တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
Ashin Cekkalapa
ဆရာတော် ဦးစက္ကပါလ
အတ္ထု ပ္ပတ္တိအကျဉ်း
အရှင်စက္ကပါလကို ၁၉၈၀ - ခုနှစ်၊ မတ်လ (၁၁) ရက်၊ အင်္ဂါနေ့၌ စစ်ကိုင်းတိုင်း၊
မြင်းမူမြို့နယ်၊ လက်ပန်ရွှာနေ ဦးတင်အောင်+ဒေါ်ပြည့်တင် တို့မှ ဖွားမြင်ခဲ့သည်။
၁၉၉၂ - ခုနှစ်၊ အသက် (၁၂) အရွယ်တွင် ရှင်သာမဏေအဖြစ် သာသနာဘောင်သို့ ဝင်ရောက်ခဲ့ပြီး
ထိုနှစ်မှာပင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊မိုးကောင်းတိုက်သို့ ပညာသင်ရန်
ရောက်ရှိခဲ့သည်။
၂၀၀၀ - ခုနှစ် ဧပြီလ (၁၁) ရက်နေ့၌ မန္တလေးမြို့၊ ပုလင်းဝင်းရပ်နေ မဋ္ဌေးဋ္ဌေးဝင်း၊
မသန်းသန်းဝင်း၊ မောင်မျိုးဝင်း တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူလျက် စတုတ္ထမြောက်
ညောင်ရမ်းဆရာတော်ဘုရားကြီး ဦးပဏ္ဍိစ္စာဘိဝံသကို ဥပစ္ဈာယ်ပြုကာ မြင့်မြတ်သော
ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
၂၀၀၂ - ခုနှစ်၊ အသက် (၂၂) အရွယ်၌ သာသနာဓဇ အစိုးရဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
မန္တလေးမြို့၊ ဗန်းမော်မြို့နှင့် ရန်ကုန်မြို့တို့၌ ပရိယတ္တိစာပေများ
သင်ကြားပို့ချရင်း အင်္ဂလိပ်စာသင်ယူခဲ့သည်။
၂၀၀၈ - ခုနှစ်၊ အသက် (၂၈) နှစ်အရွယ်တွင်၌ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ M.A
(Buddhist Studies) ဘွဲ့ကို ရရှိခဲ့သည်။
သီရိလင်္ကာနိုင်ငံ၌ နေထိုင်စဉ်အတွင်း မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့
အတွင်းရေးမှူးအဖြစ် သုံးနှစ်၊ မကုဋာရာမ မြန်မာကျောင်းနာယက အဖြစ် တစ်နှစ်၊
လင်္ကာတမန်မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ - ခုနှစ် အစပိုင်းတွင် မြန်မာနိုင်ငံ၌ ဓမ္မစကူးလ်ဖောင်ဒေးရှင်းအဖွဲ့ကြီး
စတင်တည်ထောင်ရာ၌ ဦးဆောင်သူတစ်ဦး အဖြစ် တက်ကြွစွာ ပါဝင်ခဲ့သည်။
၂၀၁၂ - နှစ်မှစ၍ ယနေ့ အချိန်အထိ စင်္ကာပူနိုင်ငံ၊ မင်္ဂလဝိဟာရကျောင်း၌ နေထိုင်လျက်
စင်္ကာပူလူမျိုးများအား သုတ္တန်နှင့် အဘိဓမ္မာသင်တန်းများ ပို့ချခြင်း၊
မြန်မာလူမျိုးတို့အား အဘိဓမ္မာသင်တန်းများ ပို့ချခြင်းဖြင့် သာသနာပြုလျက်ရှိပါသည်။
Video
အဘိဓမ္မာ (ရိုးရိုး) ပထမအဆင့် ၂၀၁၈ သင်တန်း
စိတ်ပိုင်း
စေတသိက်ပိုင်း
ပကိဏ်းပိုင်း