ်
တရားထိုင်လေ့ရှိပါသည်။ ထိုစဉ် လူကြီးများက စကြ၊
နောက်ကြခြင်းကို ခံခဲ့ရသည်။ ငယ်စဉ်ကထည်းက
ပါရမီထူးများ ရှိနေခဲ့သူ ဖြစ်သည်။
လောကီ ကျောင်းပညာကို ဓါတုဗေဒနှင့်
အောင်မြင်ခဲ့ပြီး၊ မိဘကို လုပ်ကျွေးရင်း
ဆရာတော်သည် သက်တော် ၂၃ နှစ် အရွယ်တွင် သံအင်းဂူ
ဆရာတော်ဘုရားကြီး၏ တပည့်ဆရာတော် ဦးသုဓမ္မကို
ဥပဇ္ဇျယ်ပြုကာ မြင့်မြတ်သော သာသနာတော်သို့
ဝင်ရောက်ခဲ့ပါသည်။
(၉)ရက် စခန်း နိဗ္ဗာန်လမ်း တရားကျင့်စဉ်